ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


နအဖစစ်တပ်က ပိုမိုဆိုးရွားစွာ ညှဉ်းပန်းနှိပ်စက်နေဟု
မွန်အမျိုးသားနေ့၌ ထုတ်ပြန်ကြေညာ

ချမ်းလွန် / ၂ ဖေဖော်ဝါရီ ၂၀၀၇
mon

နအဖစစ်တပ်က မွန်လူထုများအား ဖိနှိပ်နေမှုများ လျော့ကျမသွားဘဲ ပိုမိုဆိုးရွားလာနေသည်ဟု
အဝေးရောက်မွန်အဖွဲ့အစည်းများက ယနေ့ကျရောက်သော အကြိမ် (၆၀) မြောက် မွန်အမျိုးသားနေ့တွင် ထုတ်ပြန်ကြေညာသည်။

မွန်လူမျိုးအားလုံးသည် အခြေခံအခွင့် အရေးများ အချိုးဖောက်ခံနေရပြီး ခွဲခြား ဆက်ဆံခံနေရကြောင်း ယင်းကြေညာ ချက်တွင် ရေးသားထားသည်။

ထိုင်းနိုင်ငံအခြေစိုက် တိုးတက်သော

မွန်လူငယ်များအစည်းအရုံး၊ မွန်အမျိုးသား သွေးစည်းညီညွတ်ရေးနှင့် ကူညီစောင့်ရှောက်မှုအဖွဲ့၊ မလေးရှားအခြေစိုက် မွန်အမျိုးသားဒီမိုကရက်တစ်တပ်ဦးနှင့် ကနေဒါ၊ အမေရိကန်၊ သြစတြေးလျ အပါအ၀င် ဥရောပမှ မွန်အဖွဲ့အစည်း (၁၃) ဖွဲ့က ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။

မွန်ပြည်သစ်ပါတီသည် နအဖစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့သော်လည်း နအဖ တပ်များက မွန်လူထုများကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ အဓမ္မ လုပ်အားပေးခိုင်းစေခြင်းနှင့် မြေယာများကို သိမ်းယူခြင်းတို့ကို ဆက်လက်လုပ်ဆောင်နေကြောင်း ကြေညာချက်တွင် ပါဝင်သည်။

အဝေးရောက်မွန်အဖွဲ့အစည်းများကြေညာချက်နှင့်ပတ်သက်၍ ပြောခွင့်ရသူ နိုင်ချမ်းထိုက်က “နအဖရဲ့ ဖိနှိပ်မှုက လျော့မသွားဘူး။ ရေးတောင်ပိုင်းမှာဆိုရင် မွန်လက်နက်ကိုင်အဖွဲ့ကနေပြီးတော့ နအဖကို ပြောက်ကျားစစ်နဲ့ တန်ပြန်နေလို့ နအဖက ပြည်သူတွေကို လျှောက်ပြီးညှဉ်းပန်းနေတယ်။ အဲဒီ လူ့အခွင့်အရေးချိုးဖောက်မှုတွေက ဘာမှပြောင်းလဲမှုမရှိဘဲ ပိုပြီးတော့ စိုးရိမ်စရာဖြစ်လာတယ်” ဟုပြောသည်။

အထူးသဖြင့် ရေးမြို့နယ်တောင်ပိုင်းနှင့် အခြားတိုင်းရင်းသားလူမျိုးစုများ၏ဒေသများတွင် နအဖစစ်တပ်၏ တိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ချက်ချင်းရပ်တန့်ပေးရန်နှင့် မွန်နယ်မြေဒေသ များတွင် နအဖစစ်တပ်များက လှုပ်ရှားမှုများ မပြုလုပ်ရန် အဝေးရောက်မွန်အဖွဲ့များက တောင်းဆိုသည်။

မွန်ပြည်သစ်ပါတီကမူ ယနေ့နိုင်ငံရေးအခြေအနေသည် ဆယ်စုနှစ်ကြာတောင်းဆိုခဲ့သော သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်သို့ ရောက်မလာခြင်းကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ရင်လေးစရာဖြစ်ကြောင်း ယနေ့ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများတွင် နအဖစစ်တပ်၏ ဖိနှိပ်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူများ နေ့စဉ်ရှိနေပြီး ပြီးခဲ့သည့် ဒီဇင်ဘာ၌ပင် ခေါဇာမြို့နယ်ခွဲမှ အမျိုးသမီးနှင့် ကလေးငယ် များအပါအ၀င် ရွာသား (၁၀၀) နီးပါးကို မွန်ပြည်သစ်ပါတီခွဲထွက် မွန်လက်နက်ကိုင်အဖွဲ့များကို ထောက်ခံသည်ဟုစွပ်စွဲပြီး နအဖစစ်တပ်က ဖမ်းဆီးနှိပ်စက်ခဲ့ကြောင်း မွန်လူ့အခွင့်အရေးအဖွဲ့က ပြောသည်။     ။


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook