| |

ဒေါ်အောင်ဆန်းစုကြည်

မင်းသမီး မီချဲယို |
အင်ဒီဟာရီးစ်၏ Left Bank Pictures ကုမ္ပဏီသည် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်၏ ဘဝ
ဇာတ်ကြောင်းကို ဘီဘီစီအတွက် ပေါင်စတာလင်ငွေ (၅)
သန်း အကုန်အကျခံ ရိုက်ကူးတော့မည်ဖြစ်သည်။
Left Bank သည် Crouching Tiger, Hidden Dragon ဇာတ် ကားများဖြင့် နာမည်ကြီးခဲ့သည့် မင်းသမီး မီချဲယိုကို ခေါင်း ဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ရန် ဆွေးနွေးနေဆဲ ဖြစ်သည်။
“ဒီဇာတ်ကားဟာ နိုင်ငံရေးဇာတ်လမ်းတပုဒ်အဖြစ်သာမက ပါဘူး၊ ကြေကွဲစရာ အချစ်ဇာတ်လမ်းတပုဒ်လည်း ဖြစ်ပါ
တယ်။ ဇာတ်ကောင်ဟာ အောက်စ်ဖို့ဒ်မှာ ဘွဲ့ရတယ်။
အင်္ဂလိပ်လူမျိုးတယောက်နဲ့ အိမ်ထောင်ကျပြီး သားနှစ် ယောက်ရတယ်။ ဇာတ်ကောင်ဟာ အမိတိုင်းပြည်ကို သွား ရောက်ကူညီဖို့ လအနည်းငယ်ကြာ သွားခဲ့ရာကနေ အနှစ်
(၂၀) အကျယ်ချုပ်ဘ၀နဲ့ အကျဉ်းစံ ဖြစ်ခဲ့ရတယ်” ဟု အင်ဒီဟာရီးစ်က ပြောသည်။
၎င်းက “ပြီးတော့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးလည်း ဖြစ်တယ်။ သူ့ကို မျှော်လင့်ချက်သင်္ကေတအဖြစ် မြင်ကြတဲ့ |