ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့် လိုင်စင်အတုများကြောင့် လေဆာသုံး ကတ်သစ်ထုတ် ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း (လေအိုးနှင့် ရွှေဂျိုး ဆွေးနွေးခန်း)
 


quote
 

 

 

ရဲနှင့် စရဖများ ဆိုင်ကယ် အသုံးပြုဆဲ
မျိုးဝင်းဇော်/ ၂ ဖေဖော်ဝါရီ ၂ဝ၁ဝ

line

 

ရန်ကုန်တိုင်းယာဉ်စည်းကမ်း ထိန်းသိမ်းကြီးကြပ်မှုကော်မတီက ၂ဝဝ၉ ဒီဇင်ဘာ (၁၅) ရက်မှစ၍ လျှပ်စစ်ဝန်ထမ်းများကလွဲပြီး ကျန်ဌာနဆိုင်ရာအားလုံး ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ကြောင်း အမိန့်ထုတ်ထားခဲ့သော်လည်း ရဲများနှင့် စရဖများ ပုံမှန် အသုံးပြုနေကြဆဲဖြစ်ကြောင်း လသာမြို့နယ် ရဲစခန်းမှ ရဲဝန်ထမ်းတဦးက ပြောသည်။

၎င်းက “လျှပ်စစ်ဝန်ထမ်းတွေကလွဲပြီး ဒီဇင်ဘာ (၁၅) ရက်ကစ ဘယ်ဌာနဆိုင်ရာကိုမှ ဆိုင်ကယ် စီးခွင့်မရှိဘူးဆိုတဲ့ အမိန့်ထုတ်ပြီး ဂျာနယ်တွေမှာ ဖော်ပြခိုင်းတာဟာ ကျနော်တို့ ရဲတွေနဲ့ စရဖ အပါအဝင် နိုင်ငံတော်လုံခြုံရေးကို တာဝန်ယူထားသူတွေရဲ့ လုံခြုံရေးအတွက် ဖြစ်တယ်လို့ ကျနော်တို့ကို မြို့နယ်မှူးက ခေါ်ပြောတယ်” ဟု ပြောသည်။

ယခုအခါ ရဲစခန်းတခုစီအလိုက် ဆိုင်ကယ်အရေအတွက် လျော့ချလိုက်သည်မှလွဲပြီး ပုံမှန်ဆက်သုံးနိုင်ကြောင်း၊ လသာစခန်း တခုတည်း ယစက နံပါတ်တပ် လိမ္မော်ရောင် ဆိုင်ကယ် (၁ဝ) စီးကျော် သုံးခွင့်ပေးထားကြောင်း၊ သို့သော် ဆိုင်ကယ်များကို စခန်းများရှေ့တွင် စုပြုံရပ်မထားဘဲ သုံးလေးစီးစီ နေရာခွဲပြီး ရပ်ထားရကြောင်း ၎င်းက ပြောသည်။

လသာမြို့နယ် ရဲစခန်းမှ ရဲဝန်ထမ်း၏ ရှင်းပြချက်အရ ရဲနှင့် စရဖ အပါအဝင် လုံခြုံရေးတာဝန်ကျ ဝန်ထမ်းများ လိမ္မော်ရောင် ဆိုင်ကယ် အသုံးပြုသွားလာရာတွင် မြင်သာပေါ်လွင်နေသည့်အတွက် လူထုက တစုံတရာမကျေနပ်မှုဖြစ်ပွားပါက ဆိုင်ကယ်စီး ရဲနှင့် စရဖတို့သည် တိုက်ခိုက်နိုင်စရာ အလွယ်တကူ ပစ်မှတ်ဖြစ်သွားနိုင်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းဂျာနယ်များကို အသုံးချပြီး ရန်ကုန်တိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းကြီးကြပ်မှု ကော်မတီက လျှပ်စစ်ဝန်ထမ်းများမှလွဲ၍ မည်သူ့ကိုမှ စီးခွင့်မပြုဟုဆိုသည့် အမိန့်ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် ဗိုလ်တထောင်၊ လသာ၊ ကျောက်တံတား၊ ပုဇွန်တောင်ရဲစခန်းတို့နှင့် (၄၆) လမ်း စရဖ စခန်းများမှ ရဲများ၊ စရဖများသည် လိမ္မော်ရောင်ဆိုင်ကယ်များကို ပုံမှန် အသုံးပြုနေကြကြောင်း မျက်မြင်ကိုယ်တွေ့ ရန်ကုန်မြို့ခံများက ပြောသည်။

နအဖစစ်အစိုးရသည် ရန်ကုန်မြို့လယ် (၃၁) မြို့နယ်တွင် ပြည်သူလူထုကို ဆိုင်ကယ်စီးနင်းခွင့် လုံးဝ ပိတ်ပင်ထားသော်လည်း ရဲ၊ စစ်ထောက်လှမ်းရေး၊ ကြံ့ဖွံ့၊ စွမ်းအားရှင်နှင့် ဌာနဆိုင်ရာအချို့ကို စီးနင်းခွင့်ပြုခဲ့ပြီးနောက်ပိုင်း စည်းကမ်းများ တခုပြီးတခု ထုတ်ပြန်ခဲ့သည်။

မကြာသေးခင် ရက်ပိုင်းကလည်း နေပြည်တော်တွင် ယာဉ်စည်းကမ်းထိန်းသိမ်းရေး အစည်းအဝေးတခု ပြုလုပ်ခဲ့ပြီး နေပြည်တော် ဧရိယာရှိ အချို့လမ်းများတွင် ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်သွားမည့်အကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။


Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo