ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

ပီနိုရှေး၏ လျှို့ဝှက်ထောက်လှမ်ရေးများကို ဖမ်းဆီးမိန့်ထုတ်
Agencies / ၂၇ မေ ၂၀၀၈
line

  pns
ဗိုလ်ချုပ်ကြီး ပီနိုရှေး

ကွယ်လွန်သူ အာဏာရှင် ဗိုလ်ချုပ်ကြီး ပီနိုရှေး လက်ထက်တွင် အာဏာအလွဲသုံးမှု၊ လူသတ်မှုနှင့် ဖုံးကွယ်လိမ်ညာမှုတို့ ကျူးလွန်ခဲ့သည့် လျှို့ဝှက်ရဲနှင့် စစ်သားများ ပါဝင်သော လူ (၁၀၀) ခန့်အား ဖမ်းဆီးရန် ချီလီတရားရုံးတခုက ယမန်နေ့တွင် အမိန့်ချလိုက်သည်။

တရားသူကြီး ဗစ်တာ မွန်တီဂလီအို၏ ဖမ်းဆီးမိန့် ပေးခြင်းခံရသူ တရားခံ (၉၈) ဦးသည် ဗိုလ်ချုပ်ကြီး

 

ပီနိုရှေးလက်ထက် ၁၉၇၄ ခုမှ ၁၉၇၅ ခုအတွင်း အတိုက်အခံများကို ဖမ်းဆီးသတ်ဖြတ်ခဲ့သော ကိုလံဘို စစ်ဆင်ရေးမှ လျှို့ဝှက် ရဲထောက်လှမ်းရေးအများစုဖြစ်ပြီး စစ်သားများနှင့် အရပ်သား များလည်း ပါဝင်သည်။

တရားရုံးစာရွက်စာတမ်းများအရ ကိုလံဘိုစစ်ဆင်ရေးကာလ၊ ၁၉၇၅ ခု ဇူလိုင်အတွင်း ပီနိုရှေး၏ ထောက်လှမ်းရေးများက လူပေါင်း (၁၁၉) ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီးနောက် ထိုသူများသည် ချီလီနိုင်ငံပြင်ပတွင် ဖြစ်ပွားသော လက်ဝဲသမားအချင်းချင်းကြား တိုက်ပွဲများ၌ သေဆုံးခဲ့သည်ဟု ထုတ်ပြန်ခဲ့ကြောင်း၊ အသတ်ခံရသူများအနက် (၄၂) ဦး၏ အလောင်းကို လုံးဝ ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ကြောင်း သိရသည်။

ပီနိုရှေး၏ ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး မန်နူရယ် ကွန်ထရီးရတ်စ်မှာမူ လူ့အခွင့် အရေးချိုးဖောက်မှုအပါအ၀င် လူသတ်မှုများဖြင့် ထောင်ဒဏ် နှစ်ပေါင်း (၂၅၀) ပြစ်ဒဏ်ချမှတ် ခြင်းခံထားရပြီးဖြစ်သည်။

ယခုဖမ်းဆီးမိန့် ထုတ်ခံရသူများအား ထောင်ဒဏ်မည်မျှချမှတ်မည် မသိရသေးသော်လည်း ပီနိုရှေးအာဏာလက်လွတ်ရသည့် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းမှ စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ထောက်လှမ်းရေးများကို ချီလီတရားရုံးများက တရားစွဲထောင်ချမှုများ ပြုလုပ်နိုင်ခဲ့သည်။

၂၀၀၈ ခု မတ်လအတွင်းတွင် ပီနိုရှေးလက်ထက် ရဲတပ်ဖွဲ့ဝင်ဟောင်း (၂၄) ဦးအား  ပြန်ပေးမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှုတို့ဖြင့် ထောင်ဒဏ်များ ချနိုင်ခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီး ပီနိုရှေး၏ စစ်အုပ်ချုပ်ရေးကာလ (၁၉၇၃-၉၀) အတွင်း ချီလီနိုင်ငံ၌ လူပေါင်း (၃,၀၀၀) ကျော် သေဆုံး (သို့) ပျောက်ဆုံးခဲ့ပြီး (၂၈,၀၀၀) ဦးခန့် နှိပ်စက်ခံရ၍ (၂၀၀,၀၀၀) ဦးသည် ပြည်ပသို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။

ဗိုလ်ချုပ်ကြီးပီနိုရှေးသည် ၂၀၀၆ ခု အောက်တိုဘာတွင်  ပြန်ပေးမှု၊ ညှဉ်းပမ်းနှိပ်စက်မှု၊ လူသတ် မှုတိုဖြင့် တရားစွဲခံရသော်လည်း ကျန်းမာရေးမကောင်းဟုဆိုကာ အမှုရင်ဆိုင်ရခြင်းမရှိခဲ့ပေ။ ၎င်းသည် ၂၀၀၆ ခု ဒီဇင်ဘာ၌ ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်၌ အသက် (၉၁) နှစ်ရှိပြီဖြစ်သည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook