ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်များအခြေအနေ
လူမှုရေးအဖွဲ့အစည်းတခုမှ အစီရင်ခံစာ ထုတ်ပြန်

NEJ/ ၉ ဧပြီ ၂၀၀၈
line

 

ထိုင်းနိုင်င်ငံတ၀န်းလုံးရှိ ဒုက္ခသည်စခန်းများတွင် ၂၀၀၈ ဖေဖော်ဝါရီလကုန်ထိ မြန်မာဒုက္ခသည် စုစုပေါင်း (၁) သိန်းခွဲကျော် ရှိသည်ဟု နိုင်ငံခြား လူမှုရေးအဖွဲ့အစည်းတခု၏ အစီရင်ခံစာတွင် ဖော်ပြထားသည့်အတွက် ၂၀၀၆ ခု ဒီဇင်ဘာလ ဒုက္ခသည်အရေအတွက်နှင့်စာလျှင် (၂) နှစ် အတွင်း (၈) ရာခိုင်နှုန်း လျော့နည်းသွားခြင်းဖြစ်သည်။

မကြာမီက ထုတ်ပြန်သည့် ထိုင်းမြန်မာနယ်စပ် အကူအညီပေးရေးအဖွဲ့ (TBBC) ၏ အစီရင်ခံစာ
တွင် ယင်းသို့ဖော်ပြထားခြင်းဖြစ်သည်။ ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည် စုစုပေါင်း၏ (၆၁) ရာနှုန်း
မှာ ကရင်ဒုက္ခသည်များဖြစ်သည်ဟုလည်း ဖော်ပြပါရှိသည်။

အဆိုပါအဖွဲ့အစည်း၏ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်အတွင်း၌ ရှမ်းဒုက္ခသည် (၅၉၈) ဦး၊ မဲဟောင်ဆောင်ပြည်နယ်တွင်းရှိ စခန်း(၄) ခုတွင် မြန်မာဒုက္ခသည် (၅၄,၀၀၀) ဦး၊ တပ်ပြည်နယ်တွင်းရှိ စခန်း(၃) ခုတွင် မြန်မာဒုက္ခသည် (၇၅,၀၀၀) ၊ ကန်ကျနဘူရီပြည်နယ်ရှိ စခန်းတခုတွင် မြန်မာဒုက္ခသည် (၄,၀၀၀) ကျော်၊ ရပ်ခ်ျဘူရီပြည်နယ်တွင်းရှိ စခန်းတခုတွင် မြန်မာဒုက္ခသည် (၇,၅၀၀) ၊ မွန်ပြန်လည်နေရာချထားရေးစခန်း (၄) ခုတွင် ဒုက္ခသည်
(၁၀,၀၀၀) ကျော် စုစုပေါင်း မြန်မာဒုက္ခသည် (၁၅၂,၀၀၀) နီးပါးရှိသည်။

ထိုင်းနိုင်ငံ ဒုက္ခသည်စခန်း အသီးသီးရှိ မြန်မာဒုက္ခသည်အမျိုးအစားကို TBBC အဖွဲ့က ရာခိုင် နှုန်းဖြင့် တွက်ပြရာတွင် (၆၁) ရာနှုန်းရှိသည့် ကရင်ဒုက္ခသည်က အများဆုံးဖြစ်နေပြီး ကရင်နီက (၁၇) ရာနှုန်း၊ တနင်္သာရီတိုင်းက (၇) ရာနှုန်းနှင့် မွန်ပြည်နယ်က (၅) ရာနှုန်းစသဖြင့် တွေ့ရ
သည်။ ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည် စုစုပေါင်း အရေအတွက် အတွင်း၌ပင် (မွန်ပြန်လည် နေရာ ချထားရေးစခန်း လေးခုမပါ) အမျိုးသား (၆) သောင်းကျော်ရှိပြီး အမျိုးသမီးကလည်း (၆) သောင်းကျော်ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနယ်စပ်အနီးရှိ ဒုက္ခသည်စခန်းများမှ မြန်မာများကို အဓမ္မရွှေ့ပြောင်းခံရသူများအဖြစ် ထိုင်းအစိုးရက သတ်မှတ်ထားကြောင်း၊ ၂၀၀၆ ခု နိုင်ငံတကာရွှေ့ပြောင်းသူများဆိုင်ရာအဖွဲ့
(IOM) အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါ ဒုက္ခသည်စခန်းများမှ မြန်မာများအနေနှင့် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သို့  ဒုက္ခသည်အဖြစ် လျှောက်ထားခွင့်မရှိဟု ထိုင်းအစိုးရက သတ်မှတ်သည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် ဘန်ကောက်မြို့သို့ တိုက်ရိုက်ရောက်လာပြီး ဒုက္ခသည်အဖြစ် လျှောက် ထားသူများကိုမူ မြို့ပြဆိုင်ရာဒုက္ခသည်များဟု တရားမ၀င် သုံးနှုန်းသော်လည်း ထိုင်းအစိုးရ အနေနှင့် အဆိုပါ ဒုက္ခသည်အမျိုးအစားများကို UNHCR အတွက် နေရပ်ပြန်ရန် စိုးရိမ်ရသူများ အဆင့်အတန်းအဖြစ် သတ်မှတ်ထားပြီး မူရင်းနိုင်ငံသို့ ပြန်မပို့တော့ဟု ဆိုသည်။

ယခုကဲ့သို့ ဒုက္ခသည်အမျိုးအစားထဲမှ UNHCR သို့ လျှောက်ထားပြီးစီးပါက ၎င်းတို့၏ လျှောက်ထား ချက်များကို အတည်မပြုမချင်း ဒုက္ခသည်လျှောက်ထားသူများအဆင့်ဟု သတ်မှတ်ထားသည်။ အဆိုပါဒုက္ခသည်အမျိုးအစားများအနေနှင့် ဒုက္ခသည်အဖြစ် UNHCR က တရားဝင် အသိအမှတ် ပြုပြီးလျှင် တတိယနိုင်ငံတခုခုသို့ ပြောင်းရွှေ့အခြေချခွင့်ရှိကြောင်း IOM အစီရင်ခံစာတွင် ရှင်းလင်းထားသည်။       ။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook