ပျိုလေးတို့ ကောက်စိုက်ရာ၊ လိုက်လာနှင့်လေး---၊
လိုက်လာလျှင် ရွှံ့စဉ်တော့မယ်၊ ပေါင်းကြော့ရင်သွေး။ ။
မည်းပန်းညို ပတ်လည်ဝိုက်လို့၊
ထိပ်စိုက်တဲ့ မုရိုးခိုင်ငယ်၊ ကိုးတိုင်ကမွှေး၊
လယ်ပွဲတော်ဝင်၊ ပန်ချင်လျှင် ပုံတော်ထီးငယ်၊ ခေါင်းဖြီးခဲ့လေး။ ။
အောင်ပင်လယ် ကန်မြမင်းနှင့် ရန်ကင်းတောင်သီခေါင်၊ ရီမှောင်လို့ဖွေး။
ဗျာကသီ၊ တာဆီကို မရွာပါနှင့် မင်္ဂလာ လယ်တော်စိုက်ကို ဆိုင်းလိုက်ပါ့လေး။ ။
ပျိုစိုက်တဲ့ လယ်ကန်သင်းက ရွှေယင်းမာပင်၊
မပွင့်ခင်က ငုံတံသေးတယ် ချိုးပန်ခဲ့လေး။ ။
တို့လမိုင်း မြေနယ်ပေါ် လယ်တော်နှင့်လေး။
အို- ဘုန်းတော်လေကြီးလို့၊ လယ်တော်လေသီးလို့၊
ပြည်ကြီးမို့လေး။
|