ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

မြန်မာဒုက္ခသည်များ
ထိုင်းနယ်စပ်မှာ ရောင်းစားခံရ
ဝီရ / ၁၃ ဖေဖော်ဝါရီ ၂၀၀၉
line

 

မလေးရှား-ထိုင်းနယ်စပ်သို့ ပြန်လည်ပို့ဆောင်ခံရသော မြန်မာအလုပ်သမားများကို မလေးရှားလူဝင်မှု ကြီးကြပ်ရေးမှ ဝန်ထမ်းများက လူကုန်ကူးပွဲစားများနှင့် နယ်စပ်ရှိ လူမိုက်ဂိုဏ်းများလက်ထံ တဆင့်ခံ ရောင်းစားနေကြပြီး လူပွဲစားများကလည်း အမျိုးမျိုးခြိမ်းခြောက်ကာ ပိုက်ဆံမပေးနိုင်သူများကို ပြန်လည်ရောင်း စားနေကြကြောင်း ယင်းနယ်စပ်မှ လာသောသတင်းအရ သိရသည်။

လူကုန်ကူးသူပွဲစား အများစုမှာ မြန်မာလူမျိုးများ ဖြစ်ကြပြီး ထိုဒေသ၌ ကျက်စားနေသော ထိုင်း၊ မလေးရှား လူမျိုး လူမိုက်ဂိုဏ်းများကို မိုက်ကြေးခွဲကာ ယင်းနယ်စပ်သို့ ပြန်လည်ပို့ဆောင်ခံရသူများထံမှ နည်းလမ်း အမျိုးမျိုးသုံးကာ ငွေညှစ်နေကြကြောင်း ထိုလူမိုက်ဂိုဏ်းလက်ထဲတွင် ရက်နှစ်ဆယ်ကျော် အနှိပ်စက်ခံရပြီး ပြန်လည်လွတ်မြောက်လာသူ အသက် (၂၀) အရွယ် အမည်မဖော်လိုသူ မွန်အလုပ်သမားတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “ကျနော့်ကို လာကြိုတော့ မြန်မာနိုင်ငံသားအချင်းချင်းတွေပဲ ဆိုတော့ ပျော်နေသေးတယ်။ နောက်ရက်တွေကျတော့ မလေးရှားမှာ ညီအစ်ကိုဆွေမျိုးတွေ ရှိလားလို့ ကျနော်ကို မေးတယ်။ ရှိတယ်လို့ ပြောလိုက်တော့ ဖုန်းဆက်ခိုင်းတယ်။ ကျနော့်ကို လာရွေးဖို့လေ။ ဒါပေမယ့် သူတို့တောင်းသလောက် မပေးနိုင်လို့ ကျနော့်ကို လူမိုက်တွေလက်ထဲ အပ်လိုက်တယ်။ ပထမတုန်းက သူတို့တောင်းတာ မလေးရှားငွေ (၄,၅၀၀) တောင်မှ ဆိုတော့ ဘယ်ပေးနိုင်မလဲ။ အဲဒါနဲ့ ရက် (၂၀) ကျော်ကျော် တိုက်ပိတ်ခံထားရတယ်” ဟု ပြောကြားသည်။

နောက်ပိုင်းတွင် မလေးရှားငွေ ရင်းဂစ် (၃,၂၀၀) ဖြင့် ထိုင်း-မြန်မာနယ်စပ်တနေရာသို့ ပို့ဆောင်ခဲ့ကြောင်း၊ လူမိုက်လက်ထဲတွင် သူနှင့်အတူ တိုက်ပိတ်ခံထားရသူ အယောက် (၂၀) ကျော် ရှိကြောင်းနှင့် ဆွေမျိုးမိဘများ ဆီသို့ အဆက်အသွယ်မရသေးသူများထဲတွင် မြန်မာအမျိုးသမီး (၅) ယောက်ကိုလည်း တွေ့ခဲ့ကြောင်း ဆက်လက်ပြောကြားသည်။

မလေးရှား အာဏာပိုင်များက အဖမ်းဆီးခံရသော ဒုက္ခသည် မြန်မာအလုပ်သမားများအား လူမိုက်ဂိုဏ်း လက်တွင်းသို့ အပ်နှံနေခြင်းနှင့် ပတ်သက်၍ မလေးရှားနိုင်ငံ လူမှောင်ခိုကူးမှုဆိုင်ရာ အသိပညာပေးနေ သည့်အဖွဲ့ Aegile Fernandez, co-ordinator of Anti-Trafficking in Persons in Tenaganita Sdn Bhd မှ အီဂျလ် ဖာနန်ဒတ်ဇ်က “လူမိုက်ပွဲစားတွေက ဒုက္ခသည်တွေကို (၂,၅၀၀) ကနေ (၃,၀၀၀) ရင်းဂစ်အကြား တောင်းမယ်။ ပေးနိုင်ရင် ဆွေမျိုးတွေဆီကို ဖုန်းဆက်ခွင့် တခါနှစ်ခါလောက် ပေးတယ်။ အဲဒီအထဲက ပိုက်ဆံ မပေးနိုင်တဲ့သူတွေကတော့ ပျောက်သွားနိုင်တယ်” ဖြစ်ကြောင်း “ဒုက္ခသည်များ ရောင်းရန်ရှိသည်” ဟု NTV 7 တွင် ပြသခဲ့ချိန်က ပြောကြားခဲ့ကြောင်း The Star Online သတင်းစာတွင် ဖော်ပြထားသည်။ သို့သော် မလေးရှား ပြည်ထဲရေးဝန်ကြီးက ယင်းလူကုန်ကူးမှုဖြစ်ရပ်များတွင် အာဏာပိုင်များ မပါဝင်ကြောင်း ငြင်းဆိုခဲ့သည်။

တရားမဝင် မြန်မာအလုပ်သမားများကို လမ်းမတွင် ဖမ်းဆီးခံရလျှင် ထောင် (၂) လ၊ နေအိမ်တွင် ဖမ်းဆီးရမိ လျှင် ထောင် (၃) လ နှင့် ကြိမ်ဒဏ် တချက် ချမှတ်ပြီး မလေးရှား ထိုင်းနယ်စပ်သို့ ပို့ဆောင်နေကြောင်း ယင်းနယ်စပ်ဖြစ်သော ဟတ်ယိုင်ခရိုင် သာဒေါင်ဒေသတွင် အလုပ်လုပ်ကိုင်နေသူ ဦးထွန်းဝင်းက ပြောကြားသည်။

စစ်အစိုးရ၏ ထုတ်ပြန်ချက်အရ ပြည်ပနိုင်ငံများတွင် တရားမဝင် မြန်မာအလုပ်သမား နှစ်သန်းကျော် ရောက်ရှိ နေကြောင်းနှင့် တရားဝင် စေလွှတ်ခဲ့သည့် အလုပ်သမားအရေအတွက်မှာ (၅) သောင်းခန့် ရှိကြောင်း သိရ သည်။ အန်ဂျီအိုအဖွဲ့အစည်းများ၏ ခန့်မှန်းချက်အရ မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမား (၂) သိန်းခန့် ရှိသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook