ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - နအဖထုတ်ပြန်သည့်ဥပဒေကို ဒေါ်အောင်ဆန်းစုကြည် ဝေဖန် သွေးလှူဘဏ်သစ်ဖွင့်ပွဲ အလှူရှင် ထိုင်းဘုရင့်သမီးတော် တက်ရောက်မည် အန်အယ်လ်ဒီ ပါတီရုံးခွဲများ ပြန်ဖွင့်ခွင့်ရ စစ်တပ်ကြောင့် နေရပ်စွန့်ခွာလာသူ (၂၀၀) ခန့်ရှိ ဖွဲ့စည်းပုံမပြင်လျှင် ပါတီမထောင်၊ ရွေးကောက်ပွဲမ၀င်ဟု တိုင်းရင်းသားပါတီများ ပြောကြား ရွေးကောက်ပွဲကော်မရှင် အမည်စာရင်းကြေညာ (၃) လအတွင်း ဂက်စ်ဈေး (၄ဝ) ရာခိုင်နှုန်းတက် နအဖထုတ်ပြန်ခဲ့သည့် ဥပဒေ (၂) ရပ်အပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းများ၏ သဘောထားများ (တွေ့ဆုံမေးမြန်းခန်း) စည်းကမ်းရှိတဲ့ လွှတ်တော်ကြီးကို မြင်ယောင်ခြင်း(ဆောင်းပါး)
 


quote
 

 

 

ဘန်ကီမွန်းခရီးစဉ်တွင် အန်အယ်လ်ဒီ ဗဟိုအမှုဆောင်များနှင့်တွေ့ဆုံမည်
NEJ / ၂ ဇူလိုင် ၂၀၀၉
line

 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၅) ဦးနှင့် တွေ့ဆုံမည်ဟု အန်အယ်လ်ဒီက ပြောသည်။

ထိုကဲ့သို့ တွေ့ဆုံမည်ဖြစ်ကြောင်း အာဏာပိုင်များဘက်မှ ယနေ့အကြောင်း ကြားခဲ့သည်ဟု အန်အယ်လ်ဒီပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ဖိတ်တာကတော့ (၅) ဦးဗျ။ ဒါပေမယ့် ကျနော်တို့ ဥက္ကဋ္ဌ ကျန်းမာရေးမကောင်းတဲ့အတွက် (၄) ဦးပဲ တက်ပါ့မယ်။ ဘယ်နေရာ၊ ဘယ်အချိန်မှာ တွေ့မယ်ဆိုတာ အသေးစိတ်တော့ လူကြီးတွေပဲ သိပါလိမ့်မယ်။ သတင်းတွေ ထွက်နေတာတော့ နေပြည်တော်မှာ တွေ့မယ်လို့ သတင်းတွေ ထွက်နေပါတယ်” ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဘက်မှ တွေ့ဆုံမည့် (၄) ဦးမှာ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေနှင့် ဦးစိုးမြင့်တို့ ဖြစ်သည်။

မစ္စတာဘန်ကီမွန်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံလိမ့်မည်ဟု သတင်းများပေါ်ထွက်နေသော်လည်း ယခုအချိန်ထိ အကြောင်းကြားခြင်းမရှိသေးဟု ဦးဉာဏ်ဝင်းက ပြောသည်။

“ကျနော် အခုပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခဲ့ပါတယ်။ သူ့ဆီကို တွေ့ဆုံဖို့ အကြောင်းကြားတာတွေ ဘာတွေ မရှိသေးပါဘူး” ဟု ၎င်းက ပြောသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် မနက်ဖြန် မြန်မာနိုင်ငံသို့ ရောက်ရှိမည့်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံနိုင်ဖွယ်ရှိသည်ဟု အစိုးရသတင်းရပ်ကွက်ကို ကိုးကားပြီး ရန်ကုန်မှလာသော ဒီပီအေသတင်းတွင် ဖော်ပြသည်။

မစ္စတာဘန်ကီမွန်းသည် မြန်မာနိုင်ငံရောက်သည့်အခါ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်ရှိကြောင်း၊ သို့သော် အသေးစိတ် အစီအစဉ်ကို မပြောနိုင်သေးကြောင်း အမည်မဖော်လိုသည့် အစိုးရအရာရှိတဦးကို ကိုးကားပြီး သတင်းတွင် ဖော်ပြသည်။

မြန်မာစစ်အစိုးရ၏ ဖိတ်ကြားချက်အရ မစ္စတာဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ ဇူလိုင် (၃) ရက်နှင့် (၄) ရက်တွင် ရောက်ရှိမည်ဖြစ်သည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် (၂) ရက် ခရီးစဉ်အတွင်း မစ္စတာဘန်ကီမွန်းသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်လည်း တွေ့ဆုံရန်ရှိပြီး နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများနှင့်ပါ တွေ့ဆုံရန်ရှိကြောင်း၊ ထို့အပြင် ပြီးခဲ့သည့် မေလက ၎င်းရောက်ရှိခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့လည်း သွားရောက်ရန်ရှိကြောင်း ဒီပီအေသတင်းတွင် ပါရှိသည်။

ကုလသမဂ္ဂသတင်းထုတ်ပြန်ချက်အရ မစ္စတာဘန်ကီမွန်းသည် မြန်မာစစ်အစိုးရ ထိပ်ပေါင်းခေါင်းဆောင်များကို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိစ္စကို တောင်းဆိုမည်ဖြစ်ပြီး စစ်အစိုးရနှင့် အတိုက်အခံတို့ကြား အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေးနွေးမှု ပြန်လည်ဖော်ဆောင်ရန်နှင့် ၂၀၁၀ ရွေးကောက်ပွဲကို အများလက်ခံသည့် ရွေးကောက်ပွဲဖြစ်မြောက်စေရေးတို့အတွက် ဆွေးနွေးရန်ရှိသည်ဟု သိရသည်။

မစ္စတာဘန်ကီမွန်း ရောက်ရှိမည့် ဇူလိုင် (၃) ရက်နေ့သည် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲတင်စစ်ဆေးနေသော အင်းစိန်ထောင် အထူးတရားရုံးတရားခွင် စစ်ဆေးမည့်နေ့နှင့် တိုက်ဆိုင်နေသည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်နိုင်ငံသား မစ္စတာယက်တော နေအိမ်ခြံဝင်းအတွင်း ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံးတွင် တရားစွဲဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် လောလောဆယ်တွင် အင်းစိန်ထောင်အတွင်း ထိန်းသိမ်းခြင်းခံနေရသည်။

လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) ကမူ မစ္စတာဘန်ကီမွန်းအနေဖြင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ပြန်ကျစေမည့် အရေးကို လက်မခံသင့်ကြောင်း၊ အဓိပ္ပာယ်ရှိသည့် ခရီးစဉ်ဖြစ်သင့်ကြောင်း ယမန်နေ့က ထုတ်ပြန်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် အထီးကျန်ဖြစ်နေသည့် လုပ်ရပ်များကို အဆုံးသတ်စေမည့် လမ်းပြမြေပုံတခုကို မစ္စတာဘန်ကီမွန်းက မြန်မာစစ်ဗိုလ်ချုပ်ကြီးများအား ကမ်းလှမ်းထားကြောင်း၊ မြန်မာစစ်အစိုးရအနေဖြင့် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများ လုပ်ရန် အချိန်ဆွဲနေခြင်း၊ လှည့်စားနေခြင်းတို့ကို ရပ်တန့်ရန် အချိန်တန်နေပြီဆိုသည်ကို မစ္စတာဘန်ကီမွန်း အနေဖြင့် ရှင်းရှင်းလင်းလင်းပြောသင့်ကြောင်း၊ ယခုအချိန်သည် အမှန်တကယ် ပြုပြင်ပြောင်းလဲရန် လိုအပ်နေကြောင်း ယင်းအဖွဲ့ကြီး၏ အမှုဆောင်ညွှန်ကြားရေးမှူး Kenneth Roth က ပြောကြားခဲ့သည်။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo