ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


သံလွင်ရေကာတာတည်ဆောက်ရေး ရုပ်သိမ်းပေးရန်
လူ့အခွင့်အရေးလှုပ်ရှားသူများ ဆန္ဒပြတောင်းဆို

NEJ / ၂၈ ဖေဖော်ဝါရီ ၂၀၀၇
thanlwin
မဲဆောက်-မြ၀တီတံတားထိပ်၌ ပိုစတာများကိုင်ဆောင်ကာ ငြိမ်းချမ်းစွာဆန္ဒပြကြသည်။

thanlwin01
ရေကာတာစီမံကိန်းကို ကန့်ကွက်ရသည့်အကြောင်းရင်းကို
Karen Rivers Watch ကရှင်းလင်းစဉ်။

သံလွင်မြစ်တွင်း ရေကာတာတည်ဆောက်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့်စီမံကိန်းများ ရုပ်သိမ်း ပေးရန် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူများက ထိုင်းအစိုးရထံ ယနေ့တောင်းဆိုသည်။

ထိုင်းနိုင်ငံရှိ အစိုးရမဟုတ်သောအဖွဲ့အစည်းများ အပါအ၀င် ရှမ်း၊ ကရင်၊ ကရင်နီ စသည့် သဘာဝ
ပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားသည့်အဖွဲ့များပူးပေါင်း၍ ထိုင်းဝန်ကြီးချုပ် ဆူရာယွတ်ချူလာနွန့်နှင့် စွမ်းအင်ဝန်ကြီးတို့ထံ ထိုင်းလူ့အခွင့်အရေးကော်မရှင်မှတဆင့် မေတ္တာရပ်ခံလွှာ တင်သွင်းတောင်း ဆိုခြင်းဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်းတပ်ဆင် လက်ထက်ကတည်းက စခဲ့သည့်  သံလွင်ရေကာတာစီမံကိန်းကို လက်ရှိထိုင်းအစိုးရက ဆက်လုပ်နေ၍ ရုပ်သိမ်းပေးရန် တောင်းဆိုရခြင်းဖြစ်ကြောင်း လှုပ်ရှားမှုကို ဦးဆောင်သည့် သံလွင်စောင့်ကြည့်ရေးအဖွဲ့မှ ဆက်သွယ်ညှိနှိုင်းရေးမှူးနှင့် ရှမ်းသဘာဝပတ်ဝန်းကျင် အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စိုင်းစိုင်းက ပြောသည်။

၎င်းက “ဒီစီမံကိန်းဟာ ဘယ်လိုမျိုးလက်မှတ်ရေးထိုးသလဲဆိုတာလည်း ပွင့်လင်းရှင်းလင်းမှုမရှိဘူး။  လူထုတွေက ရေကာတာနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ဘာမှမရရှိခဲ့ဘူး။ ရေကာတာရဲ့ ဆိုးကျိုးတွေ သဘာဝပတ်ဝန်းကျင် ဘယ်လောက်ထိခိုက်သလဲ၊ ဒေသခံလူထုရဲ့ နယ်မြေဒေသတွေ ဘယ်လောက်အထိ ဆုံးရှုံးမှုရှိမလဲ လုံးဝမသိရဘူး။ ဒေသခံလူထုဟာ ဖိနှိပ်မှုခံရတယ်။ ဒါကြောင့် ဒီစီမံကိန်းကို ရပ်တန့်ပေးပါလို့ တောင်းဆိုတာပါ” ဟုပြောသည်။

ကရင်မြစ်ချောင်းစောင့်ကြည့် လေ့လာရေးအဖွဲ့ (Karen Rivers Watch) မှ လက်ထောက်တာဝန်ခံ စောခရင်းက “နအဖစစ်အစိုးရရဲ့ ဘယ်စီမံကိန်းမဆို ပြည်သူလူထုတွေအနေနဲ့ လုပ်အားပေး၊ ပေါ်တာ သွားရတာတွေ၊ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံမှု၊ နေရာဒေသ အတင်းအကျပ် ပြောင်းရွှေ့ ရတာတွေနဲ့အတူ အမြဲတမ်း စိုးရိမ်သောကအောက်မှာ နေထိုင်နေကြရတယ်” ဟုပြောသည်။

ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်း (၅) ခုတည်ဆောက်ရန် ထိုင်းအစိုးရ နှင့် မြန်မာစစ်အစိုးရတို့ ၂၀၀၅ ခုတွင် နားလည်မှုစာချွန်လွှာရေးထိုးခဲ့ပြီး ဦးဆုံးဆောက်လုပ်မည့် ဟတ်ကြီးရေကာတာသည် သံလွင်မြစ်နှင့် သောင်ရင်းမြစ်အောက်ပိုင်း (၃၃) ကီလိုမီတာအကွာ ဒီကေဘီအေဌာနချုပ်အနီးတွင် တည်ရှိမည်ဖြစ်ပြီး အခြားစီမံကိန်းများမှာ ပြည်တွင်းစစ်ဖြစ်နေသည့် နေရာများ၌ တည်ရှိသည်။

“ရေကာတာဆောက်မယ်ဆိုတော့ ရွာတွေပျောက်မယ်။ ဥယျာဉ်လယ်ယာတွေ ပျောက်မယ်။ တောတောင်တွေ ပျက်စီးမယ်။ လူတွေလည်း နေစရာမရှိတော့ဘူးဆိုတော့ ဒီသံလွင်စီမံကိန်းကို ဒီအရပ်မှာနေထိုင်တဲ့လူတွေ တယောက်မှမကြိုက်ဘူး” ဟု ဖာပွန်ခရိုင် ဆော့ဘွဲဒေါရွာသား စောဖားသူးကပြောသည်။

သံလွင်ရေကာတာစီမံကိန်းကြောင့် ကရင်ပြည်နယ်မှ ပြည်သူများ၏ဒုက္ခကို လူသားချင်းစာနာသည့် အနေဖြင့် အင်္ဂလန်၊ ကနေဒါ၊ အီတလီ၊ ဟောင်ကောင်နှင့် သြစတြေးလျနိုင်ငံတို့မှ နိုင်ငံခြားသား (၁၂) ဦးတို့ကလည်း ညနေ (၄) နာရီခန့်တွင်  မဲဆောက်-မြ၀တီတံတားထိပ်၌ ပိုစတာများကိုင်ဆောင်ကာ ငြိမ်းချမ်းစွာဆန္ဒပြကြသည်။

ထိုပိုစတာများတွင် ရေကာတာတည်ဆောက်မည့်ကိစ္စကိုရပ်ရန် ထိုင်း၊ မြန်မာ၊ အင်္ဂလိပ် (၃) ဘာသာဖြင့် ရေးသားထားသည်။

ဆန္ဒပြသူများက ရေကာတာဆက်မဆောက်ရေး မေတ္တာရပ်ခံစာများထည့်ထားသော ထိုင်းဝန်ကြီးချုပ်ထံ လိပ်မူထားသည့် စာအိတ်များကို ဝေငှကြပြီး ထိုစာအိတ်များကို ၀န်ကြီးချုပ်ထံ ပေးပို့ကြရန် မေတ္တာ ရပ်ခံကြသည်။

ရေကာတာတည်ဆောက်မည့်ကိစ္စကြောင့် ဒုက္ခရောက်ရသည် တိုင်းရင်းသားများကို လူသားချင်းစာနာ၍ လာရောက်ပါဝင်ခြင်းဖြစ်သည်ဟု ဆန္ဒပြရာ၌ပါဝင်သည့် မစ္စစ်ဆူဆန်ကပြောသည်။

သံလွင်မြစ် ရေကာတာတည်ဆောက်ရေး ဆန့်ကျင်ရေးနေ့အဖြစ် ယနေ့တရက်တည်း၌ပင် တိုကျို၊
ဝါရှင်တန်၊ ဆန်ဖရန်စစ္စကို၊ ဆစ်ဒနီ၊ ဒေလီ၊ ဘာလင် စသည့် ကမ္ဘာ့မြို့ (၁၀) မြို့ကျော်ရှိ ထိုင်းသံရုံး
များနှင့် ကောင်စစ်ဝန်ရုံများရှေ့တွင် ဆန့်ကျင်ရေးလှုပ်ရှားသူများက ကန့်ကွက်ဆန္ဒပြကြသည်ဟုလည်း သိရသည်။     ။


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook