ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - တိုက်ပြိုပြီး အချိန်မီမကယ်နိုင်၍ ဆယ်တန်းဖြေကျောင်းသူ သေဆုံး ကြားဖြတ်အစိုးရဖွဲ့ရန် အမ်ပီယူ တောင်းဆို ရွေးကောက်ပွဲဥပဒေထုတ်ပြီး ရန်ကုန်လုံခြုံရေးတိုးမြှင့် ကင်တားနား၏ မတ်လအစီရင်ခံစာ ဟတ်ကြီးရေကာတာ တည်ဆောက်မှု ရပ်တန့်ရေး ထိုင်း-မြန်မာဒေသခံများ ဆန္ဒပြ ပါတီနိုင်ငံရေးကိစ္စ အဆုံးဖြတ်ပေးရန် လာမည့် (၂၉) ရက်တွင် အန်အယ်လ်ဒီ ဆွေးနွေးမည် အင်္ကျီနီဝတ်များ၏ တောင်းဆိုမှုကို ထိုင်းအစိုးရ ငြင်းပယ် နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၁) (ဆောင်းပါး)
 


quote
 

 

 

ပျဉ်ဘိုးကြီးကျေးရွာအုပ်စုရှိ မူလတန်းကျောင်းအချို့
ပြန်လည်တည်ဆောက်နိုင်ခြင်းမရှိသေး

NEJ / ၂ ဇူလိုင် ၂၀၀၉
line

 

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ပျဉ်ဘိုးကြီးကျေးရွာအုပ်စု၊ ကျေးရွာ (၅) ရွာရှိ အခြေခံပညာမူလတန်းကျောင်း (၄) ကျောင်းမှာ နာဂစ်မုန်တိုင်းဒဏ်ကြောင့် လဲပြိုပျက်စီးသွားခဲ့ရာ ယခုနှစ်ကျောင်းဖွင့်ချိန်၌ ကပ်ဗလာချောင်းကျေးရွာ မူလတန်းကျောင်း (၁) ကျောင်းသာ ပြန်လည်တည်ဆောက်ပြီးစီးခဲ့ကာ ကျန် (၃) ကျောင်း ဆောက်လုပ်ရန် ကူညီပံ့ပိုးမည့် အသင်းအဖွဲ့မရှိ ဖြစ်နေ ကြောင်း သိရသည်။

အဆိုပါ ကျောင်းဆောင်တို့သည် (UNDP) ၏ အထောက်အပံ့ဖြင့် တည်ဆောက်ထားသော တိုက်ခံ၊ သွပ်မိုး၊ အဆောက်အအုံ များဖြစ်ပြီး နာဂစ်မုန်တိုင်းဒဏ်ကြောင့် လုံးဝပျက်စီးလဲပြိုခဲ့ရသည်။ ယခုအခါ ဒေသခံမူလတန်းကျောင်းသားများသည် ဘုန်းတော်ကြီးကျောင်းများ၊ ရပ်ကွက်အေးချမ်းဖြိုးရုံးများ၏ ယာယီကျောင်းဆောင်များ၌ အစိုးရခန့်၊ ဒေသခန့် ဆရာများနှင့် ပညာသင်ကြားနေကြရသည်။ အဆိုပါစာသင်ကျောင်းများ ပြန်လည်ဆောက်လုပ်ခွင့်ကိုလည်း ဘိုကလေးမြို့နယ် အေးချမ်းဖြိုးမှ ခွင့်ပြုပြီးဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

ကပ်ဗလာချောင်းကျေးရွာ မူလတန်းကျောင်းဆောင်ကို “မြန်မာကရုဏာ” NGO ၏ ထောက်ပံ့မှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပျဉ်ဘိုးကြီး၊ ပျဉ်ဘိုးလေး၊ ဓမ္မသုခကျေးရွာ မူလတန်းစာသင်ဆောင်များမှာ ယာယီကျောင်းဆောင်များအဖြစ်သာ ရှိနေကြသည်။

အဆိုပါကျောင်းများတွင် မူလတန်းကျောင်းသား (၁၅၀) ခန့်စီရှိကြပြီး UNICEF ၏ ပံ့ပိုးမှုဖြင့် ဗလာစာအုပ်၊ စာရေးကိရိယာ လုံလုံလောက်လောက် ရှိနေကြသော်လည်း နိုင်ငံတော်မှ ဖြန့်ချိသည့် ပြဋ္ဌာန်းစာအုပ် (TEXT BOOK) များ လုံးဝမရရှိကြောင်း ဒေသခန့်ဆရာတို့က ပြောသည်။

“အဲလို ပင်လယ်ပိုင်း အစွန်အဖျားကျေးရွာတွေ မပြောပါနဲ့။ ဘိုကလေးမြို့ပေါ် ကျောင်းတွေမှာတောင် TEXT BOOK ကို မဲစနစ်နဲ့ ပေးနေရတယ်။ (၈) တန်း ဘာသာစုံ TEXT BOOK တစုံ (၈,၀၀၀) ကျပ်နဲ့ ကျောင်းသားတွေ အပြင်က ၀ယ်သုံးကြရတယ်” ဟု ဘိုကလေးမြို့ခံဆရာတဦးက ပြောသည်။

ပြီးခဲ့သည့် လအနည်းငယ်က Diamond Mercury-NGO အဖွဲ့မှ ဓမ္မသုခကျေးရွာ စာသင်ကျောင်းဆောက်လုပ်ရန် အုတ်များ စီချအပြီး မကြာမီ မည်သည့်အကြောင်းပြချက်မှန်းမသိရဘဲ ပြန်သယ်သွားခဲ့ကြောင်း၊ ပျဉ်ဘိုးလေးကျေးရွာတွင်လည်း အရည်အသွေးညံ့ဖျင်းသည့် အုတ်များဖြစ်နေသောကြောင့် ပြန်သယ်သွားကြောင်း၊ ပျဉ်ဘိုးကြီးကျေးရွာ စာသင်ကျောင်းဆောင် ဆောက်လုပ်ရန်ကိုမူ မည်သည့်အဖွဲ့မှ လာရောက်ခြင်းမရှိကြောင်း ဒေသခံတို့က ပြောသည်။

နာဂစ်မုန်တိုင်းဒဏ်ကြောင့် လဲပြိုသွားသော စာသင်ကျောင်းဆောင်များအား အသစ်ပြန်လည်တည်ဆောက်နိုင်ခြင်း မရှိသည့် အလားတူအခြေအနေများကို ဘိုကလေးမြို့နယ်ရှိ ကျေးရွာအတော်များများတွင် တွေ့နိုင်ကြောင်း မြို့ခံတို့က ပြောသည်။

အဆိုပါ ပျဉ်ဘိုးကြီးကျေးရွာအုပ်စုသည် ကျောင်းနေရွယ်ကလေးငယ်များ ကျောင်းနေရေး၊ ကျောင်းနေကလေးများ အတန်းပညာ ပြီးဆုံးအောင် သင်ကြားရေးတို့အတွက် မိဘ၊ ဆရာနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူတို့ ပူးပေါင်းဆောင်ရွက်ကြရန် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ပညာရေးဝန်ထမ်းများအား ညွှန်ကြားခဲ့သော စက်ဆန်း ဒိုင်နယ်နှင့် အလွန်နီးကပ် စွာ တည်ရှိသည်။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo