ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

တပ်သားသစ်အတွက် ရန်ပုံငွေပေးရ
NEJ/ ၃၁ ဇန်န၀ါရီ ၂၀၀၈
line

 

ပြည်ခရိုင် ပေါင်းတည်မြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများသည် အင်းမအခြေစိုက် တပ်မ (၆၆) အတွက် တရွာလျှင် တပ်သားသစ်တဦး စုဆောင်းပေးရပြီး တပ်သားသစ် မပေးနိုင်ပါက တရွာလျှင် ကျပ်(၁) သိန်းပေးရကြောင်း ထန်းပင်ငုတ်တိုရွာမှ ရွာသားတဦးက ပြောသည်။

တပ်မ (၆၆) မှ မြို့နယ် မယကကို ညွှန်ကြားထားပြီး မြို့နယ်မှကျေးရွာဥက္ကဋ္ဌသို့ ဆက်လက်ညွှန်ကြား ကာ တရွာလျှင် တပ်သားသစ်တယောက် စုဆောင်းပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း အဆိုပါ ရွာသားက ပြောသည်။

၎င်းက “ဘယ်သူမှ လိုက်မယ့်လူမရှိဘူး။ ဒီတော့ တပ်သားသစ်လုပ်မယ့်လူကို အခြားရွာကဖြစ်စေ၊ အခြားမြို့ကဖြစ်စေ ငှားရတယ်။ ကျနော်တို့ပတ်ဝန်းကျင်မှာ တပ်သားသစ် တယောက်ကို ကျပ်(၁) သိန်း ဈေးပေါက်နေတယ်။ တကယ်လို့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ငှားလို့ မရဘူးဆိုရင်လည်း ကိစ္စ မရှိဘူး။ ရွာမှာ ငွေ (၁) သိန်း ပြည့်အောင်စု၊ တပ်မ (၆၆) ကို တိုက်ရိုက်သွားပေးလိုက်ရင်လည်း
သူတို့ လက်ခံတယ်” ဟု ပြောသည်။  

ထိုသို့ငွေ (၁) သိန်းပြည့်နိုင်ရေးအတွက် ထန်းပင်ငုတ်တိုရွာတွင် အိမ်ထောင်စုတစုလျှင် ကျပ် (၁,၅၀၀) နှုန်းကောက်ခံကြောင်းလည်း ၎င်းကပြောသည်။

ပြည်ခရိုင် ပေါင်းတည်မြို့အနီးရှိ ထန်းပင်ငုတ်တို၊ သဲကုန်း၊ ပုတီးကုန်း၊ ၀က်ပုတ် စသည့်ကျေးရွာ
များအား တပ်သားသစ်စုဆောင်းပေးရန် ညွှန်ကြားထားကြောင်း ပုတီးကုန်းကျေးရွာ ရယကအဖွဲ့ဝင် တဦးက အတည်ပြုပြောသည်။

ယခုနောက်ပိုင်း တပ်သားသစ် အရောင်းအ၀ယ်ပြုလုပ်မှုများသည် တရားဝင်သဖွယ် ဖြစ်လာနေ ကြောင်း ရန်ကုန်မြို့မှ အငြိမ်းစား တပ်ရင်းမှူးတဦးက ပြောသည်။

၎င်းက “တိုင်း အစည်းအဝေး၊ တပ်မ အစည်းအဝေးတွေမှာ တပ်ရင်းမှူးအချင်းချင်း ကိုယ့်တပ်မှာ ဖွဲ့စည်းပုံမပြည့်ဘဲ တပ်သားသစ် လိုအပ်ရင် အခြား ဖွဲ့စည်းပုံပြည့်ပြီးတဲ့ တပ်သားသစ်ထုတ်ရောင်း နိုင်တဲ့ တပ်ရင်းထံမှာ ပေါက်ဈေးနဲ့ ၀ယ်ယူရတယ်” ဟု ပြောသည်။

၎င်း တာဝန်ထမ်းဆောင်စဉ် ၂၀၀၇ ခု နှစ်လယ်ပိုင်းတွင်  ရှမ်းပြည်မြောက်ပိုင်း၌ တပ်သားသစ်တဦး ကျပ် (၄) သောင်းမှ (၅) သောင်းအကြား ဈေးပေါက်ကြောင်း၊ ယင်းသို့ တပ်သားသစ် အရောင်း အ၀ယ်လုပ်၍ရသည့်အတွက်လည်း အချို့တပ်ရင်းတပ်ဖွဲ့များတွင် တပ်သားသစ် အလွန်အကျွံ စုဆောင်း ကောက်ခံမှုများရှိကြောင်း အဆိုပါတပ်ရင်းမှူးက ပြောသည်။

၎င်းက “ရန်ကုန်မှာတောင် တောင်းစားနေတဲ့ အခြေအနေမဲ့ အသက်မပြည့်သေးတဲ့ ကလေး သူငယ်တွေကို ရဲနဲ့စည်ပင်ကဖမ်းပြီး တပ်ရင်း၊ တပ်ဖွဲ့တွေအတွက် စစ်သားလိုက်လံ စုဆောင်း သူတွေထံ တဆင့်ပြန်ရောင်းချတာမျိုးတွေတောင် ကြားနေရတယ်” ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကို အမြဲတမ်းတိုးချဲ့နေခြင်း၊ တပ်ပြေး များလာခြင်း၊ စစ်မှုထမ်းလိုသူ နည်းပါးလာခြင်းတို့ကြောင့် စစ်အစိုးရက တပ်သားသစ်များကို စုဆောင်းနေပြီး  ထိုသို့ စုဆောင်း ရာတွင် အသက် (၁၈) နှစ်အောက် ကလေးများကို အဓိကထား စုဆောင်းနေကြောင်း အမေရိကန် အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့၏ ယမန်နှစ် အောက်တိုဘာအစီရင်ခံစာ
တွင် ဖော်ပြသည်။

စစ်အစိုးရကမူ မဟုတ်မမှန်ကြောင်း ငြင်းဆိုသည်။ ။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook