ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့် လိုင်စင်အတုများကြောင့် လေဆာသုံး ကတ်သစ်ထုတ် ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း (လေအိုးနှင့် ရွှေဂျိုး ဆွေးနွေးခန်း)
 


quote
 

 

 

ရန်ကုန်မြို့တွင်း ဒိုင်နာပြေးခွင့်ပိတ်၍ ခရီးသွားပြည်သူများ အခက်တွေ့
တက်လူ/ ၁ ဖေဖော်ဝါရီ ၂ဝ၁ဝ

line

 

ရန်ကုန်မြို့တွင်း ခရီးသည်တင်ဒိုင်နာယာဉ်လိုင်းများ ပြေးဆွဲခွင့်ကို ဖေဖော်ဝါရီလ (၁) ရက်မှစတင်၍ ပိတ်ပင်လိုက်သော်လည်း အစားထိုးယာဉ်လိုင်းများမရှိသဖြင့် ခရီးသွားပြည်သူများ အခက်အခဲဖြစ်နေကြောင်း သိရသည်။

“ဒီ ၂၀၁၀ နှစ်ဆန်းပိုင်းက စတင်ပြီးတော့ ပြေးဆွဲခွင့်ပိတ်မယ်လို့ ကြားနေတာပါပဲ။ မဖြစ်နိုင်ဘူးလို့တောင် ထင်ထားတာလေ။ ဘာလို့လဲဆိုတော့ အစားထိုးမယ့်ကားတွေ လိုတယ်။ ကျနော်တို့ရဲ့ (၁၀၅) ကားတွေဆိုရင် အစီး (၁၀၀) ကျော်ရှိတယ်။ အဲဒီနေရာမှာ အစားထိုးမယ့်ကားကို ကြည့်ပါဦး။ အခုထိမတွေ့ရသေးဘူး။ ခရီးသည်တွေ သွားလာရေး အဆင်မပြေမှုတွေဖြစ်ကို ဖြစ်မယ်” ဟု (၁၀၅) ယာဉ်လိုင်း ပြေးဆွဲနေသူ ယာဉ်မောင်းတဦးက ပြောသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲခွင့်ပိတ်လိုက်သော ဒိုင်နာကားလိုင်းများမှာ (၁၀၇၊ ၁၀၅၊ ၉၇၊ ၁၀၂၊ ၆၃၊ ၃၄၊ ၃၈) စသည်တို့ဖြစ်ပြီး စုစုပေါင်းယာဉ်စီးရေ (၁,၈၀၀) ကျော်ရှိကြောင်း ရန်ကုန်တိုင်း မော်တော်ယာဉ် စည်းကမ်းထိန်းသိမ်းရေးဌာန စာရင်းများအရ သိရသည်။

ယင်းဒိုင်နာကားများကို မြို့ပြင်ထုတ် ပြေးဆွဲစေမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ တာဝန်ရှိသူက ပြောသည်။

ရန်ကုန်မြို့တွင်းသို့ ဒိုင်နာများမ၀င်ရန် စတင်ကန့်သတ်သည့် ဖေဖော်ဝါရီ (၁) ရက်နေ့တွင် ခရီးသွားများ ကားမှတ်တိုင်တို့၌ ပြည့်နှက်ကာ အခက်အခဲတွေ့နေသည်ကို မြင်တွေ့ရကြောင်း သာကေတမြို့နယ်တွင်နေထိုင်ကာ ရန်ကုန်မြို့တွင်း ထီလာရောင်းသူ လူငယ်တဦးက ပြောသည်။

“ရန်ဖြစ်နေတာလားလို့ ရုတ်တရက်တော့ ထင်မိတယ်။ ကားမှတ်တိုင်မှာ လူတွေ ၀ိုင်းအုံနေတာပဲ။ အနားရောက်တော့မှ ကားစောင့်နေတဲ့သူတွေ ဖြစ်နေတယ်။ ကျနော်လည်း ပန်းဆိုးတန်းမှာ အလုပ်ရှိတယ်ဆိုပြီး သွားတာ။ စီးနေကျ ဒိုင်နာတွေ မရှိတော့ ဖြစ်သလို ကျပ်ညပ်ပြီး စီးခဲ့ရတယ်။ ဒီလိုသာဆို မလွယ်ဘူး” ဟု ယင်းလူငယ်က ပြောသည်။

မြို့ပြင်သို့ ဒိုင်နာကားများ ထုတ်သော်လည်း အဆိုပါယာဉ်များ ပြေးဆွဲခဲ့သော လမ်းကြောင်းနေရာများတွင် အစားထိုးမည့် ယာဉ်များ ပြည့်စုံမှုမရှိသေးကြောင်း မထသမှ တာဝန်ရှိသူက ပြောသည်။

“စီစဉ်ရဦးမယ်။ စီးတီးဘတ်စ်ကားကြီးတွေကို အစားထိုးသွားမှာဖြစ်တဲ့အတွက် လောလောဆယ်တော့ ခရီးသည်တွေ ပြည့်နေမှာ အသေအချာပဲ” ဟု ယင်းတာဝန်ရှိသူက ပြောသည်။

၎င်းက “မြို့ပြင်ထုတ်မယ့်ကိစ္စကိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာ (၂၉) ရက်ကပဲ မထသ လက်အောက်က ဒိုင်နာယာဉ်ပိုင်ရှင်တွေကို ခေါ်ယူပြီး အသိပေးပြောကြားထားပြီးဖြစ်တယ်” ဟု ဆက်ပြောသည်။

ယခုကဲ့သို့  ဒိုင်နာများကို မြို့ပြင်ထုတ်ပြေးဆွဲပါက ခရီးစဉ် ပိုရှည်သွားမည်ဖြစ်၍ ခေါက်ရေနည်းကာ ယာဉ်မောင်းများ တွက်ခြေမကိုက်နိုင်ကြောင်း၊ ယင်းအတွက် ယာဉ်မောင်းကြေး ပိုပေးလာရနိုင်သည့်အတွက် ခရီးသည်များအတွက် ယာဉ်စီးခ ပိုကောက်ခံခြင်း ဖြစ်လာနိုင်ကာ နောက်ဆက်တွဲပြဿနာများ ဖြစ်လာနိုင်ကြောင်း ယာဉ်မောင်းတဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က စစ်ကျန်ဘတ်စ်ကားများကို မြို့ပြင်ထုတ်ပြေးဆွဲစေခဲ့ကြောင်း ရန်ကုန်တိုင်း မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောသည်။

၎င်းက “အခု ဒိုင်နာတွေကိုလည်းမြို့ပြင်ထုတ်တာ ဖြစ်ပါတယ်။ မြို့တွင်းမှာ ယာဉ်ကြောတွေ ကြပ်တယ်။ ပြီးတော့ အထူးကားတွေ ကိုပဲ ပြေးဆွဲခိုင်းမှာ ဖြစ်တယ်။ အခု အထူးကားတွေအတွက် ဦးပိုင်က ကားတွေသွင်းပေးဖို့ တာဝန်ယူပါတယ်” ဟု ပြောသည်။


Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo