ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၂) (ဆောင်းပါး)
 


quote
 

 

 

ကိုမင်းကိုနိုင် ကျန်းမာရေးမကောင်း
မင်းနိုင်သူ / ၂၅ နိုဝင်ဘာ ၂၀၀၉

line

 

ကျိုင်းတုံအကျဉ်းထောင်တွင် ထောင်ဒဏ် (၆၅) နှစ်ကျခံနေရသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကျန်းမာရေးမကောင်းဟု မိသားစုမှ ထုတ်ဖော်ပြောဆိုလိုက်ကြောင်း သိရသည်။

“သူက သွေးတိုး၊ နှလုံးရောဂါအခံလည်း ရှိတယ်။ သူ့အစ်မတွေ ပြီးခဲ့တဲ့ ထောင်ဝင်စာ သွားတွေ့တုန်းက ကျန်းမာရေး မကောင်းဘူးဆိုတာ သိခဲ့ရတယ်တဲ့။ ကျနော်တို့ သူ့မိဘအိမ်ဘက်ရောက်တုန်း ၀င်မေးလို့ ပြောပြလိုက်တာပါ”ဟု အန်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က ပြောသည်။

အန်အယ်လ်ဒီပါတီမှ ဦးခင်မောင်ဆွေ၊ ဒေါက်တာဝင်းနိုင်၊ ဒေါက်တာသန်းငြိမ်းနှင့် ဦးစိန်လှဦးတို့ သင်္ဃန်းကျွန်းမြို့နယ် အန်အယ်လ်ဒီပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် အိမ်မှအပြန် ကိုမင်းကိုနိုင်၏ မိဘများထံ ၀င်ရောက်တွေ့ဆုံစဉ် မိသားစုက ကိုမင်းကိုနိုင်၏ ကျန်းမာရေးအခြေအနေကို ပြောပြခြင်းဖြစ်သည်။

“ထားတဲ့နေရာက ဝေးလွန်းတော့ မိသားစုတွေကလည်း မကြာမကြာ သွားမတွေ့နိုင်ဖြစ်ကြရတယ်။ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေကလည်း မကောင်းဘူးဆိုတဲ့ သတင်းတွေလည်း ခဏခဏထွက်နေတယ်။ ဇာဂနာလည်း သိပ်ကျန်းမာရေးမကောင်းဘူး။ နီမိုလှိုင်တို့လည်း မကောင်းဘူးဆိုတော့ ထောင်တွင်းကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက်တွေ အများကြီးရှိနေတယ်ဆိုတာ ထင်ရှားနေတာပေါ့ ” ဟု ဒေါက်တာဝင်းနိုင်က ပြောသည်။

ကိုမင်းကိုနိုင်သည် ၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း စစ်အစိုးရ၏ လောင်စာဆီဈေးနှုန်းမြှင့်တင်မှုအပေါ် ကန့်ကွက်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့မှုအပြီးတွင် အခြားသော ၈၈ မျိုးဆက်ကျောင်းသားများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက် နအဖစစ်အစိုးရက ထောင်ဒဏ် (၆၅) နှစ်အထိ အပြစ်ပေးကာ ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် မိသားစုများနှင့်ဝေးရာ ရှမ်းပြည်နယ် ကျိုင်းတုံထောင်သို့ ပို့ဆောင်ခဲ့သည်။

ကိုမင်းကိုနိုင်သည် ၁၉၈၈ ခုနှစ်တွင် ဗကသဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံခဲ့ရပြီး ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ကျောင်းသားအခွင့်အရေးများအတွက် အကြမ်းမဖက်နည်းဖြင့် အစဉ်တစိုက် တိုက်ပွဲဝင်နေသူတဦးဖြစ်သည်။

မြန်မာပြည်သူလူထုကို ကိုယ်စားပြုကာ စစ်အစိုးရကို အကြမ်းမဖက်နည်းဖြင့် တိုက်ပွဲဝင်ခဲ့သောကြောင့် နိုင်ငံတကာမှ ကိုမင်းကိုနိုင်ကို ဆုများပေးအပ်ချီးမြှင့်ခဲ့ရာ ဆု (၆) ခု ရရှိခဲ့ပြီးဖြစ်သည်။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo