ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ရန်ကုန်တိုင်း အန်အယ်လ်ဒီလူငယ်တဦး
အကြောင်းမဲ့ ရဲအရိုက်ခံရ

မင်းနိုင်သူ / ၂၅ နိုဝင်ဘာ ၂၀၀၉

line

 

ရန်ကုန်တိုင်း အန်အယ်လ်ဒီ လူငယ်အထောက်အကူပြုအဖွဲ့ဝင် ကိုမင်းနိုင်ကို လှည်းကူးမြို့နယ် ရဲစခန်းမှ ရဲတပ်ကြပ် ဝေဖြိုးဦးက အကြောင်းမဲ့ရိုက်နှက်ခဲ့မှုတရပ် ထောက်ကြံ့မြို့နယ်အတွင်း နိုဝင်ဘာ (၁၉) ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ကိုမင်းနိုင်က လှည်းကူးလူငယ်ခေါင်းဆောင်လည်းဖြစ်ပါတယ်။ အဲဒီနေ့က သူက ထောက်ကြံ့ဘက်ကနေ ရန်ကုန်ကိုသွားဖို့ ကားစောင့်နေတုန်းမှာ ရဲတပ်ကြပ် ဝေဖြိုးဦးက ဆိုင်ကယ်နဲ့ ရောက်လာပြီး မင်းက လှည်းကူးက မင်းနိုင်လားလို့မေးတယ်။ သူက ဟုတ်ပါတယ်လို့ ပြန်ဖြေတော့ မင်းတို့ အန်အယ်လ်ဒီကို ငါတို့ရဲက ရိုက်တယ်ကွာဆိုပြီး ဖိနပ်ချွတ်ပြီး နားအုံတွေ၊ မျက်နှာတွေကို ရိုက်တယ်တဲ့ဗျာ” ဟု အန်အယ်လ်ဒီဗဟို ပြန်ကြားရေးမှ ဒေါက်တာဝင်းနိုင်က ပြောသည်။

ထိုသို့ရိုက်နှက်စဉ် ရဲတပ်ကြပ်ဝေဖြိုးဦး၏ ဆိုင်ကယ်နောက်မှပါလာသော လှည်းကူးမှ ရှေ့နေ ကိုစိုးမင်းဝင်းဆိုသူက မလုပ်ရန်တားမြစ်ခဲ့သော်လည်း ရဲတပ်ကြပ်ဝေဖြိုးဦးက လက်မခံဘဲ ဆက်လက်ရိုက်နှက်ခဲ့ကြောင်း သိရသည်။

အဆိုပါအရိုက်ခံရမှုအတွက် ထောက်ကြံ့ရဲစခန်းသို့ သွားရောက်တိုင်ကြားရာ အရိုက်ခံရသူ ကိုမင်းနိုင်ကို အရက်သောက်ထားမထား ဆေးအရင်စစ်ပြီးမှ အမှုဖွင့်ပေးနိုင်မည်ဆိုကာ အင်းစိန်ဆေးရုံသို့ ဆေးစစ်ခိုင်းခဲ့သည်ဟု ဒေါက်တာဝင်းနိုင်က ပြောသည်။

၎င်းက “နောက်တော့ အင်းစိန်ဆေးရုံက နားနှာခေါင်းဆေးရုံကို ဆက်လွှဲတယ်။ နားနှာခေါင်းဆေးရုံကျမှ သိလိုက်ရတာက အရိုက်ခံထားရမှုကြောင့် နားစည်ပေါက်သွားတာ။ အတွင်းလူနာအဖြစ်တော့ မတင်ဘူးဗျာ။ ဆေးပေးပြီးပဲ ပြန်လွှတ်လိုက်တယ်” ဟု ပြောသည်။

အဆိုပါ အကြောင်းမဲ့ရိုက်နှက်ခံရမှုကို ယမန်နေ့ကမှ ထောက်ကြံ့ရဲစခန်းတွင် အမှုဖွင့်နိုင်ခဲ့ပြီး ထောက်ကြံ့ရဲစခန်းတွင် စစ်ဆေးမေးမြန်းမှုမပြုဘဲ မှော်ဘီရဲစခန်းသို့ ခေါ်ဆောင်မေးမြန်းခဲ့ကြောင်း သိရသည်။

“မနေ့က ညနေ (၄) နာရီအထိ စစ်မေးတယ်။ ဒီနေ့ သက်သေတင်ဖို့ ရဲစခန်းက ပြောလိုက်တယ်။ အခင်းဖြစ်တဲ့နေရာက လူစည်ကားတဲ့ လမ်းမကြီးပေါ်မှာဖြစ်ခဲ့တာ။ မျက်မြင်သက်သေတွေ အများကြီးရှိတယ်။ အနီးမှာရှိတဲ့ ဆံပင်ညှပ်ဆိုင်က လူတွေကလည်း တွေ့မြင်ခဲ့တယ်။ သူတို့ကို သက်သေအဖြစ်တင်မယ်။ တင်ထားတဲ့ သက်သေခေါ်ဖို့ကတော့ ရဲဆောင်ရွက်ရမယ့် လုပ်ငန်းတွေဖြစ်သွားပြီ” ဟု ဒေါက်တာဝင်းနိုင်က ပြောသည်။

အဆိုပါအမှု ကိုင်တွယ်ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ထောက်ကြံ့ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းကိုင်ဖြေကြားခြင်းမရှိခဲ့ပေ။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook