ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

နအဖက ဒေါ်အောင်ဆန်းစုကြည်အား ထောင်ချနိုင်ရန်
ကြံစည်သည်ဟု အေအေပီပီ ပြောကြား

NEJ / ၁ ဇူလိုင် ၂၀၀၉
line

 

နအဖစစ်အုပ်စုသည် ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံးထောင်သွင်း အကျဉ်းချနိုင်ရန်အတွက် မြန်မာအတိုက်အခံ အဖွဲ့အစည်းများကို ခုတုံးလုပ်၍ မတရားသည့် သက်သေအထောက်အထားများ ရရှိရန် ကြံစည်နေသည်ဟု နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေး အဖွဲ့ (မြန်မာနိုင်ငံ) အေအေပီပီက ပြောသည်။

ယနေ့ထုတ် ပြည်တွင်းအပတ်စဉ် ဂျာနယ်ဖြစ်သည့် နံနက်ခင်းသတင်း ဂျာနယ်တွင် ပါရှိသည့် သတင်းစာရှင်းလင်းပွဲသတင်းတွင် အမေရိကန်နိုင်ငံသား မစ္စတာဂျွန်ဝီလီယံယက်တော မဲဆောက်ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ရုံးသို့ သွားရောက်ခဲ့သည့် ဓာတ်ပုံများအား အသားပေးဖော်ပြခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုသည့်အမှု အမြန်ပြီးဆုံးရန် မတရားကြံစည်ခြင်းဖြစ်သည်ဟု အဖွဲ့၏ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။

၎င်းက “အရင်လ (၂၅) ရက်နေ့က ရဲချုပ်ခင်ရီရဲ့ သတင်းစာရှင်းလင်းပွဲဟာ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးအရေးယူ အပြစ်ပေးနိုင်ဖို့အတွက် အတိုက်အခံအဖွဲ့အစည်းတွေကို အသုံးချတာဖြစ်တယ်။ ဒီလူက မနှစ် နိုဝင်ဘာ အကုန်လောက်မှာ ကျနော်တို့ရုံး ပြခန်းကို လာပြီးလေ့လာသွားတယ်။ နောက်ပိုင်း ချင်းမိုင်မှာ သူကျနော့်ကို လာတွေ့တယ်။ ခွင့်လွှတ်ခြင်းဆိုတဲ့ စာအုပ်တအုပ်ထုတ်ဖို့ရှိတဲ့အတွက် ထောင်ထဲမှာ ကျနော်ဖြတ်သန်းခဲ့ရတဲ့ အနေအထားတွေနဲ့ ပတ်သက်ပြီး မေးမြန်းတာလောက်ပဲ ရှိတယ်” ဟု ပြောသည်။

အေအေပီပီရုံးတွင် ဆိုးဝါးလှသည့် မြန်မာနိုင်ငံမှ အကျဉ်းထောင်များ၏ အခြေအနေများနှင့် ပတ်သက်၍ ပြခန်းထားရှိသဖြင့် နေ့စဉ်နီးပါး နိုင်ငံခြားသားများနှင့် အခြားဧည့်သည်များ လာရောက်လေ့ရှိသည်။

ကိုဘိုကြည်က ၎င်းအနေဖြင့် ယက်တောနှင့် ပြောဆိုဆွေးနွေးမှုမရှိကြောင်း၊ ယက်တောလိုလူနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမည့် ကိစ္စမျိုးကိုလည်း လက်ခံအားပေးမည်မဟုတ်ကြောင်း ပြောကြားပြီး မိမိတို့ အမှန်တကယ် တွေ့ဆုံစေချင်သည်မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဘန်ကီမွန်းနှင့် ဗိုလ်သန်းရွှေတို့ဖြစ်ပြီး မြန်မာ့နိုင်ငံရေးပြဿနာများ အမြန်ဆုံးဖြေရှင်းနိုင်ရန် အတွက်ကိုသာ မိမိတို့ ကြိုးစားလျက်ရှိကြောင်း ဆက်လက်ရှင်းပြသည်။

ယခင်လ (၂၅) ရက်နေ့က ပြုလုပ်သည့် နအဖ သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်နိုင်ငံသား ဂျွန်ဝီလီယံယက်တော ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်သို့ ၀င်ရောက်ခဲ့မှုနှင့်ပတ်သက်၍ ရဲချုပ်ခင်ရီက ယက်တောသည် ပြည်ပရောက် အတိုက်အခံ အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုဖြင့် ဒေါ်အောင်ဆန်းစုကြည်နေအိမ်အတွင်းသို့ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားသည်။

၎င်း၏ပြောဆိုချက်များတွင် မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစုအဖွဲ့(အက်ဖ်ဒီဘီ) မှ ဒုတိယအတွင်းရေးမှူးချုပ် ကိုငွေလင်း၊ အေအေပီပီမှ အတွင်းရေးမှူးကိုတိတ်နိုင်၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် နိုင်ငံခြားရေးကော်မတီမှ ကိုဇင်မောင်နှင့် ယက်တောတွေ့ဆုံခဲ့သည်ဟု ပြောကြားချက်ကို ကာယကံရှင်များက ရဲချုပ်ခင်ရီ၏ အခြေအမြစ်မရှိသည့် စွပ်စွဲချက်များသာ ဖြစ်သည်ဟု ပြောသည်။

အက်ဖ်ဒီဘီအဖွဲ့၏ ဒုတိယအတွင်းရေးမှူးချုပ် ကိုငွေလင်းက “ရဲချုပ်ခင်ရီပြောတာတွေ အကုန်လုံးဟာ စွပ်စွဲချက်တွေပဲ ဖြစ်တယ်။ အေအေပီပီအဖွဲ့က လူအချို့နဲ့ သူစာအုပ်ရေးဖို့ တွေ့တယ်ဆိုတာကလွဲပြီး ကျန်တာ ဘယ်သူနဲ့မှ မတွေ့ဘူး။ ကျနော်နဲ့လည်း လုံးဝမတွေ့ဘူး။ ဒီစွပ်စွဲချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချနိုင်ဖို့ သက်သေရလိုရငြား ကြံစည်တာပဲဖြစ်တယ်” ဟု ပြောသည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်နိုင်ငံသား မစ္စတာဂျွန်ဝီလီယံယက်တော နေအိမ်ခြံဝင်းအတွင်း ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက ပြီးခဲ့သည့် မေ (၁၈) တွင် နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံးတွင် တရားစွဲဆိုထားသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook