ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၂) (ဆောင်းပါး)
 


quote
 

 

 

ရန်ကုန်မြို့ ဘုန်းကြီးကျောင်းများတွင် ကင်းပုန်းများချထား
တက်လူ / ၁၁ ဒီဇင်ဘာ ၂၀၀၉

line

 

ရန်ကုန်မြို့ရှိ မြို့နယ် ရပ်ကွက်တို့တွင်ရှိသော ဘုန်းတော်ကြီးကျောင်းများနှင့် အနီးပတ်ဝန်းကျင်တွင် ယခုလဆန်းပိုင်းမှစ၍ ကင်းပုန်းများ ချထားနေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။ 

စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းမပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတကျောင်းတွင် ပြီးခဲ့သည့်တပတ်ခန့်ကစပြီး ယူနီဖောင်းအပြည့်ဖြင့် လည်စီးအနီပတ်ထားသော သေနတ်ကိုင် ရဲ (၅) ဦးတို့သည်  ညအချိန်တွင် လာရောက်စောင့်ဆိုင်း နေကြကြောင်း ရပ်ကွက်အတွင်းရှိ မျက်မြင်တဦးက ပြောသည်။

ရွှေဂုံတိုင်လမ်းမပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များ၏အရှေ့ အုတ်တံတိုင်းများဘေးတွင်လည်း ယူနီဖောင်းဝတ် သေနတ်ကိုင် ရဲ (၄) ဦးက ညအချိန်ရောက်တိုင်း လာရောက်စောင့်ကြည့်နေကြောင်း ကျောင်းတိုက်တခုမှ သံဃာတော်တပါးက ပြောသည်။

အဆိုပါ သံဃာတော်က “ဦးဇင်းတို့က ပြီးခဲ့တဲ့သံဃာ့အရေးအခင်းမှာ မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရတာပါ၊ ဘာပဲဖြစ်ဖြစ် အခုလို အစောင့်တွေ ညအချိန်မှာ လာချတာမျိုးကိုတော့ မကြိုက်ဘူး။ သံဃာဆိုတာ လောကီ လောကုတ္တရာအလုပ်ကို လုပ်ရတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ပါတယ်။ မြတ်စွာဘုရားရဲ့ အဆိုအမိန့်အတိုင်း ကျင့်ကြံအားထုတ်ရတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။ အခုလိုမျိုးကိုတော့ လုံးဝမနှစ်သက်ပါဘူး” ဟု မိန့်ကြားသည်။

ရန်ကုန်တွင် လုံခြုံရေးများတင်းကျပ်ကာ ကင်းများလှည့်လည်နေသည်ကို ရန်ကုန်ပြည်သူတို့က အထူးအဆန်းမဖြစ်ကြတော့ သော်လည်း ယခုကဲ့သို့ ဘုန်းတော်ကြီးကျောင်းများအနီးတွင် ကင်းပုန်းများလာချ စောင့်ကြပ်သည်ကို သံဃာအချို့နှင့် ဒကာများက  မကျေနပ်ကြကြောင်း သိရသည်။

“ကျနော်တို့က  ဒီဘုန်းကြီးကျောင်းက ဆရာတော်ကို ကိုးကွယ်ပါတယ်၊ ဆရာတော်က အသက်လည်းကြီးပြီ၊ အေးအေးဆေးဆေး နေတာဖြစ်တယ်။ ဘာ့ကြောင့် အခုလို လာပြီးတော့ ကင်းပုန်းချတယ်ဆိုတာကို စဉ်းစားလို့မရဘူး။ ညဘက်တွေ ဘုန်းကြီးကျောင်းအနားမှာရှိတဲ့ ဆိုက္ကားသမားတွေလည်း ဂိတ်နေရာပျောက်တဲ့အထိပဲဗျာ” ဟု စမ်းချောင်းတွင် နေထိုင်သူတဦးက ပြောသည်။

မည်သည့်အတွက်ကြောင့် ကင်းပုန်းများချထားရကြောင်း ပြည်ထဲရေး ရဲအရာထမ်းတဦးအား မေးမြန်းရာတွင် လုံခြုံရေးနှင့် ပတ်သက်၍ ရန်ကုန်တိုင်းမှူးကသာ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပြောဆိုသည်။

ယခုအခါ ရန်ကုန်မြို့ရှိ စမ်းချောင်း၊ ရွှေဂုံတိုင်၊ တောင်ဥက္ကလာပ စသည့်မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းတို့တွင် ကင်းပုန်းများ စတင်ချထားလျက်ရှိပြီး ရဲတပ်ဖွဲ့ဝင် (၃) ဦးမှ (၅) ဦအထိ အရေအတွက်ရှိကြောင်း မြို့ခံများက ပြောသည်။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo