ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

လူထုစရိတ်နှင့် မီးသတ်ကားဝယ်ရေး
မော်လမြိုင်ပြည်သူများ ငြိုငြင်
ဝီရ / ၁၆ ဖေဖော်ဝါရီ ၂၀၀၉
line

 

မီးငြှိမ်းသတ်ရာတွင် အချိန်မှီ လက်ဦးမှုရယူ၍ ငြှိမ်းနိုင်ရန်အတွက် မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်များအလိုက် မီးသတ်ကားတစ်ဒါဇင်ခန့် ဝယ်ယူရန် ဒေသဆိုင်ရာ အာဏာပိုင်တို့က ပြည်သူများထံမှ ပိုက်ဆံကောက်ခံသွားမည် ဆိုခြင်းကြောင့် မြို့ခံများ မကျေမနပ် ဖြစ်နေသည်။

လွန်ခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းက မန္တလေးရတနာပုံဈေး ဆုံးရှုံးမှုထက် သုံးဆများပြားခဲ့သော ကျပ်ငွေ တန်ဖိုး သန်းပေါင်း (၃၇၀) ကျော် ဆုံးရှုံးသွားခဲ့သည့် မော်လမြိုင်မြို့ အမှတ် (၁) ဈေးကြီး မီးကျွမ်းလောင်ခဲ့ပြီးနောက် အာဏာပိုင်များက အစည်းအဝေးတခု၌ ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

၎င်းအစည်းအဝေးမှ မြို့ပေါ်တွင် မီးသတ်ကား အပိုင်အလိုက် သတ်မှတ်ရာထားရာတွင် မြို့မရဲစခန်းအပိုင် ရက်ကွက် (၆) ခုတွင် မီးသတ်ကား (၂) စီး၊ ဒိုင်းဝန်ကွင်းစခန်းအပိုင် ရပ်ကွက် (၅) ခုတွင် (၂) စီး၊ ဇေယျာသီရိ စခန်းအပိုင် ရပ်ကွက် (၅) ခုတွင် (၂) စီး အပြင်၊ မြို့အစွန်းရပ်ကွက်များဖြစ်သော မြိုင်သာယာ၊ မုပွန်ရပ်ကွက်များတွင် (၅) စီး စုစုပေါင်း (၁၁) စီး အနည်းဆုံး လိုအပ်နေကြောင်း မြို့ပေါ် ဆင်ခြေဖုံးရပ်ကွက်မှ ရပ်ကွက်လူကြီးတစ်ဦးက ပြောသည်။

သိန်းရာချီ ကုန်ကျမည့် မီးသတ်ကား ရန်ပုံငွေအတွက် တစ်အိမ်လျှင် (၄) သောင်းမှ (၁) သိန်းအကြား ကောက်ခံသွားမည်ဟု တချို့ရပ်ကွက်များတွင် ညွှန်ကြားထားပြီး ဖြစ်သောကြောင့် ဝင်ငွေ ခက်ခဲနေသော ယခုလိုကာလတွင် မပေးဆောင်နိုင်သူ အများအပြားလည်း ရပ်ကွက်အုပ်ချုပ်ရေးရုံးများသို့ သွားရောက်၍ ကောက်ခံငွေအား ထပ်မံ လျှော့ချပေးရန် လာရောက်ပန်ကြားနေကြကြောင်းလည်း ယင်းရပ်ကွက်လူကြီးက ဆက်လက်ပြောကြားသည်။

"ဒီ (မီးသတ်ကား ရန်ပုံငွေရှာဖွေရေး) အကြောင်းကို ကျနော်တို့ ထပ်ဆွေးနွေးဦးမှာပါ၊ အစိုးရဘက်က (၄၀) ရာခိုင်နှုန်းအထက် ထုတ်ပေးနိုင်ရင်တော့ ပြည်သူတွေကလည်း ပေးနိုင်ကြလိမ့်မယ် ထင်တယ်" ဟု မော်လမြိုင်မြို့ပေါ်မှ အခြားရပ်ရွာအကျိုးဆောင်တစ်ဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

ဆက်လက်၍ ၎င်းက "တစ်ဖက်ကလည်း ကျနော်တို့ကတော့ ပြည်သူလူထုတွေ ရှင်းလင်းအောင် ကြိုးပမ်းနေတာပါ၊ အောက်ဈေးကြီး မီးလောင်တုန်းက မြို့ပေါ်မှ မီးသတ်ကားတွေ မလုံလောက်တဲ့အကြောင်းရယ်၊ မီးလောင်တဲ့အခါ ပျက်စီးဆုံးရှုံးမှုတွေ နည်းသထက်နည်းပါး အောင် မီးသတ်ကားတွေ အချိန်မှီ ရောက်လာနိုင်ဖို့အကြောင်းတွေလည်း ရှင်းပြပါတယ်။ ဒါပေမဲ့ တကယ်ဆိုရင် သူတို့မပေးနိုင်ရင်လည်း ဘာတတ်နိုင်မှာလဲ"ဟု ပြောကြားသည်။

မွန်ပြည်နယ်တစ်ဝိုက်ရှိ ကျေးရွာအများစုတွင် ကိုယ့်အားကိုယ်ကိုး ရန်ပုံငွေများ ရှာဖွေစုဆောင်းကြပြီး ရွာပိုင် မီးသတ်ကားများကို ဝယ်ယူထားကြောင်း သိရသည်။

မော်လမြိုင်မြို့ အမှတ် (၁) ဈေးကြီး မီးလောင်ကျွမ်းပြီးနောက်ပိုင်း မြို့ပေါ်တွင် မီးလန့်မှုများ မကြာခဏ ဖြစ်ပွားနေပြီး ယနေ့အထိ တစ်လခွဲအတွင်း မော်လမြိုင်မြို့နယ်အတွင်း မီးလောင်ကျွမ်းမှု အကြိမ်ပေါင်း (၁၀) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook