ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - တိုက်ပြိုပြီး အချိန်မီမကယ်နိုင်၍ ဆယ်တန်းဖြေကျောင်းသူ သေဆုံး ကြားဖြတ်အစိုးရဖွဲ့ရန် အမ်ပီယူ တောင်းဆို ရွေးကောက်ပွဲဥပဒေထုတ်ပြီး ရန်ကုန်လုံခြုံရေးတိုးမြှင့် ကင်တားနား၏ မတ်လအစီရင်ခံစာ ဟတ်ကြီးရေကာတာ တည်ဆောက်မှု ရပ်တန့်ရေး ထိုင်း-မြန်မာဒေသခံများ ဆန္ဒပြ ပါတီနိုင်ငံရေးကိစ္စ အဆုံးဖြတ်ပေးရန် လာမည့် (၂၉) ရက်တွင် အန်အယ်လ်ဒီ ဆွေးနွေးမည် အင်္ကျီနီဝတ်များ၏ တောင်းဆိုမှုကို ထိုင်းအစိုးရ ငြင်းပယ် နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၁) (ဆောင်းပါး)
 


quote
 

 

 


line

 

ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းကောင်း၊ ယောင်းမတို့လေ။ ။
ဝါဆိုငယ်မှ ဝါခေါင်၊ ရေဖောင်ဖောင်နှင့်၊ ရွာတောင်ကချောင်း၊ ရွာနောက်ပေါင်းကို၊
ထနောင်းကြောင်ချစ်၊ ဆူးရင့်ပွင့်ကာ၊ မိုးမရွာ၊ ရွာပါသော်လည်း၊ မိုးကမသည်း။ ။
လယ်ပြင်ငယ်မှပတ်သန်း၊ ပျိုးကောက်ငန်းနှင့်၊ အလွမ်းငယ်မှ ပျော်ရာ၊
နှမကြီးမယ်သာစိုက်ပါတဲ့ ကောက်ငန်းတာကို၊ မောင်ကလေးငယ်၊
မောင်မလာသည်၊ မလာကတည်း၊ နှမကြီးဝမ်းမနည်း။
ကောက်ငန်းသွယ်မှ သွယ်ဝိုက်၊ ကန်သင်းပေါ်က မျှော်မိလိုက်တိုင်း၊
ပျိုကြိုက်တဲ့သူ၊ ပဝါထယ်ကို၊ ထိပ်လယ်မှာပေါင်း၊ ဆံသွယ်ပျောင်းငယ်နှင့်၊
ပေါင်းကြော့လူကို၊ စိတ်တူနှောလို့၊ မပြောရလေ။
ယင်းမာပန်လျက်၊ ကောက်စိုက်ဘက်ကို၊
လက်ခုပ်ပင်တောင်၊ ပညောင်ပင်လှ၊ နှောပင်ခွနှင့်၊
လမ်းမတိုးယို၊ ဆီးချုံရိပ်မှာလ၊ တဆိတ်ကယ်ခိုပြီးလျှင်၊
ချုံညိုစွန်းမှာတဲ့ အလွမ်းဖြေဆို။
အပျိုဖြူငယ်က ကျွမ်းပါတဲ့ လွမ်းတုံ့တင်လေး။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo