ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - နအဖထုတ်ပြန်ခဲ့သည့် ဥပဒေ (၂) ရပ်အပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းများ၏ သဘောထားများ (တွေ့ဆုံမေးမြန်းခန်း) စည်းကမ်းရှိတဲ့ လွှတ်တော်ကြီးကို မြင်ယောင်ခြင်း(ဆောင်းပါး)
 


quote
 

 

 

မြန်မာနိုင်ငံတွင် ငှက်ဖျားဆေးမတိုးမှု ဖြစ်ပေါ်နေဟု
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး

NEJ/ ၅ ဖေဖော်ဝါရီ ၂ဝ၁ဝ

line

 

မြန်မာနိုင်ငံ၌ ငှက်ဖျားရောဂါကုသရာတွင် အာနိသင်အထက်ဆုံးဖြစ်သည့် အာတီမစ်စင်နင် ငှက်ဖျားကာကွယ်ဆေး မတိုးတော့သည့် အခြေအနေဖြစ်ပေါ်နေပြီး ဒေသတွင်း၌ ငှက်ဖျားရောဂါထိန်းချုပ်ရန် အဓိက စိမ်ခေါ်မှုတရပ်အဖြစ် ရင်ဆိုင်ရနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ယမန်နေ့က ထုတ်ဖော်ပြောဆိုလိုက်သည်။

ဆေးမတိုးတော့သည့် ငှက်ဖျားပိုးတမျိုး ကူးစက်ပျံ့နှံ့နေသည်ကို ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တလျှောက်တွင် တွေ့ရှိရသဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထိန်းချုပ်နိုင်ရန် ကြိုးစားလျက်ရှိသည်။

အဆိုပါ ဆေးမတိုးသည့် ငှက်ဖျားပိုးကြောင့် ရောဂါဖြစ်သူသည် အသက်သေဆုံးနိုင်သည့် အခြေအနေအထိ ရှိသည်ဟုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လေ့လာတင်ပြထားသည်။

၂၀၀၈ -၂၀၀၉ ကနဦးစမ်းသပ်စစ်ဆေးမှုများအရ မဲခေါင်မြစ်ဝှမ်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့်ဗီယက်နမ်နိုင်ငံတို့တွင် အာတီမစ်စင်နင်ဆေး မတိုးတော့သည့် ငှက်ဖျားပိုးတွေ့ရှိမှု ပိုမိုများပြားလာနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆိုသည်။

၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ တင်ပြခဲ့သည့် လေ့လာတွေ့ရှိချက်များအရ အဆိုပါ ဆေးယဉ်နေသည့် ငှက်ဖျားပိုးကူးစက်မှုသည် ယခုအခါ မြန်မာ-ထိုင်းနယ်စပ်၊ မြန်မာ-တရုတ်နယ်စပ်နှင့် ကမ္ဘောဒီးယား-ဗီယက်နမ်နယ်စပ်တို့တွင် ပျံ့နှံ့နေသည်ဟု သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Leonard Ortega က ကမ္ဘာ့စီးပွားရေး ကျယ်ပြန့်လာသည့် အခြေအနေတွင် တနေရာမှ တနေရာသို့ ကူးပြောင်းသွားလာနေသည့် လူများနှင့်အတူ ဆေးယဉ်နေသည့်ငှက်ဖျားပိုးမှာလည်း နေရာအနှံ့ အလွယ်တကူ ကူးစက်နိုင်သည်ဟု ဆိုသည်။

“အာတီမစ်စင်နင်ဆေး မတိုးတော့ဘူးဆိုရင် ငှက်ဖျားရောဂါကြောင့် သေဆုံးသူတွေ ပိုများလာနိုင်တယ်” ဟု Leonard Ortega က ပြောသည်။

ငှက်ဖျားကာကွယ်ဆေး မတိုးသည့်အခြေအနေများကို မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ထိုင်းနိုင်ငံနယ်စပ် အနီးရှိ ကော့သောင်းမြို့နှင့် မွန်ပြည်နယ် တောင်ပိုင်းဒေသတို့တွင် တွေ့ရှိရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ်က ပြောကြားသည်။


Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo