ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - နအဖထုတ်ပြန်သည့်ဥပဒေကို ဒေါ်အောင်ဆန်းစုကြည် ဝေဖန် သွေးလှူဘဏ်သစ်ဖွင့်ပွဲ အလှူရှင် ထိုင်းဘုရင့်သမီးတော် တက်ရောက်မည် အန်အယ်လ်ဒီ ပါတီရုံးခွဲများ ပြန်ဖွင့်ခွင့်ရ စစ်တပ်ကြောင့် နေရပ်စွန့်ခွာလာသူ (၂၀၀) ခန့်ရှိ ဖွဲ့စည်းပုံမပြင်လျှင် ပါတီမထောင်၊ ရွေးကောက်ပွဲမ၀င်ဟု တိုင်းရင်းသားပါတီများ ပြောကြား ရွေးကောက်ပွဲကော်မရှင် အမည်စာရင်းကြေညာ (၃) လအတွင်း ဂက်စ်ဈေး (၄ဝ) ရာခိုင်နှုန်းတက် နအဖထုတ်ပြန်ခဲ့သည့် ဥပဒေ (၂) ရပ်အပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းများ၏ သဘောထားများ (တွေ့ဆုံမေးမြန်းခန်း) စည်းကမ်းရှိတဲ့ လွှတ်တော်ကြီးကို မြင်ယောင်ခြင်း(ဆောင်းပါး)
 


quote
 

 

 

မော်လမြိုင်ဈေးသစ် မပြီးသေး၍
ဈေးသည်များ ရောင်းချမှုကျဆင်း

NEJ / ၃ ဇူလိုင် ၂၀၀၉
line

 

မော်လမြိုင်မြို့ဈေးကြီး မီးလောင်ပြီးနောက် ဈေးပတ်လည် လမ်းမဘေးများ၌ ရောင်းချနေသော ဈေးဆိုင်များသည် အခက်အခဲ အမျိုးမျိုးကြောင့် ထက်ဝက်ကျော် လျော့ကျသွားကြောင်း သိရသည်။

အောက်ဈေး (ခေါ်) အမှတ် (၁) ဈေးကြီးသည် ၂၀၀၈ ခု ဒီဇင်ဘာလ၌ ဈေးကြီးတခုလုံး မီးလောင်ပြာကျသွားကာ ဆိုင်ခန်းပေါင်း (၁) ထောင်ကျော် ပျက်စီးဆုံးရှုံးခဲ့သောကြောင့် ပြန်လည်ဆောက်လုပ်နေဆဲဖြစ်သည်။

ကမ်းနားလမ်းဘေးတွင် ရောင်းချနေသော ယာယီဆိုင်ခန်းများသည် မိုးတွင်းကာလ လေဒဏ်၊ မိုးဒဏ်အကြားတွင် တိုင်နှင့်အမိုးအကာများဖြင့်သာ ရောင်းချနေရပြီး ပစ္စည်းများအတွက် ညပိုင်းတွင် လုံခြုံမှု မရှိကြ၍ ယခုကဲ့သို့ ဈေးရောင်းချမှု ရပ်နားသူများနေကြောင်း မော်လမြိုင်မြို့ခံ ဆိုင်ပိုင်ရှင်တဦးက ပြောသည်။

“ကမ်းနားလမ်းမှာ ဖြစ်တဲ့အတွက် မိုးကာရတာနဲ့၊ လေကာရတာနဲ့ပဲ အလုပ်ရှုပ်နေရတယ်။ မိုးတွင်းအချိန် လမ်းကလည်း ကျဉ်းကျဉ်းလေး ဖြစ်နေပြီ။ ပစ္စည်းတွေနဲ့ ပြည့်နေတယ်။ ရွှံ့ဗွက်တွေနဲ့ ပစ္စည်းသယ်ဖို့၊ ပို့ဖို့ လုံးဝ မလွယ်ဘူး။ ပြီးတော့ ညအချိန်ဆိုရင်လည်း သေတ္တာထဲ အခန်းထဲမှာ အသေအချာ သော့ခတ်ပြီး ထားခဲ့ရတာ မဟုတ်ဘူး။ ပစ္စည်းပျောက်တာတို့လည်း ရှိတယ်။ အဲဒါကြောင့် နားလိုက်တာ” ဟု ၎င်းက ပြောသည်။

ဧရာဟင်္သာကုမ္ပဏီက ပြီးခဲ့သည့်မတ်လမှစ၍ အသစ်တည်ဆောက်နေသော ဆိုင်ခန်းပေါင်း (၁,၄၀၀) ရှိသည့် အမှတ်(၁) ခေတ်မီ နှစ်ထပ်ဈေးကြီး အချောသတ်ပြီးစီးရန် (၂) နှစ် ကြာမြင့်မည်ဟု မြို့တော်စည်ပင်က ပြောကြားနေသော်လည်း နောက်နှစ်ပွင့်လင်း ရာသီတွင် စတင်ရောင်းချနိုင်ရန် စီစဉ်နေသည်ဟု ဆိုင်ရှင်များက ပြောသည်။

ဆိုင်ရှင်တဦးက “အခု (၂၅) ရာခိုင်နှုန်း ပြီးနေပြီလို့ စည်ပင်က ပြောတယ်။ အုတ်မြစ်ချတဲ့အပိုင်း ပြီးတာပေါ့။ (၆၀) ရာခိုင်နှုန်း လောက်ပြီးရင် ဒုတိယအရစ် ငွေထပ်သွင်းရမယ်တဲ့။ ပထမအရစ်က (၁၅) သိန်း ပေးထားပြီးပြီ။ ကျမတို့က မြန်မြန် ပြီးစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခု မိုးတွင်းမှာ လေကြမ်းတိုက်တာနဲ့၊ ကုန်ပစ္စည်းရေစိုတာနဲ့ ဘာမှမကျန်ပါဘူး။ အခု ရောင်းနေတဲ့နေရာက အတည်တကျ ချပေးထားတဲ့နေရာလည်း မဟုတ်ဘူးလေ” ဟု ပြောသည်။

မော်လမြိုင်မြို့ မြို့တော်စည်ပင်သာယာရေး ကော်မတီဦးက “မိုးတွင်းကာလဖြစ်လို့ ဈေးရောင်းတာလည်း မကောင်းကြဘူး၊ ဒါကြောင့် ဆိုင်တဝက်လောက်က နားလိုက်ပြီ။ အစပိုင်းကတော့ ဒီယာယီဆိုင်ခန်းတွေ (၂၀၀) နီးပါးရှိတယ်။ အခု (၁၀၀) တောင် မပြည့်တော့ဘူး” ဟု ပြောသည်။
 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo