ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်
နှစ်ပတ်လည်နေ့တွင် နအဖတိုင်းမှူးမတက်ရောက်

NEJ / ၁ ဇူလိုင် ၂၀၀၉
line

 

အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA-ESS) အဖွဲ့၏ အနှစ် (၂ဝ) မြောက် တပ်ဖွဲ့ထူထောင်ခြင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းလားမြို့ရှိ အဖွဲ့၏ဗဟိုဌာနချုပ်တွင် ယမန်နေ့က ကျင်းပရာ နအဖဘက်မှ အဆင့်နိမ့်အရာရှိတဦးက ဦးဆောင်တက်ရောက်ခဲ့သည်။

အခမ်းအနားသို့ အပစ်ခတ်ရပ်အဖွဲ့များ၊ တရုတ်ပြည်ဘက်မှ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ကျိုင်းတုံအခြေစိုက် တြိဂံဒေသတိုင်း စစ်ဌာနချုပ်မှ ဒု-ဗိုလ်မှူးကြီး အဆင့်ရှိသူနှင့်အဖွဲ့တို့သာ တက်ရောက်ခဲ့ကြောင်း မိုင်းလားတပ်ဖွဲ့ဝင် အရာရှိတဦးက ပြောသည်။

၎င်းက “ဆီလူးနှင့် ကျိုင်းတုံဘက်က လာကြတယ်။ ဒေသခံလူထု တသောင်းကျော်တက်ရောက်တယ်။ ကိုးကန့်က ဒု-ဥက္ကဋ္ဌ ဖုန်ကြားဖု၊ ဥက္ကဋ္ဌ ဦးစိုင်းလင်းရဲ့ ယောက်ခထီးလေ။ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က ဒု-ဥက္ကဋ္ဌ၊ ကေအိုင်အိုတို့ ရှမ်းတို့လည်းလာတယ်။ တရုတ်ဘက်အရာရှိတွေလည်းလာတယ်၊ ကျိုင်းတုံတိုင်းမှူး မလာဘူး။ ဒု-ဗိုလ်မှူးကြီး တယောက်သာ လာတယ်” ဟု ပြောသည်။

ဇွန် (၂၉) ရက် ညနေပိုင်းမှစ၍ အထိမ်းအမှတ်ပွဲတော် စတင်ကျင်းပခဲ့ပြီး ညပိုင်းတွင် ယဉ်ကျေးမှု အကအဖွဲ့များဖြင့် တင်ဆက်ခဲ့ကြောင်း၊ ဇွန် (၃ဝ) ရက်တွင် နံနက် (၈) နာရီမှ စတင်၍ မိုင်းလားမြို့၊ ပြည်သူ့ အားကစားကွင်းကြီးအတွင်း၌ လူထုစည်းဝေးပွဲ စတင်ကြောင်း၊ တပ်ဖွဲ့ဝင်များက စစ်ဦးစီးချုပ်အား ချီတက်အလေးပြုပြီး ဥက္ကဋ္ဌ ဦးစိုင်းလင်းက မိန့်ခွန်းပြောဆိုခဲ့သည်ဟု မိုင်းလားဒေသခံတဦးက ပြောသည်။

၎င်းက “ဥက္ကဋ္ဌ ဦးစိုင်းလင်းက ရှမ်းဘာသာနဲ့ ပြောတာပါ။ နိုင်ငံရေးနဲ့ ပတ်သက်လို့၊ အဖွဲ့အစည်းကို အသွင်ပြောင်းရေးတို့ ဘာမှ ထူးထူးခြားခြားပြောတာ မရှိဘူး။ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေသာ ပြောသွားတာပါ” ဟု ပြောသည်။

ထို့နောက် ဇွန် (၃ဝ) ရက် ညနေ (၂) နာရီမှ (၄) နာရီခွဲအချိန်တွင် တက်ရောက်လာသည့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ တွေ့ဆုံပွဲတခု ပြုလုပ်ပြီး မိုင်းလားမြို့အတွင်း လှည့်လည်ကြည့်ရှုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA-ESS) သည် ယခင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ အမှတ် (၈၁၅) စစ်ဒေသအဖြစ်မှ ၁၉၈၉ ခုနှစ်၊ ဇွန် (၃ဝ) ရက်နေ့တွင် ဦးစိုင်းလင်းဦးဆောင်သည့်အခါ တိုင်းရင်းသားများပါဝင်သည့် တပ်ဖွဲ့ဝင်များက ခွဲထွက်ဖွဲ့စည်းတည်ထောင်ခဲ့သည့် ဇွန် (၃ဝ) ရက်နေ့အား တပ်ဖွဲ့မွေးနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် ကျင်းပခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA-ESS) သည် အခြားအပစ်ခတ်ရပ်အဖွဲ့များကဲ့သို့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် နအဖ၏ ဖိအားပေးခြင်းခံနေရပြီး ယနေ့အချိန်ထိ တရားဝင်အဖြေမပေးသေးပေ။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook