ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

ဗြိတိန်ရဲအရာရှိဟောင်း လိင်ကုန်ကူးမှုဖြင့် ဖမ်းဆီးခံရ
Bangkok Post / ၂၂ မေ ၂၀၀၈
line

 

ထိုင်းရဲများက ဗြိတိန်ရဲအရာရှိဟောင်းတဦးအား လူအရောင်းအ၀ယ်လုပ်မှုဖြင့် ဘန်ကောက်မြို့၌ ဖမ်းဆီးလိုက်သည်။

အသက် (၄၂) နှစ်ရှိ အဆိုပါ ဗြိတိန်ရဲအရာရှိဟောင်း အီယံ ရှတယ်ဝို့သ်အား ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ၌ အမျိုးသမီးများအား လိင်ကျွန်များအဖြစ် အဓမ္မ ခိုင်းစေရောင်းဝယ်နေသော ဂိုဏ်းများနှိမ်နှင်းမှု နောက်ဆက်တွဲအဖြစ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ရဲဌာနက အီယံ ရှတယ်ဝို့သ်သည် အလုပ်ပွဲစားဟန်ဆောင်၍ ထိုင်းအမျိုးသမီးများအား ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် လူမှောင်ခိုဂိုဏ်းသို့ လိမ်လည်ရောင်းစားခဲ့သည်ဟု စွပ်စွဲပြီး ဘန်ကောက်အပိုင် စတ်ထုမ်ခရိုင် စူရန်ဖလူးလမ်းရှိ ၎င်းငှားနေရာ အိမ်ခန်း၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

တရားခံ မစ္စတာရှတယ်ဝို့သ်သည် ဘန်ကောက်ပိုင် ဆူခွန်မ်ဝစ်ဧရိယာ၌ ထိုင်းတာဝန်ရှိ (သို့) ချမ်းသာသူများအတွက် ကိုယ်ရံတော် ၀န်ဆောင်မှုလုပ်ငန်းကုမ္ပဏီအား တည်ထောင် လုပ်ကိုင် နေသူလည်းဖြစ်ကြောင်း ရဲစုံစမ်းစစ်ဆေးရေးဗဟိုဌာန ဒု-အကြီး အကဲ ရဲဗိုလ်ချုပ် ပန်ယာ မာမန်းက ပြောသည်။

ဗြိတိန်ပိုင် စကော့တလန်၌ ကယ်တင်နိုင်ခဲ့ပြီး ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းခြင်းခံရသော လိင်အလုပ်သမ ထိုင်းအမျိုးသမီးတဦး၏ အမှုဖွင့်တိုင်တန်းမှုကြောင့် မစ္စတာရှတယ်ဝို့သ်အား ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးမှုတွင် ကွန်ပျူတာ (၁) လုံးနှင့် ငွေသားအဖြစ် ဘတ် (၁၁၀,၀၀၀) ကိုလည်း သိမ်းဆည်းမိခဲ့သည်။

လွတ်မြောက်ခဲ့သော အမျိုးသမီး (၆၀) ထဲမှ တဦးဖြစ်ပြီး အမှုဖွင့်သူ အဆိုပါ ထိုင်းအမျိုးသမီးက သူမနှင့် မစ္စတာရှတယ်ဝို့သ်တို့သည် ယခင်နှစ် စက်တင်ဘာတွင် တွေ့ဆုံခဲ့ကြောင်း၊ မစ္စတာ ရှတယ်ဝို့သ်က အလုပ်ပွဲစားဟန်ဆောင်၍ သူမအား ဗြိတိန်၌ လခကောင်းမည့် စားပွဲထိုးအလုပ် သွားလုပ်ရန် အကြံပြုခဲ့ကြောင်း ပြောသည်။ ပွဲစားခအပါအ၀င် ခရီးစရိတ်အဖြစ် ထိုင်းဘတ်ငွေ (၅၃၀,၀၀၀) ကုန်ကျခဲ့ကြောင်းလည်း ၎င်းကေ ပြာသည်။

မစ္စတာရှတယ်ဝို့သ်က သူမအား ဗြိတိန်သို့  ပြင်သစ်နိုင်ငံမှတဆင့် ပို့ဆောင်ခဲ့ပြီး လန်ဒန်ရှိ ထိုင်းစားသောက်ဆိုင်တဆိုင်ရှိ မစ္စမမ်းဟုသိရသော အမျိုးသမီးတဦးထံ ဘတ်ငွေ (၁.၇၆)
သန်းနှင့် ညီမျှသည့် ပေါင်စတာလင်ငွေ (၂၈,၀၀၀) ဖြင့် သူမကို ရောင်းသွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းနောက် သူမ၏ နိုင်ငံကူးလက်မှတ်အား အဆိုပါ မစ္စမမ်းက သိမ်းထားလိုက်ပြီး လန်ဒန်၊ ကိုဗန်ထရီး၊ ၀ယ်လင်းဘရော့ခ်ျ၊ ၀ယ်လင်းဟမ်းနှင့် လင်ကိုးအပါအ၀င် ဗြိတိန်တ၀န်းမြို့များတွင် လိင်အလုပ်သမအဖြစ် အဓမ္မခိုင်းစေခဲ့ကြောင်း၊ နောက်ဆုံး၌ ရဲများက သူမအား ကယ်တင်ခဲ့သော စကော့တလန်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရောင်းစားခံရသူ အများစုဟာ အင်္ဂလန်က စားသောက်ဆိုင်တွေမှာ လုပ်ခကောင်းတဲ့ အလုပ်တွေ ရမယ်လို့ အလိမ်ခံရပြီး အကြွေးတင်သွားရတာပါပဲ။ ပြီးတော့ သူတို့ဟာ ဘတ်ငွေ (၁.၇) သန်းနဲ့
(၂) သန်းအကြား ရောင်းစားတာ ခံကြရလေ့ရှိတယ်” ဟု ရဲဗိုလ်ချုပ် ပန်ယာက ပြောသည်။

ဗြိတိန်တွင် အမှုတွဲပါ ထိုင်းအမျိုးသမီးတဦး လွတ်မြောက်နေသေးသည်ဟု ထိုင်းရဲများက ယုံကြည် လျက်ရှိပြီး ဗြိတိန်ရဲများကို အကြောင်းကြားထားသည်။

ရဲဗိုလ်ချုပ် ပန်ယာက နိုင်ငံခြားအလုပ်ရှာဖွေရာတွင် ရှာဖွေသူအနေဖြင့် အကယ်၍ မင်္သကာဖွယ်ရာ တွေ့ရပါက သက်ဆိုင်ရာ ရဲစခန်း (သို့) အလုပ်ရှာဖွေခန့်အပ်ပေးရေးဌာနသို့ သွားရောက်တင်ပြရန် အကြံပြုသည်။

ယခင်လက လန်ဒန်လူမှောင်ခိုဂိုဏ်း နှိမ်နှင်းမှု၌ ဖမ်းဆီးခဲ့သည့် လူ (၁၅) ဦးတွင် ထိုင်းနိုင်ငံသား (၆) ဦးပါဝင်ပြီး၊ လန်ဒန်တွင် လူမှောင်ခိုဂိုဏ်း အကြီးဆုံးအား နှိမ်နင်းမှုအဖြစ် အမျိုးသမီး (၆၀) ဦးကို လိင်ကျွန်ဘ၀မှ လွတ်မြောက်စေခဲ့သည်။ ယင်းအပြင် ထိုင်းနိုင်ငံသား (၃) ဦးကိုလည်း ဘန်ကောက်တွင် ထပ်မံဖမ်းမိခဲ့သည်။       ။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook