ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 


မင်းနိုင်သူ /ဧပြီလ(၂) ရက်၊ ၂၀၀၉

line

 

နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမှု အဆင်မပြေသောကြောင့် စင်ကာပူသင်္ကြန်အကြိုဖျော်ဖြေပွဲသို့ သွားရောက် နိုင်မှုအခြေအနေ အလွန်နည်းပါးနေပြီကြောင်း အဆိုတော်ဆောင်းဦးလှိုင်က ခေတ်ပြိုင်သို့ ပြောသည်။

“ကျနော် ၂၀၀၇ ခုနှစ် သြဂုတ်လမှာ နိုင်ငံကူးလက်မှတ်သတ်တမ်းကုန်သွားလို့ သက်တမ်းတိုးလိုက်ရတယ်။ အဲဒီမှာ ကျနော့်ကို သက်တမ်းတိုးမပေးဘူး။ ပညာရေးကင်းရှင်းကြောင်း (EC) မရှိလို့ဆိုပြီး အကြောင်းပြတယ်။ ဒါပေမယ့် တခြားဆရာဝန်အဆိုတော်တွေကိုတော့ ထွက်ခွာခွင့်ပြုထားတယ်။ သက်တမ်းတိုး လွယ်လွယ်ကူကူနဲ့ရကြတယ်။ ကျနော့်ကိုလည်း လွန်ခဲ့တဲ့ (၅) နှစ်လောက်ကတော့ ဆရာဝန်အဆိုတော်မှန်းသိပေမယ့် ဌာနဆိုင်ရာက ပုဂ္ဂိုလ်တွေ ပြောရမှာပေါ့ဗျာ။ သူတို့က အကူအညီပေးခဲ့ကြတယ်။ အခုတော့ သက်တမ်းကို တိုးမပေးသေးဘူး။ ကျနော့်ပရိသတ် တွေ အနေနဲ့ ကျနော်လာမယ်လို့ ကြေညာထားပြီးမှ မလာဖြစ်ခဲ့ရင် တောင်းပန်ပါတယ်။ ကျနော့်မှာ ဒီလိုအခက်အခဲ တွေ ရှိနေပါတယ်ဆိုတာ သိစေချင်ပါတယ်” ဟု ဆောင်းဦးလှိုင်က ပြောသည်။

စင်ကာပူသင်္ကြန်အကြိုဖျော်ဖြေပွဲတွင် PLUS THREE Band ဖြင့် ဇော်ဝမ်း၊ ဆောင်းဦးလှိုင်၊ မျိုးကျော့မြိုင်၊ စည်သူလွင်၊ ရဲလေး၊ ရှင်ဖုန်း၊ ဖြူဖြူကျော်သိန်းတို့ တွဲဖက်ဖျော်ဖြေရန် ပွဲလက်ခံထားကြောင်း တီးဝိုင်းခေါင်းဆောင် ဥက္ကာဦးသာက ပြောသည်။

နအဖစစ်အစိုးရလက်ထက်တွင် ကျန်းမာရေးဝန်ကြီးဌာနက ဆရာဝန်များ ပြည်ပထွက်မှုကို တင်းကျပ်စွာကန့်သတ် ကြောင်း လသာမြို့နယ်တွင် ပြင်ပဆေးခန်းဖွင့်လှစ်ထားသည့် ဆရာဝန်တဦးက ပြောသည်။

“ဆရာဝန် (EC) ခက်တယ်။ အသက် (၅၀) ကျော် (၆၀) တမ်းတွေက ငါးသိန်းလောက်လျော်လိုက်ရင်ရတယ်။ ကျနော်တို့ကျတော့ လျော်ရင်လည်းမရဘူး။ လျော်ခွင့်တောင်မရှိဘူး။ ကိုဆောင်းဦးဆိုလည်း ကျနော်တို့နဲ့ နှစ်တူပေါ့။ ကျနော်တို့ ၁၉၉၉ ခုနှစ်မှာ ကျောင်းပြီးခဲ့တဲ့သူတွေနဲ့ ကျနော်တို့အပေါ် လေးတန်း၊ အောက်လေးတန်းက လူတွေက အဲဒီပြဋ္ဌာန်းချက်နဲ့ ငြိနေကြတယ်။ ကျနော်တို့က သိန်းသုံးဆယ် ပေးလျော်ပါမယ်ဆိုလည်း မရဘူး။ ပိုင်ရာဆိုင်ရာ တွေကတော့ နားလည်မှုနဲ့ရကြတယ်” ဟု အထက်ပါဆရာဝန်က ပညာရေးကင်းရှင်းကြောင်း ပြုလုပ်ရမှုအခက်အခဲ ကို ပြောသည်။

နအဖစစ်အစိုးရ၏ တင်းကျပ်သောကိုင်တွယ်မှု၊ လုပ်ခလစာနှင့် ကုန်ဈေးနှုန်းမမျှတမှုများကြောင့် ဆရာဝန်အများ အပြား လုပ်ငန်းခွင်မှ ထွက်ခွာမှုများရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာနက ၂၀၀၈ နိုဝင်ဘာ (၂၆) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့်အမိန့်တွင် လုပ်ငန်းခွင်မှထွက်ခွာခဲ့ သည့် ဆရာဝန် (၇) ဦးကို အလုပ်မှထုတ်ပယ်သည်ဟုဆိုခဲ့ကာ အဆိုပါထုတ်ပြန်မှုကို စရဖ၊ သတင်းတပ်ဖွဲ့၊ မှုခင်းတပ်ဖွဲ့တို့ အပါအ၀င် ဌာနပေါင်း (၂၂) ဌာနသို့ ဖြန့်ဝေထားသည်ဟု ဆက်လက်ဖော်ပြထားသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဘွဲ့လွန်ကြေးနှင့် ပညာသင်လျော်ကြေးငွေ (၅) သိန်းစီ ပေးလျော် ရမည့်သူ (၅) ဦး၊ ဆမလိုင်စင် အကန့်အသတ်မရှိ ပိတ်သိမ်းခံရသူ (၅) ဦးနှင့် ဆမလိုင်စင် (၅) နှစ် ပိတ်သိမ်းခံရသူ (၃) ဦး ပါရှိကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားသည်။

“သူတို့က အဲလိုပိတ်သိမ်းမှုတွေ၊ ထုတ်ပယ်မှုတွေလုပ်တဲ့အပြင် ပြည်ပထွက်လို့ မရအောင်ပါလုပ်တာ။ ဆရာဝန်တချို့ ကိုးတန်းအောင်နဲ့ ထွက်ကြရတာတွေရှိတယ်။ ဟိုဘက်မှာ ကျောင်းပြန်တက်ဖို့၊ အလုပ်လုပ်ဖို့ဆိုတာ အရမ်းအခက်တွေ့ကြရတာပေါ့။ တော်တော်ဆိုးပါတယ်” ဟု လသာဆရာဝန်က ပြောသည်။

ပြည်တွင်းအနုပညာသတင်းထောက်တဦးက “တခြားအဆိုတော်ဆရာဝန်တွေ၊ ဆရာဝန်လုပ်ငန်းရှင်တွေ နိုင်ငံခြား သွားလာနေကြတာပဲလေ။ ကိုဆောင်းဦးကိုမှ သက်တမ်းတိုးမပေးတာဆိုတော့ သူ့ရဲ့ လူမှုရေးဆောင်ရွက်ချက် တွေကို အစိုးရဘက်က အမြင်မကြည်တာတွေရှိမှာပေါ့။ သူဘာတွေဆောင်ရွက်ခဲ့တယ်ဆိုတာတော့ မပြောတော့ပါ ဘူး။ ဒီကလူတွေ အချင်းချင်းသိကြပါတယ်” ဟု ဆိုသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook