ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ရန်ကုန်တွင် ဆိုင်ကယ် လုံးဝစီးနင်းခွင့်မပြုကြောင်း
အမိန့်ထုတ်ပြန်

မျိုးချစ်သူ / ၂၅ နိုဝင်ဘာ ၂၀၀၉

line

 

ရန်ကုန်တွင် ယခုလနောက်ဆုံးပတ်မှစ၍ ဆိုင်ကယ်များကို လုံးဝစီးနင်းခွင့်မပြုတော့ကြောင်း ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (တယက) က နိုဝင်ဘာ (၂၃) ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

စီးနင်းခွင့်မပြုကြောင်းကို ရန်ကုန်တိုင်းအတွင်းရှိ အစိုးရ ဌာနဆိုင်ရာများသို့  ယင်းနေ့ ရက်စွဲဖြင့် အသီးသီးပေးဝေထားကြောင်း တယက မှ တာဝန်ရှိသူတဦးက ခေတ်ပြိုင်သို့ ပြောသည်။

“စာတွေ ပေးထားတယ်။ ပေးထားပါလျက်နဲ့ စီးနင်းတယ်ဆိုရင်တော့ ဆိုင်ကယ်ကို သိမ်းမယ်၊ လူကို ဥပဒေအရ အရေးယူမယ်၊ ထောင်ဒဏ်ထိ ကျခံရမယ်။ လောလောဆယ်တော့ ထောင်ဒဏ် ဘယ်လောက်လဲဆိုတာ ပြောဖို့ စောပါသေးတယ်” ဟု ၎င်းက ပြောသည်။

ပြည်ထဲရေးမှ ရဲအရာထမ်းတဦးကလည်း “ကျနော်တို့ဆီကို စာဝင်လာတယ်၊ ဒီအမိန့်ကို သိရှိပါတယ်ဆိုတာကိုတော့ ဆိုင်ကယ်စီးတဲ့ ၀န်ထမ်းတွေအားလုံး လက်မှတ်ထိုးရတယ်။ လိုက်နာပါ့မယ်လို့တော့ မဟုတ်ဘူး၊ သိရှိပါတယ်ဆိုတာကို လက်မှတ်ထိုးရတာပါ” ဟု ရှင်းပြသည်။

အဆိုပါအမိန့်တွင် မည်သည့်အကြောင်းပြချက်နှင့်ဖြစ်စေ လုံးဝ မစီးနင်းရဟု ပါရှိကြောင်း ရန်ကုန်တိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ အရာရှိတဦးက ပြောသည်။

ရန်ကုန်မြို့တွင် စစ်တပ်စီးဆိုင်ကယ်ကို စစ်ရောင်ပြောင်းကာ ရဲနှင့်ဌာနဆိုင်ရာတို့ စီးနင်းမည့် ဆိုင်ကယ်များကို သုံးဘီးကားရောင် (လိမ္မော်) အဖြစ် ပြီးခဲ့သည့် သြဂုတ်လအတွင်းက သတ်မှတ်စီးနင်းခွင့်ပြုထားခဲ့ခြင်းဖြစ်သည်။

ယခုအခါ စီးနင်းခွင့်မပြုကြောင်း အမိန့်စာတွင် ဆိုင်ကယ် (၂၀၈) စီးကိုသာ စီးနင်းခွင့်ပြုထားသည်ဟု ဌာနဆိုင်ရာအသီးသီးသို့ ပေးပို့သော အသိပေးအကြောင်းကြားစာတွင် ပါရှိကြောင်း သိရသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တဦး၏ ပြောပြချက်အရ မူလက ရန်ကုန်တိုင်း စည်ပင်သာယာ နယ်နိမိတ်အတွင်းတွင် စစ်တပ်၊ ရဲနှင့် ဝန်ထမ်းအချို့ကို ဆိုင်ကယ် စီးနင်းခွင့်ပြုထားခဲ့သည်မှာ စုစုပေါင်း အစီးရေ (၈ဝဝ) ကျော် ရှိကြောင်း၊ သို့သော် နားလည်မှုဖြင့် စီးနင်းနေသော ဆိုင်ကယ်စီးရေမှာ (၃,ဝဝဝ) ကျော်ရှိကြောင်း၊ ဆိုင်ကယ် အများဆုံးအသုံးပြုသူတို့မှာ ရဲ၊ မယက၊ ရယက၊ ကြံ့ဖွံ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းတို့ဖြစ်ကြောင်း သိရသည်။
 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook