ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ပညာရေးဝန်ထမ်းများထံမှ ကိုယ်ရေးအချက်အလက်
အသေးစိတ်မှတ်တမ်းများ ကောက်ခံနေ

အောင်ထက် / ၂၄ နိုဝင်ဘာ ၂၀၀၉

line

 

ရန်ကုန်တိုင်းအတွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းတို့မှ ပညာရေးဝန်ထမ်းများ၏ ကိုယ်ရေးမှတ်တမ်းကို သက်ဆိုင်ရာ ပညာရေးမှူးရုံးများသို့ ယနေ့ နိုဝင်ဘာ (၂၄) ရက် နောက်ဆုံးထားပေးပို့ရမည်ဟု အကြောင်းကြားထားကြောင်း သိရသည်။

ယင်းသို့ ပေးပို့ရာတွင် ယခင်က တင်ပြခဲ့ဖူးသကဲ့သို့ မဟုတ်ဘဲ ကိုယ်ရေးအချက်များအပြင် ကျန်းမာရေးဆိုင်ရာ အချက်အလက်များကိုလည်း သီးခြားပုံစံတခုဖြင့် ထည့်သွင်းဖြည့်စွက်ပေးရသည်ဟု သုဝဏ္ဏမြို့၊ အလက (၂) မှ ဆရာမတဦးက ပြောသည်။

ပါဝင်ဆောင်ရွက်ခဲ့ဖူးသည့် အသင်းအဖွဲ့အပါအ၀င် အချက်အလက် (၂၂) ချက်ပါဝင်သည့် ကိုယ်ရေးမှတ်တမ်းပုံစံ (၄) စောင်ကို ဓာတ်ပုံနှင့်တကွ တင်ပြရသည့်အပြင် သီးခြားပုံစံစာရွက်၌ ကိုယ်အလေးချိန်၊ အရပ်၊ မျက်မှန်တပ်ခြင်း ရှိ မရှိ၊ သွေးတိုး၊ ဆီးချို ရှိ မရှိ စသည့်အချက် (၅) ချက်ကိုလည်း ပူးတွဲတင်ပြရသည်ဟု အဆိုပါဆရာမက ပြောသည်။

ကျောင်းလက်ခံ၊ မြို့နယ်ပညာရေးမှူး၊ အမှတ် (၃) အခြေခံပညာဦးစီးနှင့် နေပြည်တော်ပညာရေးဌာနသို့ တင်ပြရန် ယခုကဲ့သို့  ပုံစံ (၄) စောင် ဖြည့်စွက်ရခြင်းဖြစ်နိုင်ကြောင်း ပညာရေးဝန်ထမ်းများက ပြောသည်။

ထိုသို့ ကိုယ်ရေးမှတ်တမ်းများ ပေးပို့ရေးအတွက် ကိုယ်ရေးမှတ်တမ်းပုံစံခ (၁၀၀) ကျပ်၊ ဆေးစစ်ခ (၈၀၀) ကျပ်၊ နေပြည်တော်သို့ ပေးပို့ရန်အချက်အလက်သွင်းမည့် စီဒီဖိုး (၃၀၀) ကျပ်အပါအ၀င် စုစုပေါင်း (၁,၂၀၀) ကျပ်ကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးသို့ ပေးသွင်းရကြောင်း တောင်ဥက္ကလာပမြို့နယ်မှ ဆရာ၊ ဆရာမတို့က ပြောသည်။

ဆေးစစ်ခ တောင်းခံခြင်းသည် သက်ဆိုင်ရာ ဆေးရုံဆေးခန်းများတွင် ဆေးစစ်ကုန်ကျစရိတ်အတွက် တောင်းခံခြင်းလား၊
ငွေ (၈၀၀) ကျပ် ပေးသွင်းရုံဖြင့် ဆေးအောင်မည်ဆိုလိုခြင်းလား ဆိုသည်ကိုမူ မည်သူမျှ ပြောဆိုနိုင်ခြင်းမရှိပေ။

ပညာရေးဝန်ထမ်းတို့၏ ကိုယ်ရေးမှတ်တမ်းများ တောင်းခံနေခြင်းကိစ္စနှင့်ပတ်သက်၍ သင်္ကန်းကျွန်းမြို့နယ် ပညာရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် အမှတ် (၃) အခြေခံပညာဦးစီး (အောက်မြန်မာပြည်) ၏ ညွှန်ကြားချက်အရဟုသာ ပြန်လည်ဖြေကြားခဲ့သည်။

ယင်းသို့ ရန်ကုန်တိုင်းအတွင်းရှိ ပညာရေးဝန်ထမ်းတို့အား မည်သည့်အတွက်ကြောင့် ကိုယ်ရေးမှတ်တမ်းများ တောင်းခံနေကြောင်း အတိအကျ မသိရသော်လည်း ပြီးခဲ့သည့်နှစ်လခန့်က ရန်ကုန်မြို့ သာသနာရေးဝန်ကြီးဌာနတွင် (၅၅) နှစ် နှင့်အထက် ၀န်ထမ်းများစာရင်း ကောက်ခံခဲ့သည်။

ထို့နောက်  နိုဝင်ဘာ ပထမပတ်တွင် ဓာတ်ပုံ (၂) ပုံနှင့်အတူ ကိုယ်ရေးမှတ်တမ်းများ ဖြည့်စွက်ကာ နေပြည်တော် အလုပ်သမားဝန်ကြီးဌာနသို့ အွန်လိုင်းစနစ်ဖြင့် ပေးပို့ခဲ့ရကြောင်း သာသနာရေးဝန်ထမ်းများထံမှ သိရသည်။

ယခုလပိုင်းအတွင်း အသက် (၅၅) နှစ်အထက် ၀န်ထမ်းများ အငြိမ်းစားယူရမည် ဆိုသည့်သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပြီး လုပ်သက် (၅) နှစ်အောက် ၀န်ထမ်းငယ်များ အင်အားလျှော့မည့်စာရင်းတွင် ပါဝင်သည်ဟုလည်း သတင်းများထွက်ပေါ်နေသဖြင့် ကိုယ်ရေးမှတ်တမ်း တောင်းခံနေသည့်အပေါ် ပညာရေးဝန်ထမ်းများက သို့လော သို့လော ဖြစ်နေကြသည်။

 “၅၅ နှစ်အထက်တွေ ပင်စင်ပေးလည်း တို့က ၀မ်းမနည်းပါဘူး။ ဒါပေမယ့် ခုကလေးတွေ စာသင်နေတာ အလုပ်လုပ်ကြဖို့ မဟုတ်ဘူးလား။ အလုပ်ဝင်စမှာ အဲလိုတွေ ဖြုတ်နေရင် ကလေးတွေရဲ့ အနာဂတ် ဘယ်လိုဖြစ်ကုန်မလဲ” ဟု ကျောင်းအုပ်ဆရာမကြီးတဦးက သုံးသပ်သည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook