ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

ဘင်္ဂလားဒေ့ရှ်သို့ကြွမည့် သံဃာ့ဝန်ဆောင်အဖွဲ့ဝင်များကို
ဒေသခံသံဃာအဖွဲ့က ကန့်ကွက်

ကျော်ထင်/ ၁၉ ဖေဖော်ဝါရီ ၂၀၀၈
line

 


ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကြွလာမည့် နိုင်ငံတော် သံဃာ့နာယက ဆရာတော်တပါး ဦးဆောင်
သည့် သံဃာ (၆) ပါး ပါဝင်သောအဖွဲ့ကို အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ် (ဘင်္ဂလားဒေ့ရှ်) က ကန့်ကွက်လိုက်သည်။

ဘင်္ဂလားဒေ့ရှ်ရဟန်းတော်များသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာ (၁၈) ရက်မှစ၍ ပတ္တနိက္ကုဇ္ဇန ကံဆောင်ထားခဲ့ရာ စစ်အစိုးရဖွဲ့စည်းပေးထားသည့် သံဃာ့မဟာနာယကအဖွဲ့မှ ဆရာတော် များကြွရောက်လာမှုသည် သပိတ်မှောက်ကံဆောင်ခြင်းကို ပျက်ပြားစေရန် ရည်ရွယ်သည်ဟု မြန်မာရဟန်းတော်များအဖွဲ့ချုပ် (ဘင်္ဂလားဒေ့ရှ့်) အဖွဲ့၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် သီတင်းသုံးနေသော အဆိုပါသံဃာတော်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်ဒရော်ဘင် (ရွာတော်မြို့) ၌ ဗိုလ်ချုပ်ကြီးခင်ညွန့် ကမကထပြု တည်ထားခဲ့သော စေတီ အနေကဇာတင် ရေစက်ချမည့် အခမ်းအနားသို့ ယနေ့ ကြွလာမည်ဖြစ်ကြောင်း သိရသည်။

မြန်မာရဟန်းတော်များအဖွဲ့ချုပ် (ဘင်္ဂလားဒေ့ရှ်) အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် အရှင်မေဃိယက
“အဲဒီပုဂ္ဂိုလ်တွေဟာ ရွှေဝါရောင်တော်လှန်ရေးတုန်းက ရဟန်းပျိုတွေ စစ်တွေမှာ ဆန္ဒပြတဲ့
အခါ အပြင်းအထန် ကန့်ကွက်ခဲ့ကြတယ်။ အဲဒီအချိန်တုန်းက ဒီဆရာတော်တွေ ကျောင်းထိုင် နေတဲ့ ကျောင်းတိုက်တွေကို လူငယ်သံဃာတွေက ခဲနဲ့တောင် ပေါက်ခဲ့ကြတယ်“ ဟု
ပြောသည်။

မနက်ဖြန်တွင် ပြုလုပ်မည့် အနေကဇာတင်ပွဲသို့ ကြွရောက်ရန် ရွာတော်မြို့မှ ဆရာတော်
ဦးစောလှခေါ် ပညာဇောတက စစ်တွေမြို့မှ မဏိရတနာ ဆရာတော်၊ ဒက္ခိဏရာမ ဆရာတော်၊ ဓမ္မသုခ ဆရာတော်၊ ပညာလင်္ကာရ ဆရာတော်၊ မောင်းတောမြို့မှ အောင်ဗလ ဆရာတော်နှင့် ဇောတိကာရုံ ဆရာတော်တို့ကို ဖိတ်ကြားခြင်းဖြစ်ကြောင်း အရှင်မေဃိယက မိန့်ကြားသည်။

သံဃာ့ဝန်ဆောင်အဖွဲ့၏ ရပ်တည်ချက်နှင့်ပတ်သက်၍ အရှင်မေဃိယက “နအဖကို ဆန့်ကျင်
တဲ့ ဘုန်းကြီးနဲ့ ထောက်ခံတဲ့ ဘုန်းကြီးတွေဟာ ကွဲပြားမှာတော့ အမှန်ပဲ။ အခုလည်း နအဖမှာ သူတို့ဖွဲ့စည်းထားတဲ့ သံဃာ့ဝန်ဆောင်အဖွဲ့ဆိုတာ အလိုတော်ရိ အဖွဲ့သာဖြစ်တယ်။ အခု စစ်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ သံဃာ့ဆန္ဒပြမှုဆိုတာလည်း သူတို့ကို ဆန့်ကျင်သူနဲ့ ထောက်ခံသူတွေ အကြား ဖြစ်တဲ့ တိုက်ပွဲပဲဖြစ်တယ်” ဟု မိန့်ကြားသည်။

မြန်မာရဟန်းတော်များအဖွဲ့ချုပ် (ဘင်္ဂလားဒေ့ရှ်) သည် သံဃာတော်များ ဦးဆောင်သော စက်တင်ဘာ လူထုလှုပ်ရှားမှု နောက်ပိုင်းတွင် ပြည်ပတွင်ဖွဲ့စည်းခဲ့သည့် သာသနာ့ ဦးသျှောင် အဖွဲ့၏ အဖွဲ့ဝင်ဖြစ်သည်။       ။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook