ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ဒီဂျစ်တယ်ဖိုင်စနစ် စာပေစိစစ်ရေးအကျိုးအတွက်သာဖြစ်
NEJ / ၂ ဇူလိုင် ၂၀၀၉
line

 

လာမည့် သြဂုတ်လ (၁) ရက်မှစ၍ ပြည်တွင်း ပုဂ္ဂလိကဂျာနယ်၊ မဂ္ဂဇင်းများသည် စာပေစိစစ်ရေးသို့ တင်ပြမည့် ၎င်းတို့ ပုံနှိပ်ထုတ်ဝေမည့် စာမူများကို စက္ကူပေါ်တွင် မိတ္တူကူးပြီး တင်ပြရမည့်စနစ်အစား ဒီဂျစ်တယ်ဖိုင် (PDF File) အဖြစ် စီဒီနှင့် ပြောင်းလဲတင်ပြရတော့မည်ဖြစ်သည်။

စာမူများကို ဒီဂျစ်တယ်ဖိုင်ဖြင့် တင်ပြခြင်းအားဖြင့် စာပေစိစစ်ရေးရုံးတွင်းလုပ်ငန်း ပိုမိုအဆင်ပြေလာစေရန်ဖြစ်ကြောင်း၊ ရုံးတွင်း၌ တယောက်နှင့်တယောက် ကွန်ပျူတာနှင့်အလွယ်တကူ ချိတ်ဆက်စစ်ဆေးနိုင်ရန် အင်ဖိုရစ်သမ်မေ့ဇ် ကုမ္ပဏီကို ဆာဗာထိုင်ခိုင်းထားကြောင်း စာပေစိစစ်ရေးအဖွဲ့နှင့် ရင်းနှီးသူ သတင်းအယ်ဒီတာတဦးက ပြောသည်။

၎င်းက “နောက် တင်ပြလာတဲ့ အထူးသဖြင့် ဓာတ်ပုံတွေကိုဆိုရင် အရင်ကဆို အဖြူအမည်း မိတ္တူကူးပြီး တင်ပြတော့ သူတို့ စစ်ဆေးရတာ သိပ်အားရပုံ မရဘူး။ ခုဆို ရောင်စုံနဲ့ သေသေချာချာ ပြတ်ပြတ်သားသား စစ်ဆေးနိုင်တော့မယ်။ နောက်တချက် စာပေစိစစ်ရေးဟာ ထောက်လှမ်းရေးဌာနနဲ့ တူတယ်။ သူတို့ ခွင့်မပြုချင်တဲ့ သတင်းတပုဒ်ပုဒ် တင်ပြလာရင် ခွင့်မပြုရုံမက အဲဒီသတင်းကို သက်ဆိုင်ရာ တပ်၊ ဌာနဆိုင်ရာကို ပေးပို့အကြောင်းကြားလေ့ရှိတယ်” ဟု ပြောသည်။

ဒီဂျစ်တယ်ဖိုင်ရှိထားခြင်းအားဖြင့် စာပေစိစစ်ရေးအနေဖြင့် ၎င်းတို့လိုရာသို့ ချက်ချင်းသတင်းပေးပို့ရန် လွယ်ကူသွားသည့်အပြင် နေပြည်တော်တွင်ရှိသည့် စာပေစိစစ်ရေး၏ အထက်ဗိုလ်ချုပ်များကိုလည်း သတင်း၊ ဆောင်းပါးများနှင့်ပတ်သက်ပြီး ချက်ချင်းအစီရင်ခံနိုင်မည်ဖြစ်သည်ဟု အဆိုပါ သတင်းအယ်ဒီတာက ပြောသည်။

“ပြဿနာတခုခုဖြစ်တဲ့ သတင်းတွေဆိုရင်လည်း စာပေစိစစ်ကို တောင်းရင် ဒီဂျစ်တယ်ဖိုင် ဖြစ်တာကြောင့် အီးမေးလ်နဲ့ ချက်ချင်း သူတို့ပေးပို့လာနိုင်မယ်။ နောက်ဆုံး သူတို့ ရုံးတွင်းမှာ ဂျာနယ်၊ မဂ္ဂဇင်း ဒီဂျစ်တယ်ဖိုင်တွေအားလုံးကို ဟာ့ဒစ်စ်နဲ့ လွယ်လွယ်ကူကူ စုလာနိုင်မယ်။ သူတို့ ဖိနှိပ်တဲ့ ယန္တရားအတွက်တော့ ကောင်းသွားမှာ သေချာတယ်” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

စာပေစိစစ်အဖွဲ့အနေဖြင့် ယခုကဲ့သို့ လုပ်ရကိုင်ရ လွယ်ကူသွားမည်ဖြစ်သော်လည်း လက်ရှိကျင့်သုံးနေသည့် စာပေစိစစ်ရေးဆိုင်ရာမူနှင့် လုပ်ထုံးလုပ်နည်းများကိုမူ လုံးဝ အလျော့ပေးမည်မဟုတ်သည့်အတွက် စိစစ်ဖြတ်တောက်မှု လျော့ကျသွားမည်မဟုတ်ကြောင်း ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။

“ဒီအတွက် သတင်းလွတ်လပ်ခွင့် ပိုရှိလာမှာ မဟုတ်သလို ဂျာနယ်၊ မဂ္ဂဇင်းတိုက်တွေရဲ့ လုပ်ကိုင်ဆောင်ရွက်ရမှုတွေလည်း လွယ်ကူသွားမှာတော့ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။

“ခုဟာက ကျနော်တို့ ဂျာနယ်တွေ ပထမစာမူကို တပတ်ကြိုတင်ရတယ်။ ကြားထဲမှာ နောက်ဆက်တွဲ တင်ရတယ်။ ပထမစာမူကို ချပေးတာနဲ့ နောက်ဆက်တွဲစာမူ ထပ်တင်တာကိုလည်း ချိတ်ဆက်မမိဘူး။ ဒီဂျစ်တယ်ဖိုင်စနစ်ဆိုပြီး စာမူကို မြန်မြန်စစ်ပေး၊ ချပေးတာမျိုးလည်း ရှိမှာမဟုတ်ဘူး။ နောက် ဖြတ်တောက်၊ တားမြစ် ပိတ်ပင်တာလည်း လျော့ကျသွားမှာ မဟုတ်လို့ ဘာမှမထူးဘူး” ဟု ၎င်းက ဆက်လက်ပြောပြသည်။

နအဖစစ်အစိုးရက ယခု Electronic Press Scrutiny and Registration (EPRS) စနစ်ကို သြဂုတ်လ (၁) ရက်တွင် စတင်ကျင့်သုံးမည်ဖြစ်သော်လည်း ဇူလိုင်လအတွင်း ၎င်းတို့နှင့် ရင်းနှီးသည့် အားကစားဂျာနယ်အချို့ကို စပြီး အစမ်းကျင့်သုံး သွားမည်ဟု သိရသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook