ကြောင်းလိုင်း (အမ်အေအိုင်) ရန်ကုန်ရုံးချုပ်မှ တာဝန်ရှိသူတဦးက ပြောသည်။
အမ်အေအိုင် ဈေးကွက်မြှင့်တင်ရေးဌာန တာဝန်ခံ ဒေါ်အေးမြသာက “အာမခံကိစ္စကြောင့်
ရပ်လိုက်ရတာပါ။ ကျမတို့ရဲ့ အမ်ဒီ (၈၂) အမျိုးအစား လေယာဉ်တွေကို လန်ဒန်မှာရှိတဲ့ ကုမ္ပဏီက အာမခံ မပေးလို့ ကျမတို့ လေယာဉ်ပျံကို ပြန်ပြီးတော့ အပ်လိုက်တာပေါ့နော်။ အမ်ဒီ
(၈၂)
ဆိုတော့ မော်ဒယ်လ်အမျိုးအစားကလည်း နည်းနည်းဟောင်းနေပြီဆိုတော့၊ ခု ကျမတို့ လေယာဉ် အသစ်တစီး အဲဘတ်စ် (၃၁၉) ပြန်ရှာလို့ရတော့ ပြန်စွဲတာပါ” ဟု ပြောသည်။
ခရီးစဉ်များကို ဇန်န၀ါရီလဆန်းပိုင်းတွင် ပြန်စမည်ခန့်မှန်းသော်လည်း ရက်အတိအကျ မသတ်မှတ် ရသေးကြောင်း၊ ရန်ကုန်-ဘန်ကောက်ခရီးစဉ်ကို မူလက တနေ့ (၂) ခေါက် နေ့စဉ်ပျံသန်းရာမှ
တနေ့ (၁) ခေါက်သာ ပျံသန်းမည်ဖြစ်ကြောင်း၊ ရန်ကုန်-ကွာလာလမ်ပူခရီးစဉ်ကိုလည်း တပတ်
(၅) ရက်ပျံသန်းရာမှ အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် တနင်္ဂနွေ (၃) ရက်သာ ပျံသန်းမည်ဖြစ်ကြောင်း ဒေါ်အေး မြသာက ပြောသည်။
အမ်အေအိုင်လေကြောင်းလိုင်းကို ၁၉၉၃ ခုက စတင်ခဲ့ပြီး လက်ရှိအချိန်၌ မြန်မာ့လေကြောင်းက (၅၁) ရာနှုန်းနှင့် စင်ကာပူကုမ္ပဏီ Region Air (HK) Ltd. က (၄၉) ရာခိုင်နှုန်း ထည့်ဝင်ကာ ဖက်စပ်လုပ်ကိုင်နေခြင်းဖြစ်သည်။ ထိုင်းနှင့် မလေးရှားနိုင်ငံခရီးစဉ်များ ရပ်ဆိုင်းထားသော်လည်း
ရန်ကုန်-စင်ကာပူခရီးစဉ်ကို ရပ်ဆိုင်းခြင်းမရှိဘဲ ဂျက်စတားလေကြောင်းလိုင်းနှင့်ပူးပေါင်းကာ ပြေးဆွဲလျက်ရှိသည်။ ။ |