ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

ကုလအတွင်းရေးမှူးချုပ် မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့နှင့် ပထမဆုံးစတင်ဆွေးနွေး
NEJ/ ၂၀ ဒီဇင်ဘာ ၂၀၀၇
line

 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည် နိုင်ငံပါင်း (၁၄) နိုင်ငံပါသည့် မြန်မာ့ မိတ်ဆွေနိုင်ငံများအဖွဲ့နှင့် ယမန်နေ့က တွေ့ဆုံ၍ မြန်မာပြဿနာ အဖြေရှာရေး တခါးပိတ် ဆွေးနွေးပွဲကျင်းပသည်ဟု ကုလသမဂ္ဂက သတင်းထုတ်ပြန်သည်။

ဆွေးနွေးသည့်အကြောင်းအရာအသေးစိတ်ကို မသိရှိရသော်လည်း ကုလသမဂ္ဂအတွင်းရေးမှူး
ချုပ်ရုံး၏ မြန်မာ့အရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို အထောက်အကူဖြစ်စေရန် ထိုအဖွဲ့က ဆွေးနွေးတိုင်ပင် အကြံဥာဏ်ပေးလိမ့်မည်ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ မီရှဲလ် မွန်တတ်စ်က ပြောသည်။

မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့တွင် မြန်မာ့အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဗီယက်နမ် နိုင်ငံတို့အပြင် အမေရိကန်၊ ပြင်သစ်၊ ယူကေ၊ သြစတြေးလျ၊ ရုရှ၊ ဂျပန်၊ နော်ဝေနှင့် ပေါ်တူဂီ စသည့်နိုင်ငံတို့ပါဝင်ပြီး လိုအပ်သလို အလွတ်သဘောဆွေးနွေးမှုများ ထပ်မံပြုလုပ်သွား မည်ဟု သိရသည်။

စက်တင်ဘာအရေးအခင်းအပြီး ကျင်းပသည့် လုံခြုံရေးကောင်စီ၏ မြန်မာ့အရေးအစည်းအဝေးပွဲ နောက်ပိုင်းတွင် အဆိုပါအဖွဲ့ ပေါ်ပေါက်လာခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၌အမျိုးသားပြန်လည်သင့်မြတ် ရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ အတွင်းရေးမှူးချုပ်က ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဆွေးနွေးပွဲသို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင်ဂမ်ဘာရီလည်းတက်ရောက်ပြီး လာမည့်ဇန်န၀ါရီ၌ မြန်မာနိုင်ငံသို့ထပ်မံသွားရောက် မည်ဟု ပြောကြားသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook