တက်ရောက်ကာ ၎င်း၏လုပ်ဖော်ကိုင်ဖက်တပ်မှူးများ၊ မဟာမိတ်အဖွဲ့အသီးသီးမှ ခေါင်းဆောင်များက ဈာပန၌ အမှတ်တရ ဂုဏ်ပြုစကားများပြောကြားကြပြီး ၀တ်ပြုဆုတောင်းကာ ဓမ္မတေးသီချင်းများဖြင့် ဂုဏ်ပြုကြသည်။
မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်၏ ရုပ်ကလပ်အား စစ်ရေးပြအခမ်းအနားဖြင့် ဂုဏ်ပြုသေနတ်ပစ်ဖောက်ကာ (၁၀၁) တပ်ရင်း သူရဲကောင်းဗိမာန်တွင် ဂူသွင်းမြှုပ်နှံသည်။
ဗိုလ်ချုပ်ကျော်သောင်းသည် ၁၉၄၇ ခု KNU နှင့် KNDO တို့ကိုဖွဲ့စည်းရာတွင်ပါဝင်ခဲ့ပြီး ၁၉၄၉ ခု ကရင်တော်လှန်ရေး စတင်သည့် အင်းစိန်တိုက်ပွဲ၌ ၀င်ရောက်တိုက်ခိုက်ခဲ့သည်။ အင်းစိန်မှပြန် ဆုတ်ပြီးနောက် ဧရာဝတီမြစ်ခံစစ်ကြောင်း တိုက်ပွဲများတွင် တပ်စုမှူးအဖြစ် ပါဝင်ခဲ့ပြီး ၎င်း၏ မိခင်တပ်ရင်းမှာ တပ်ရင်း (၁) ဖြစ်သည်။
၎င်းသည် တော်လှန်ရေးလုပ်ရင်း တပ်မှူးဘ၀ဖြင့် နိုင်ငံရေး စစ်ရေးတို့ကို လေ့လာခဲ့ပြီး ၁၉၅၉ ခုတွင် KNU အရံ ဗဟိုကော်မတီဝင်ဖြစ်လာကာ မြစ်ဝကျွန်းပေါ်တပ်မ နိုင်ငံရေးမှူးအဖြစ်လည်းကောင်း၊ တပ်မမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
မြစ်ဝကျွန်းပေါ်စစ်ဒေသတွင် ဖြစ်ပွားခဲ့သည့် ၁၉၅၈ ခု တာတပေါစစ်ဆင်ရေး၊ ၆၄-၆၅ ဆင်မင်း စစ်ဆင်ရေး၊ ၁၉၆၆ ခု အောင်စစ်သည်စစ်ဆင်ရေး၊ မိုးဟိန်း-ရွှေလင်းယုန်စစ်ဆင်ရေးတို့တွင် ဦးစီးတိုက်ခိုက်ခဲ့သည်။
၁၉၆၀ မှ ၁၉၇၄ ခုအထိ ပဲခူးရိုးမထိုးစစ်ကြီးများကို ဦးစီးပါဝင်တိုက်ခိုက်ခဲ့ပြီး ၁၉၇၅ မှ ၁၉၉၅ ခုအထိ ကရင်ပြည်နယ် ၀မ်းခါတိုက်ပွဲတွင် ဗိုလ်မှူးချုပ်တောလှ၊ ဗိုလ်မှူးကြီးသန်းမောင်တို့နှင့်အတူ ဦးစီးခဲ့ကာ ၁၉၉၅ မှ ၂၀၀၄ ခုအထိ KNDO စစ်ဦးစီးချုပ်တာဝန်ယူခဲ့သည်။ အသက် (၈၃) နှစ်အရွယ်တွင် ကွယ်လွန်သည့် ဗိုလ်ချုပ်ကျော်သောင်းသည် ကရင့်အမျိုးသားတော်လှန်ရေး၌ နှစ် (၆၀) ပါဝင်ခဲ့သည်။
ကွယ်လွန်ချိန်အထိ KNU ၏ ဂုဏ်ထူးဆောင်နာယကအဖွဲ့ဝင်အဖြစ် နောက်ဆုံးတာဝန်ယူခဲ့သည်။
ဗိုလ်ချုပ်ကျော်သောင်းသည် အဖ မန်းနန်းရင်၊ အမိ နန်းညွန့်တို့မှ ၁၉၂၄ ခုတွင် ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် ထိန်ကုလားကုန်းရွာ၌ ဖွားမြင်သည်။ |