လျှင် အနည်းဆုံး လူ (၁,၅၀၀) ခန့် မဲဆောက်ဘက်သို့ ကူးနေကြသည်ဟု ကူးတို့စက်လှေမောင်းသူ တဦးက
ပြောသည်။
၎င်းက “သင်္ကြန်မကျခင် မဲဆောက်က မြန်အလုပ်သမားတွေ အိမ်ပြန်တာ တဆဆိုရင် သူတို့ပြန် တက်လာတော့ အနည်းဆုံးနှစ်ဆ ဖြစ်သွားတယ်။ ဒီဂိတ်မှာတောင် ကားတန်းအတက် လူတထောင် ကျော်ကူးနေတော့ ဂိတ်ပေါင်း အားလုံး (၁၉) ဂိတ်ရှိတယ်ဆိုတော့ တွက်သာကြည့်ပေတော့” ဟုပြောသည်။
ထိုင်းဘက်သို့ အလုပ်အကိုင်လာရောက်ရှာဖွေသည့် မြန်မာနိုင်ငံသားအများစုမှာ ချစ်ကြည်ရေး တံတားမှ ဖြတ်ပါက စစ်ဆေးမေးမြန်းမှုများသောကြောင့် တရားမ၀င်ဂိတ်များဖြစ်သည့် အမှတ် (၂) ဂိတ်အပါအ၀င် အခြားခိုးကူးဂိတ်များကို အသုံးပြုကြပြီး ချစ်ကြည်ရေးတံတားဘေးဝဲယာတွင်
တရားမ၀င်ဂိတ် (၁၉) ခုရှိသည်။
မဲဆောက်ရှိ မယ်ပအထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမတဦးက “သင်္ကြန်မှာအလုပ်ပိတ်တော့ လယ်ဝေးကို ပြန်ပြီး အိမ်ကညီမတွေမောင်တွေကို ပြန်ခေါ်တာပါ။ ဟိုမှာက အလုပ်အကိုင်ရှားတော့ တွက်ခြေမကိုက်ဘူး။ ဒီမှာက ဘယ်လိုပဲဖြစ်ဖြစ် ဟိုမှာထက်သာတယ်။ ကျမတို့လိုပဲ အခါတွင်း အိမ်ပြန်တဲ့လူတွေလည်း ဆွေမျိုးသားချင်းတွေကို ခေါ်လာကြတာ အများကြီးပဲ” ဟုပြောသည်။
လယ်ဝေးမှ လိုက်လာသူတဦးက “လယ်ဝေးမှာ နေ့စားလုပ်ရင် တနေ့ (၁,၂၀၀) ပဲရတယ်။ ဒါတောင် အမြဲမရှိဘူး။ အခုဆန်တပြည် (၈၀၀) ရှိတယ်” ဟုပြောသည်။
အမှတ် (၂) ဂိတ် ထိုင်းဘက်ကမ်းတွင် ထိုင်းလူဝင်မှုကြီးကြပ်ရေးက တရက်တာ ခရီးသွား လက်မှတ်များကို အခမဲ့ပြုလုပ်ပေးပြီး မဲဆောက်သို့သွားမည့်သူသည် မိမိ၏နိုင်ငံသားစိစစ်ရေး ကတ်ပြားဖြင့် တရက်စာခရီးသွားလက်မှတ်ကို လဲလှယ်ရပြီး ညနေ (၅) နာရီအရောက် ပြန်လာ
ရကာ လက်မှတ်ချင်း ပြန်လဲယူရသည်။
အလုပ်လာရှာသည့် မြန်မာနိုင်ငံသားအများစုမှာမူ လက်မှတ်မလဲဘဲ လိုင်းကားသမားများနှင့်ညှိကာ အဆင်ပြေသလို သွားလာနေကြသည်ဟု စက်လှေမောင်းသည့် ကိုကုလားကပြောသည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထိုင်းနိုင်ငံအတွင်း ဒေသအလိုက် တနေ့တာ အနိမ့်ဆုံး လုပ်အား ခများ သတ်မှတ်ပေးထားပြီး မဲဆောက်မြို့အပါအ၀င် တာ့ခ်ခရိုင်အတွင်း သတ်မှတ်ထားသည့် အနိမ့်ဆုံးတနေ့တာလုပ် အားခမှာ (၁၄၇) ဘတ်ဖြစ်သည်။
မဲဆောက်တွင် ပန်းရန်အလုပ်ကြမ်းသမားတဦးလျှင် တနေ့လုပ်အားခ ထိုင်းဘတ် (၉၀-၁၀၀)
ခန့်ရပြီး မဲဆောက်၌ ယနေ့ငွေလဲနှုန်းမှာ ကျပ် (၁၀၀) လျှင် (၂.၆၈) ဘတ်ဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသ၌ တရားမ၀င်အလုပ်သမားများအား ပုံမှန်ဖမ်းဆီးပြန်ပို့မှု များရှိသော်လည်း နေ့စဉ်နှင့်အမျှ ထပ်မံဝင်ရောက်လာသူများ ရှိနေသည်။ ။ |