ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့် လိုင်စင်အတုများကြောင့် လေဆာသုံး ကတ်သစ်ထုတ် ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း (လေအိုးနှင့် ရွှေဂျိုး ဆွေးနွေးခန်း)
 


quote
 

 

 

ကချင်ပြည်နယ်သို့ ပြည်တွင်းလုပ်သား ပြောင်းရွှေ့နှုန်းများပြား
စိုးမိုး/ ၈ ဖေဖော်ဝါရီ ၂ဝ၁ဝ

line

 

စီးပွားရေး လုပ်ကွက်အသစ်များ အင်တိုက်အားတိုက် ဖော်ဆောင်လာသည့် ကချင်ပြည်နယ်သို့ ပြည်တွင်း လုပ်သားပြောင်းရွှေ့မှု များပြားလာခြင်းကြောင့် အညာဒေသ လယ်ယာလုပ်ငန်းများ လုပ်သားရှားပါးမှုနှင့် ကြုံတွေ့လာရကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့မှ လယ်ယာမဲ့ အလုပ်သမားများ စီးပွားရေးလုပ်ကွက်များ ချဲ့ထွင်ရာ ကချင်ပြည်နယ်သို့ အလုံးအရင်းပြောင်းရွှေ့မှုကြောင့် ဒေသခံ လယ်ယာလုပ်ငန်းများ အခက်တွေ့နေကြသည်ဟု သိရသည်။

“ကြိမ်လုပ်ငန်း၊ နောက် လယ်စိုက်လယ်ရိတ်၊ ကျောက်တွင်း၊ အခု ရော်ဘာနဲ့ ပီလောပီနံ စိုက်ခင်းတွေ မြေလွတ်မြေရိုင်းတွေ ရှင်းပြီး လုပ်နေတာတွေ ရွှေတွင်းတွေလည်း အသစ်တွေ ထွက်လာတယ်။ နောက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေကို ပြောင်းလုပ်ကြတာ များတယ်” ဟု စစ်ကိုင်းတိုင်း ၀က်လက်မြို့မှ တောင်သူကြီးတဦးက ပြောသည်။

၂၀၀၆ ခုနှစ်အတွင်း ယုဇနကုမ္ပဏီက ကချင်ပြည်နယ်အတွင်း မြေလွတ်မြေရိုင်းများတွင် ရော်ဘာနှင့် ကြံစိုက်ခင်းများ တိုးချဲ့ လုပ်ဆောင်လာသည့်အတွက် ပြည်တွင်းမှ ရွှေ့ပြောင်းလုပ်ကိုင်သူ အများအပြား သွားရောက်အခြေချနေကြကြောင်း သိရသည်။

ထို့အပြင် လယ်ယာထွက်ကုန်များဖြစ်သည့် စပါး၊ ပဲ စသည်တို့ ထုတ်လုပ်မှု တွက်ခြေမကိုက်ဘဲ အရှုံးပေါ်နေခြင်းကြောင့်လည်း လုပ်သားပြောင်းရွှေ့နှုန်း ပိုမိုများပြားလာစေခြင်းဖြစ်သည်ဟု အဆိုပါတောင်သူက ထောက်ပြပြောဆိုသည်။

၎င်းက “တရက်ကို (၂) ထောင်ရတဲ့ ကောက်စိုက် (စပါးစိုက်) အလုပ်တောင် ရာသီချိန်လေးပဲရှိတာ။ တနိုင်ငံလုံး တပြိုင်တည်း လုပ်ရတာလေ။ စစ်ကိုင်းက စပါးရိတ်ချိန်က ကချင်မှာလည်း စပါးရိတ်ချိန်။ အဲတော့ ပိုရတဲ့ဆီကို သွားလုပ်တာ။ ကချင်ဘက်ရောက်တော့ တယောက်ကို (၃) ထောင်လည်း ရနိုင်တယ်။ (၄) ထောင်လည်း ရနိုင်တယ်” ဟု ပြောသည်။

လုပ်ခလစာ တိုးမပေးနိုင်ခြင်း၊ ရာသီမပြတ် အလုပ်မရှိခြင်း၊ လယ်မဲ့ ယာမဲ့ လူများ တိုးပွားလာခြင်းကြောင့် နေ့စဉ်အလုပ်ရှိရာ ဒေသများသို့ နိုင်ငံတွင်း ပြောင်းရွှေ့လုပ်ကိုင်လာကြခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် ဗန်းမော်မြို့အခြေစိုက် အန်ဂျီအို ၀န်ထမ်းတဦးက ပြောသည်။

ယခုကဲ့သို့ လုပ်သားပြောင်းရွှေ့နှုန်းများလာခြင်းကြောင့် ဆောင်းသီးနှံ ရိတ်သိမ်းချိန်နှင့် နွေစပါးရာသီတို့တွင် တောင်သူများ အလုပ်သမားအခက်အခဲနှင့် ကြုံတွေ့ရမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ၀က်လက်မြို့မှ တောင်သူကြီးတဦးက ပြောသည်။

“စပါးရိတ်ချိန်မှာ အလုပ်သမားမရလို့ စပါးကျွမ်းကုန်တယ်။ လေလွင့်ကုန်တဲ့သူ မနည်းဘူး။ လယ်မစိုက်ရတဲ့သူလည်း အများကြီး။ အခုဟာက အလုပ်သမားကို လိုက်ရှာပြီး ကြိုပြီး ပိုက်ဆံပေးထားရတယ်။ ဘာမှကို အဆင်မပြေဘူး” ဟု ယင်းတောင်သူက ပြောသည်။

ပြည်တွင်း လယ်ယာ လုပ်ငန်းရှင်များအနေဖြင့် လယ်ယာလုပ်သားများ မလေးရှားသို့ ထွက်ခွာအလုပ်လုပ်မှု၊ နယ်စပ်ဒေသတို့မှ ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းလုပ်ကိုင်မှုများကဲ့သို့ ပြည်ပ ပြောင်းရွှေ့မှုများအပြင် ပြည်တွင်း၌လည်း ဒေသတွင်း ပြောင်းရွှေ့မှုများကြောင့် မူရင်း လယ်ယာလုပ်ငန်းတို့တွင် လုပ်သားရှားပါးမှု ကြုံတွေ့နေရကြောင်း သိရသည်။


Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo