ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

မြောက်ကိုရီးယားသင်္ဘော နောက်ကြောင်းပြန်လှည့်နိုင်ဟု သတင်းများထွက်ပေါ်
NEJ / ၁ ဇူလိုင် ၂၀၀၉
line

 

စစ်လက်နက်များနှင့် ဆက်စပ်ပစ္စည်းများ တရားမ၀င် တင်ဆောင် လာသည်ဟု သံသယဖြစ်ပွားခံရသည့် Kang Nam ကုန်တင် သင်္ဘောသည် မူလလာရင်းလမ်းကြောင်းပြောင်းပြီး မြောက်ကိုရီးယားနိုင်ငံဘက်သို့ ပြန်လည်ဦးတည် ခုတ်မောင်း နေပုံရကြောင်း သံတမန်သတင်းရပ်ကွက်များကို ကိုးကားပြီး ယနေ့ထုတ် တောင်ကိုရီးယားသတင်းစာ Korea Herald တွင် ဖော်ပြသည်။

ယင်းသို့ သင်္ဘော နောက်ကြောင်းပြန်လှည့်နေသည့်သတင်းကို အမေရိကန် ပင်တာဂွန်အရာရှိတဦးကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတွင် ပါရှိကြောင်းလည်း ဖော်ပြထားသည်။

Kang Nam သင်္ဘောသည် သံသယဖြစ်ဖွယ်လက်နက်များတင်ဆောင်ကာ မြန်မာနိုင်ငံဘက်သို့ ဦးတည်သွားနေပုံရကြောင်း တောင်ကိုရီးယား YTN ရုပ်မြင်သံကြားသတင်းတွင် ဖော်ပြခဲ့သည်။

အကယ်၍ Kang Nam သင်္ဘော နောက်ကြောင်းပြန်လှည့်သည် ဆိုသည့်အချက် မှန်ကန်ပါက မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တားမြစ်ချက်များ သက်ရောက်မှုရှိသည်ကို ပြသခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူများက ပြောသည်။

ယင်းသို့ မြောက်ကိုရီးယားသင်္ဘော နောက်ကြောင်းပြန်လှည့်နေသည်ဆိုပါက ကုလသမဂ္ဂ၏ တားမြစ်ပြဋ္ဌာန်းချက် ၁၈၇၄ သည် သက်ရောက်မှုရှိလာပြီဖြစ်ကြောင်း ကိုရီးယားသိပ္ပံ ကာကွယ်ရေးဆိုင်ရာသုံးသပ်မှုဌာနမှ ကျွမ်းကျင်သူ ကင်တေ၀ူးက ပြောကြားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဖြည့်စွက်ပြဋ္ဌာန်းချက် ၁၈၇၄ တွင် တရားမ၀င်လက်နက်နှင့် ဆက်စပ်ပစ္စည်းများ သယ်ဆောင်သည်ဟု သံသယရှိခြင်းခံရသည့် မြောက်ကိုရီးယားသင်္ဘောများကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ရှာဖွေခွင့်ရှိသည်ဟု ဖော်ပြထားသည်။ ထိုပြဋ္ဌာန်းချက်ကို ပြီးခဲ့သည့်မေလတွင် မြောက်ကိုရီးယားက အနုမြူဗုံးစမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ လုံခြုံရေးကောင်စီက ပြဋ္ဌာန်းချက်အသစ်ချမှတ်လိုက်ပြီးသည့်နောက် Kang Nam မြောက်ကိုရီးယားသင်္ဘောသည် နိုင်ငံတကာ၏ စောင့်ကြည့်စိစစ်ခြင်းခံရသည့် ပထမဆုံးသင်္ဘောဖြစ်သည်။

ပြီးခဲ့သည့် ဇွန် (၁၇) ရက်တွင် မြောက်ကိုရီးယားဆိပ်ကမ်း Nampo သင်္ဘောဆိပ်မှ ထွက်ခွာခဲ့သည့် အဆိုပါ သင်္ဘောသည် ဒုံးလက်နက်နှင့်ဆက်စပ်ပစ္စည်းများ တင်ဆောင်လာသည်ဟု တောင်ကိုရီးယား ထောက်လှမ်းရေး အပါအ၀င် နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများက ယူဆထားကြပြီး အမေရိကန် ရေတပ်ဖျက်သင်္ဘော USS John S. McCain က နောက်ယောင်ခံ လိုက်နေခြင်းဖြစ်သည်။

မြန်မာစစ်အစိုးရကမူ ပြည်ပသတင်းဌာနများက ထုတ်လွှင့်လျက်ရှိသည့် Kang Nam ကုန်တင်သင်္ဘောနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ သတင်းတစုံတရာရရှိခြင်း မရှိကြောင်း ကြေညာခဲ့သည်။

အဆိုပါမြောက်ကိုရီးယားသင်္ဘောသည် မြန်မာနိုင်ငံ သီလ၀ါဆိပ်ကမ်းသို့ ဆိုက်ကပ်ရန်ရှိသည်ဟုလည်း သတင်းများပေါ်ထွက်ခဲ့ သည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook