ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - ကျိုက်ထီးရိုးတောင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဆိုးဝါးလာ A (H1N1) တုပ်ကွေး တကျော့ပြန် ခေါင်းထောင်၊ ရန်ကုန်မှာ ကလေးငယ်များ အစုအပြုံလိုက်ဖြစ်ပွား အကယ်ဒမီပွဲတွင် ဂျာနယ်သတင်းထောက်များ ဓာတ်ပုံရိုက်ခွင့် တားဆီးခံရ ရှမ်းပြည်မြောက်ပိုင်းတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီး ကချင်ပြည်နယ်သို့ ပြည်တွင်းလုပ်သား ပြောင်းရွှေ့နှုန်းများပြား အကယ်ဒမီပွဲမှာ ၀န်ကြီးက ရွေးကောက်ပွဲအတွက် လှုံ့ဆော် ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီး (ဝေဖန်သုံးသပ်ချက်) အပြောနဲ့အလုပ် ညီဖို့လို (ပေးစာ)
 


quote
 

 

 


မင်းနိုင်သူ /၂၈ ဧပြီ ၂၀၀၉

line

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီစုံညီအစည်းအဝေးကို ယနေ့စတင်ပြီး ကချင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ စသည့် ပြည်နယ်နှင့်တိုင်းတို့မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က တင်ပြသော စာတမ်းကို ပြန်လည်ဆွေး နွေးသွားကြကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။

“ပြန်လည်ဆွေးနွေးသွားကြတာတွေကတော့ အများကြီးပဲ။ စည်းရုံးရေးအကြောင်းအရာနဲ့ ပတ်သက်တာတွေရော၊ နိုင်ငံရေးအကြောင်းအရာနဲ့ ပတ်သက်တာတွေရော ပြန်လည်ဆွေးနွေးသွားကြပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက် တာတွေ နအဖစစ်ခေါင်းဆောင်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးနိုင်မှုရှိမရှိ၊ အဲဒါတွေကို အဓိကထား ဆွေးနွေးသွားကြတာပေါ့။ မနက်ဖြန် ဆွေးနွေးမှုတွေအပြီးမှာမှ တစုံတရာသဘောထား ထုတ်ပြန်ချက်ပေးနိုင်မယ်” ဟု ၎င်းက ပြောသည်။

ယနေ့ဆွေးနွေးခဲ့ကြသော ပြည်နယ်နှင့်တိုင်းများသည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ တင်ပြသော အစီရင်ခံစာ (၃) ရပ်အပေါ်တွင် ပြန်လည်တုံ့ပြန် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲမစတင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ သဘောထားအစီရင်ခံစာကို ဦးသိန်းညွန့် ကလည်းကောင်း၊ ပါတီစည်းရုံးရေးဆိုင်ရာ အစီအရင်ခံစာကို ဦးအုံးကြိုင်ကလည်းကောင်း၊ နိုင်ငံရေးဆိုင်ရာ အစီရင်ခံစာကို ဒေါက်တာသန်းငြိမ်းကလည်းကောင်း အသီးသီးဖတ်ကြားတင်ပြခဲ့ကြောင်း သိရသည်။

“ပြည်နယ်နှင့်တိုင်းတွေက စည်းရုံးရေးအဖွဲ့ဝင်ထဲက တဦးနဲ့ လွှတ်တော်ကိုယ်စားလှယ်ထဲက တဦးစီက ပြန်လှန်ဆွေးနွေးတယ်။ မရှင်းတဲ့အချက်တွေ ပြန်မေးတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပြန်လည်ဖြေကြားပေး ခဲ့တယ်” ဟု ဦးအုံးကြိုင်က ပြောသည်။

အဆိုပါ အန်အယ်လ်ဒီပါတီ စုံညီအစည်းအဝေးသို့ ပြည်နယ်နှင့်တိုင်းများမှ စည်းရုံးရေးအဖွဲ့ဝင် (၆၃) ဦး၊ လွှတ်တော်ကိုယ်စားလှယ် (၉၃) ဦး၊ ဗဟိုလူငယ် (၃) ဦးနှင့် ဗဟိုအမျိုးသမီး (၃) ဦးတို့အပြင် စီအာပီပီ ကိုယ်စား လှယ်များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများနှင့် သံတမန်များပါ တက်ရောက်ခဲ့ကြသည်။

အာဏာပိုင်များဘက်မှလည်း ရဲများ၊ လုံထိန်းများ၊ အရပ်ဝတ်လုံခြုံရေးများဖြင့် စောင့်ကြည့်မှုများရှိခဲ့ကြောင်း သိရသည်။

 

Sport
job
job
job
News Photo
job
sayartinmoe
sayartinmoe
News Photo