မဲဇာတောင်ခြေ၊ စီးထွေထွေတည့်၊
မြစ်ရေဝန်းလည်၊ မြိုင်တောစည်က၊
ရွှေပြည်ကိုသာ တရှာတော့မိ၊
မိုးရှိရှိလျှင် သီရိကျက်သရေ တက်ဖြိုးဝေသား၊
အောင်မြေကျော့ကျော့ ကုန်းမော့မော့နှင့်
ဘိုးတော်ကောင်းမှု တည်ထားပြုသည်၊
ဇမ္ဗူ့ဆီမီး ခြောက်ရောင်ညီးမျှ၊
ကူကြီးသခင် ရွှေလင်းပင်နှင့် ရွှေခြင်္သေ့မွေ
စ၍ရေသော် ရွှေစေတီကြီး အသီးသီးတည့်၊
ပိတ်ဆည်းခြယ်သန်း လျှပ်ရောင်လန်းမျှ ရွှေနန်းရွှေဘုံ၊
အလုံးစုံကို အာရုံမျက်မြင် ဖူးမျှော်ချင်၍၊
သည်တွင်ရွှေမြို့ သည်သို့စေတီ
သည်ဆီရွှေနန်း ဖြောင့်တန်းတော့မည်
စိတ်ကရည်သည် ရွှေပြည်ဌာန ဝေးသောကြောင့်။
|