ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

အခြေခံအခွင့်အရေးများရရှိရေး ကြိုးပမ်းကြရန်
ကရင်နှစ်သစ်ကူးနေ့၌ ကေအန်ယူတိုက်တွန်း

NEJ/ ၈ ဇန်န၀ါရီ၂၀၀၈
line

  newyear
 

ကရင်တိုင်းရင်းသားတို့ ပိုမိုစည်းလုံးညီညွတ်ကြပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရေးအတွက် ပိုမို ကြိုးပမ်းကြရန် ယနေ့ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့တွင် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က တိုက်တွန်းသည်။

ကရင့်တော်လှန်ရေးသက်တမ်းရှည်မှုကြောင့် အားငယ်စိတ်ပျက်စရာအကြောင်းမရှိကြောင်း၊ ထိုသို့ကြာညောင်းမှုကြောင့် ကမ္ဘာက အခြေအနေကို  အမှန်အတိုင်းနားလည်ကာ ထောက်ခံ လာခြင်းဖြစ်ကြောင်း ကေအန်ယူဥက္ကဋ္ဌ ပဒိုစောဘသင်စိန်က နှစ်သစ်ကူးမိန့်ခွန်းတွင် ပြောကြားသည်။

၎င်းက “နိုင်ငံကြီးတွေကဆိုရင် မြန်မာပြည်တွင်း ပြည်သူလူထုနဲ့ တိုင်းရင်းသားလူမျိုးများကို ပိုမိုအားပေးထောက်ခံလာကြပြီး နအဖစစ်အုပ်စုကိုတော့ ပြတ်ပြတ်သားသားဆန့်ကျင်လာတယ်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ သူ့ရဲ့လုံခြုံရေးကောင်စီကလည်း နအဖစစ်အုပ်စုအနေနဲ့ ပြည်သူ ပြည်သားများ၊ တိုင်းရင်းသားလူမျိုးများ ပြန်လည်ရင်ကြားစေ့သင့်မြတ်ပြီး ညီညွတ်ရေးရအောင် လုပ်ဖို့ ပြင်းပြင်းထန်ထန်ဖိအားပေးလာတယ်” ဟု ပြောသည်။

ကရင်သက္ကရာဇ် ၂၇၄၆ မှ ၂၇၄၇ သို့ ကူးပြောင်းသည့် နှစ်သစ်ကူးနေ့အဖြစ် ကေအန်ယူ ထိန်းချုပ် နယ်မြေ တပ်မဟာခရိုင်အသီးသီးနှင့် ကရင်ပြည်နယ်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် နှစ်သစ်ကူး အခမ်းအနားများ ကျင်းပကြပြီး ထိုင်းနှင့်မလေးရှားနိုင်ငံတို့၌လည်း ကျင်းပကြောင်း သိရသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ကိုတာရာယာကုန်တိုက်၌ ကရင့်ရိုးရာ မပျောက်ပျက်စေရန် ရည်ရွယ်၍ ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပကြောင်း ပွဲကမကထပြုလုပ်သည့် မလေးရှားရောက် ကရင်အဖွဲ့အစည်း (MK0) ဥက္ကဋ္ဌ မန်းစိန်သန်းက ပြောသည်။

၎င်းက  “ကောက်သစ်စားပွဲတော်ကို ကျနော်တို့ရိုးရာကို ထိန်းသိမ်းတဲ့အနေနဲ့ပဲ ကျနော်တို့ လုပ်ကြ တာပါ။ အဓိကကတော့ ကျနော်တို့ကရင်လူမျိုးတွေ သွေးစည်းညီညွတ်ကြဖို့၊ ဘယ်လိုပဲ ဘာသာ စကားကွဲပြားနေပါစေ ကရင်ဆိုတာ ကိုယ့်အမျိုးကို ကိုယ်ချစ်တဲ့စိတ်ရှိဖို့အတွက် ကျနော်တို့ စည်းစည်းရုံးရုံးနဲ့ ကျင်းပရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

နှစ်သစ်ကူးပွဲတော်၌ ဒုံးယိမ်းအက၊ ၀ါးညှပ်အကများဖြင့်ဖျော်ဖြေကာ နှစ်သစ်ကူးမိန့်ခွန်းနှင့် ပြည်တွင်းပြည်ပမှ ပေးပို့သည့် သ၀ဏ်လွှာများကို  ဖတ်ကြားကြပြီး မလေးရှားရောက် ကရင် တိုင်းရင်းသားများနှင့် မြန်မာနိုင်ငံသားများ ထောင်နှင့်ချီလာရောက်သည်ဟု နှစ်သစ်ကူးပွဲ တက်ရောက်သူတဦးက ပြောသည်။  

ထိုင်းနိုင်ငံ၌မူ ကွယ်လွန်သွားသည့် ထိုင်းဘုရင်၏အစ်မအတွက် ၀မ်းနည်းခြင်းကာလ သတ်မှတ် ထားသဖြင့် ဘန်ကောက်မြို့နှင့် ဒုက္ခသည်စခန်းများအပါအ၀င် ထိုင်းနိုင်ငံနေရာအချို့၌  ယခင် နှစ်များကကဲ့သို့ နှစ်သစ်ကူးပွဲတော် စည်စည်ကားကား ကျင်းပခွင့်မရဘဲ မဲဆောက်မြို့ရှိ မယ်တော် ဆေးခန်း၌သာ အခမ်းအနားတခု အကျဉ်းချုံးကျင်းပနိုင်ခဲ့ကြောင်း သိရသည်။      ။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook