ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - နအဖထုတ်ပြန်သည့်ဥပဒေကို ဒေါ်အောင်ဆန်းစုကြည် ဝေဖန် သွေးလှူဘဏ်သစ်ဖွင့်ပွဲ အလှူရှင် ထိုင်းဘုရင့်သမီးတော် တက်ရောက်မည် အန်အယ်လ်ဒီ ပါတီရုံးခွဲများ ပြန်ဖွင့်ခွင့်ရ စစ်တပ်ကြောင့် နေရပ်စွန့်ခွာလာသူ (၂၀၀) ခန့်ရှိ ဖွဲ့စည်းပုံမပြင်လျှင် ပါတီမထောင်၊ ရွေးကောက်ပွဲမ၀င်ဟု တိုင်းရင်းသားပါတီများ ပြောကြား ရွေးကောက်ပွဲကော်မရှင် အမည်စာရင်းကြေညာ (၃) လအတွင်း ဂက်စ်ဈေး (၄ဝ) ရာခိုင်နှုန်းတက် နအဖထုတ်ပြန်ခဲ့သည့် ဥပဒေ (၂) ရပ်အပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းများ၏ သဘောထားများ (တွေ့ဆုံမေးမြန်းခန်း) စည်းကမ်းရှိတဲ့ လွှတ်တော်ကြီးကို မြင်ယောင်ခြင်း(ဆောင်းပါး)
 


quote
 

 

 

ဒု-ဥက္ကဋ္ဌ ပြန်လည်လွတ်မြောက်ရမည်ဟု အန်အယ်လ်ဒီ မျှော်လင့်
NEJ/ ၄ ဖေဖော်ဝါရီ ၂ဝ၁ဝ

line

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဒု-ဥက္ကဋ္ဌ ဦးတင်ဦးအား လာမည့်သီတင်းပတ်အတွင်း လွှတ်ပေးသင့်ကြောင်း အန်အယ်လ်ဒီက ပြောကြားလိုက်သည်။

ရှေ့လာမည့် သီတင်းပတ်တွင် ဦးတင်ဦးအား နေအိမ်အကျယ်ချုပ် ချုပ်နှောင်ထားသည့်သက်တမ်း ကုန်ဆုံးပြီဖြစ်သဖြင့် စစ်အစိုးရအနေဖြင့် ပြန်လည်လွှတ်ပေးရမည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် စောင့်ကြည့်နေကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောသည်။

“ဦးတင်ဦးလွတ်လာရင် သူ့တာဝန် သူထမ်းဆောင်ရင် ကျနော်တို့မှာ ပိုအားရှိတာပေါ့။ သူ့ကိုချုပ်ထားတဲ့ ဥပဒေအရ ချုပ်ရက်သက်တမ်းက ကုန်သွားပြီ။ လာမယ့် ဖေဖော်ဝါရီလ (၁၃) ရက်နေ့ဆို သက်တမ်းပြည့်သွားပြီဖြစ်ပါတယ်။ ဆက်ဖမ်းထားရမယ့်အကြောင်းလည်း ဘာမှမမြင်ဘူး။ သူ့ကို ထိန်းသိမ်းတဲ့ကာလလည်း ကုန်နေပြီဆိုတော့ လွတ်ကို လွတ်ရမှာ ဖြစ်တယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဦးတင်ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ၂၀၀၃ ခု မေလအတွင်း အထက်မြန်မာပြည်သို့ စည်းရုံးရေးခရီးစဉ် ထွက်ခဲ့ရာတွင် ဒီပဲယင်းဒေသ၌ နအဖစစ်အစိုးရ ထောက်ခံသူများ၏ တိုက်ခိုက်ခံရပြီး ဖမ်းဆီးခံခဲ့ရသည်။

ထို့နောက် စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်တွင် (၁) နှစ် ချုပ်နှောင်ထားပြီးနောက် ၂၀၀၄ ခုနှစ်တွင် ရန်ကုန်ရှိ ၎င်း၏ နေအိမ်သို့ ပြောင်းရွှေ့ကာ နေအိမ်အကျယ်ချုပ်ချထားသည်မှာ ယနေ့တိုင်ဖြစ်သည်။

ဦးတင်ဦး၏ ကလေးထောင်ထဲတွင် နေခဲ့ရသည့်ရက်ကို ထည့်မတွက်ဘဲနှင့်ပင်လျှင် နေအိမ်အကျယ်ချုပ်သက်တမ်းမှာ (၆) နှစ် ပြည့်နေပြီဖြစ်သဖြင့် လွတ်ရက်စေ့နေပြီဖြစ်ကြောင်း၊ ထို့ကြောင့် အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌဖြစ်သူ ဦးတင်ဦး၏ လွတ်မြောက်မှုကို အန်အယ်လ်ဒီပါတီဝင်များကလည်း မျှော်လင့်ကြိုဆိုနေကြကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “အန်အယ်လ်ဒီ ဒု- ဥက္ကဋ္ဌဖြစ်တဲ့ ဦးတင်ဦးလွတ်မြောက်လာမှာကို ကျနော်တို့ မျှော်နေတယ်။ ရောက်လာရင် ပူးပေါင်းပြီးတော့ ဦးတင်ဦးရဲ့ခေါင်းဆောင်မှုနဲ့ ကျနော်တို့ အလုပ်လုပ်ကြမယ်” ဟု ပြောကြားသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်း၌ မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်အား လာမည့်နိုဝင်ဘာလကုန် နေအိမ်အကျယ်ချုပ်သက်တမ်းစေ့ပါက ပြန်လွှတ်ပေးမည်ဟု ပြောကြားခဲ့ပြီး နေအိမ်တွင် ထိန်းသိမ်းခြင်း ခံနေရသည့် အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးအားလည်း လာမည့် ဖေဖော်ဝါရီ (၁၃) ရက်တွင် လွှတ်ပေးမည်ဟု ပြောကြားခဲ့သည်။


Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo