ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


ရဲကင်းရုံများ မြို့လယ်နေရာအနှံ့ချထား
NEJ / ၁၂ ဧပြီ ၂၀၀၇
pokice box
ရန်ကုန်မှ ရဲကင်းရုံတခု

ရန်ကုန်မြို့တွင်း မီးပွိုင့်လမ်းဆုံများတွင် မကြာသေး မီလပိုင်းအတွင်း ရဲကင်းရုံ (Police Box) များ ချထားသည်ကို တွေ့ရသော်လည်း ထိုရဲကင်းရုံများရှိ ရဲများသည် မည်သည့်လုပ်ငန်းမျှ လုပ်ဆောင် သည်ကို မတွေ့ရဟု ရန်ကုန်မြို့ခံများထံမှ သိရသည်။

“ရန်ကင်း ၁၂ လုံးတန်းထိပ်မှာတော့ ရဲကင်းရုံနဲ့ ရဲနှစ်ယောက်လောက်တွေ့တယ်။ ဘာမှမလုပ်ဘူး ဒီတိုင်းပဲ ရဲကင်းရုံထဲမှာ ထိုင်နေတာတွေ့တယ်။ လောလောဆယ်တော့ လှုပ်ရှားမှုမတွေ့ဘူး။

ယာဉ်သွားလမ်းရှင်းတာတွေ ဘာတွေလည်းမလုပ်ဘူး။ အခုဟာက ရဲတွေပုံပျက်နေတာ၊ တခြားနေရာ တွေမှာလည်းဒီလိုပဲ” ဟု ရန်ကင်းတွင် နေထိုင်သူ တဦးကပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီတွင် ရန်ကုန်မြို့၌ ယာဉ်ထိန်းရဲများပျောက်သွားပြီး ၎င်းတို့၏နေရာတွင် ရိုးရိုး ရဲများက လမ်းပြအလုပ်များဝင်လုပ်နေသည်ကို တွေ့ရပြီး ယခုတခါ ရန်ကုန်မြို့ လမ်းဆုံများတွင် ရဲကင်းရုံများ ပိုမိုချထားကာ ကင်းရုံတွင်း၌ ရဲတယောက်နှစ်ယောက်ခန့်ကို တွေ့ရသည်ဟု ၎င်းက ပြောသည်။

လသာမြို့နယ်တွင် နေထိုင်သူတဦးက ရန်ကုန်မြို့လယ် သိမ်ကြီးဈေးရှေ့တွင် ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ထိုသို့ ရဲကင်းရုံများ တိုးမြှင့်ချထားသည်ကို တွေ့ရသည်ဟုပြောသည်။

ကျောက်တံတားမြို့နယ်မှ ရဲအရာရှိတဦးက “အခုတလော မြို့လယ်ဝန်းကျင်မှာ ဆန္ဒပြမှုတွေ ဟိုနေရာ ဒီနေရာကနေ ဖြစ်လာတယ်။ အဲဒါတွေကို အချိန်မီထိန်းဖို့လိုတယ်။ နောက်တချက်က မြို့လယ်ကောင်မှာ ဆွဲကြိုးဖြတ်ပြေးတာ၊ လုယက်တာ၊ လူသတ်တာ၊ အနုကြမ်းစီးတာမျိုးတွေ မကြာခဏဖြစ်နေတယ်။ ဒါတွေကို အချိန်မီကိုင်တွယ်နိုင်ဖို့ ရဲကင်းရုံတွေထားရတာဖြစ်တယ်” ဟုပြောသည်။

ကိုထင်ကျော်ဦးစီးသည့် သိမ်ကြီးဈေးရှေ့ဆန္ဒပြပွဲ ဖြစ်ပွားခဲ့စဉ်က ရဲတပ်ဖွဲ့အနေဖြင့် အချိန်မီမသိလိုက်ဘဲ သိရှိချိန်ရောက်သော်လည်း ထိုဆန္ဒပြပွဲသည် အမှန်တကယ်အစစ်လား၊ အစိုးရကစီစဉ်သည့် ဆန္ဒပြပွဲ အတုလားဟူသည်ကို ရုတ်တရက်ဝေခွဲမရသဖြင့် အထက်အာဏာပိုင်များထံ တင်ပြရပြီး စစ်ဒေသက
ဝင်ရောက်တားမြစ်ဖမ်းဆီးမှ ပွဲပြီးသွားခဲ့ကြောင်း ထိုရဲအရာရှိကပြောသည်။

 “ဒီအဖြစ်အပျက်ကို သင်ခန်းစာယူပြီး အစိုးရနဲ့ပြည်ခိုင်ဖြိုးက ဦးစီးပြုလုပ်မယ့် ဆန္ဒပြပွဲအတုတွေကို
ဝန်းရံပေးဖို့နဲ့ ပြည်သူနဲ့ အတိုက်အခံတွေက လုပ်လာဖွယ်ရှိတဲ့ ဆန္ဒပြပွဲအစစ်တွေကို အချိန်မီဟန့်တား နိုင်အောင်ဖြစ်တယ်” ဟု ၎င်းကပြောသည်။     ။


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook