myanmar phone card academic writing at newerajournal.com

Welcome to newerajournal.com

Related Searches
  • Short Story Magazine
  • Writing Publications
  • Nonfiction Magazine
  • Magazine Writing Contests
  • Magazines Publish
  • Submission Magazine
myanmar phone card classifieds news at newerajournal.com

Welcome to newerajournal.com

Related Searches
  • Wall Street Journal Online
  • New Journal
  • Wall Street Journal Home Page
  • Newspaper Local
  • Obiturary
myanmar phone card classifieds news at newerajournal.com

Welcome to newerajournal.com

Related Searches
  • Wall Street Journal Online
  • New Journal
  • Wall Street Journal Home Page
  • Newspaper Local
  • Obiturary
မြန်မာပြည်သူများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (ဂျေအေစီဘီအေ) မှ
တာဝန်ခံ ဦးမိုးကြိုးနှင့် ခေတ်ပြိုင်တွေ့ဆုံမေးမြန်းခန်း
UMoeGyo

ခေတ်ပြိုင် - ဦးမိုးကြိုး အခုလက်ရှိလုပ်ကိုင်နေတဲ့ အဖွဲ့အစည်းအမည်နဲ့ လုပ်ငန်းစဉ်တွေကို အကျဉ်းချုံးမိတ်ဆက်ပေးပါဦး။

ဦးမိုးကြိုး - ကျနော်အခုလက်ရှိလုပ်ကိုင်နေတာ “မြန်မာပြည်သူများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ” (Joint Action Committee For Burma Affairs) ဖြစ်ပါတယ်။ ဂျေအေစီဘီအေလို့ လူအများသိပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေ အထူးသဖြင့် အဝေးရောက် မြန်မာပြည်သူပြည်သားတွေရဲ့ သာရေးနာရေးနဲ့

အလုပ်သမားအရေးတွေကို ထိုင်း-မြန်မာအဖွဲ့အစည်းတွေ၊ အခြားအန်ဂျီအိုအဖွဲ့အစည်းတွေနဲ့ ဆက်စပ် လုပ်ကိုင်နေပါတယ်။

ခေတ် - အဲဒီအဖွဲ့ကို ဘယ်လိုပုံစံနဲ့ ဖွဲ့စည်းထားပြီး ဦးမိုးကြိုးက ဘာတာဝန်ကို ယူထားပါသလဲ။

မိုး - ကျနော်တို့အဖွဲ့ကို ရွှေ့ပြောင်းအလုပ်သမား အမျိုးအစားပေါင်းစုံက ကိုယ်စားလှယ်တွေနဲ့ အလုပ်အမှုဆောင်အဖွဲ့ဖွဲ့ပြီး တနှစ်သက်တမ်းရှိတဲ့ တာဝန်ပေးပါတယ်။ လက်ရှိမူဝါဒရေးရာဦးဆောင်အဖွဲ့ တာဝန်ခံ (ဥက္ကဋ္ဌ) နေရာကို ကျနော်ထမ်းဆောင်ပါတယ်။

ခေတ် - အလုပ်အမှုဆောင်အဖွဲ့ကို ဘယ်လိုပုံစံမျိုးနဲ့ရွေးချယ်ပြီး ခံစားပိုင်ခွင့်အနေနဲ့ကော ဘယ်လိုရှိပါ သလဲ။

မိုး - ပြီးခဲ့တဲ့ ဇွန်လတုန်းက တနှစ်ပြည့်မျက်နှာစုံညီ အထူးအစည်းအဝေးခေါ်ယူပြီး အချိန်ပြည့်တာဝန်က ဘယ်သူ၊ အချိန်ပိုင်းတာဝန်ကဘယ်သူ၊ နောက်ပြီး မိမိရောက်ရှိရာ ဒေသကိုယ်စားလှယ်ကဘယ်သူ စသည်ဖြင့် မဲပေးရွေးချယ်ပြီး လုပ်ပိုင်ခွင့်တွေ ခွဲဝေသတ်မှတ်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့
အဝေးရောက်မြန်မာပြည်သားတွေဆီကနေ မိသားစုပုံစံ ညီအစ်ကိုမောင်နှမပုံစံ ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်ရရှိခြင်းဟာ ကျနော်တို့အဖွဲ့ရဲ့ ခံစားပိုင်ခွင့်ဖြစ်ပါတယ်။

ခေတ် - ဦးမိုးကြိုးတို့အဖွဲ့က မဲဆောက်မှာရှိတဲ့ ကျန်တဲ့အလုပ်သမားအဖွဲ့အစည်းတွေနဲ့ ဘယ်လိုဘယ်ပုံ ကွာခြားမှုရှိပါသလဲ။

မိုး - ဒီနေရာမှာ ကျနော်တို့အဖွဲ့အကြောင်းပဲ ကျနော်ပြောချင်ပါတယ်။ အခုအထိ ကျနော်တို့ဟာ မိသားစု ပုံစံ၊ ညီအစ်ကိုမောင်နှမပုံစံ ကိုယ်ထူကိုယ်ထ အကျိုးဆောင်အဖွဲ့အနေနဲ့ပဲ လှုပ်ရှားနေပါတယ်။ ထိတွေ့၊ ထပ်မံထိတွေ့၊ အကြိမ်ကြိမ်ထိတွေ့၊ အလုံးစုံထိတွေ့ ဆိုသလိုပေါ့ဗျာ။

ခေတ် - မိသားစုပုံစံ၊ ညီအစ်ကိုမောင်နှမပုံစံဆိုတာကို ပေါ်လွင်အောင် လုပ်ပုံကိုင်ပုံ နမူနာလေးများ ပြောပြနိုင်မလား။

မိုး - ရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်ပြုတ်လာကြတဲ့အခါ ဒါမှမဟုတ် အလုပ်သမားပြဿနာတွေကို ရင်ဆိုင်ကြုံတွေ့နေရတဲ့အခါမျိုးမှာ ကျနော်တို့က အလုပ်သမားအခွင့်အရေးက ဒီလိုရှိတယ်၊ ဥပဒေမှာ ဖော်ပြထားတဲ့အတိုင်း ဒီလိုငြိမ်းငြိမ်းချမ်းချမ်း တောင်းဆိုကြည့်မယ်၊ ဘယ်လိုမှ ညှိနှိုင်းမရတဲ့အခါကျမှ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြမယ်ဆိုတဲ့ နည်းနာတွေရယ်၊ သူတို့အခွင့်အရေးကို သူတို့ကိုယ်တိုင်သိပြီး ကိုယ်တိုင်အားထုတ်ချင်လာအောင် စည်းရုံးလမ်းပြပေးပါတယ်။ အဲဒီလို ညီအစ်ကိုမောင်နှမတွေ အခက်အခဲကြုံတွေ့တဲ့အခါတိုင်း အခြားသော ထိုင်းနဲ့ မြန်မာအဖွဲ့အစည်းတွေကို အကျိုးအကြောင်း ပြောပြပြီး စားရေရိက္ခာနဲ့ အလှူငွေတွေကို ဝေငှချင်လာအောင် ရှင်းပြပေးပါတယ်။ ကျနော်တို့မှာရှိတဲ့ အခြားသော ညီအစ်ကိုအဖွဲ့အစည်းတွေရဲ့ လုံခြုံရေးရိပ်သာတွေမှာ နေရာချထားနိုင်အောင် မေတ္တာရပ်ခံ ပေးပါတယ်။ ဥပမာအားဖြင့် ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ် ဧပြီလ (၁၈) ရက်တုန်းက မဲဆောက်မြို့ ယူနီအိုးရှင်း အထည်ချုပ်စက်ရုံက အလုပ်သမား (၁၅၂) ယောက် ဆန္ဒပြတဲ့ကိစ္စမျိုး၊ ၂၀၀၆ ခုနှစ် ဧပြီလ (၇) ရက်က မဲဆောက်မြို့ ကွမ်တုံခေါ် ဂျီအက်စ်အက်စ် သိုးမွေးစက်ရုံက အလုပ်သမား (၁၇၆) ယောက် ဆန္ဒပြတဲ့ ကိစ္စမျိုး၊ ၂၀၀၆ ခုနှစ် စက်တင်ဘာလ (၁၁) ရက် မဲဆောက်မြို့ မယ်ကုကျေးရွာက ဖုပိုသိုးမွေးစက်ရုံမှာ အလုပ်သမား (၆၀၀) ကျော်ဆန္ဒပြတဲ့ကိစ္စမျိုးနဲ့ အခု ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ (၁၂) ရက်နေ့မှာ အလုပ်ပြုတ်လာကြတဲ့ ဖုပိုအလုပ်သမား (၂၃၁) ယောက်ကို နေရာချထားရေးကိစ္စမျိုးတွေမှာ ကျနော်တို့ အဖွဲ့ရဲ့ မိသားစုပုံစံ ညီအစ်ကိုမောင်နှမပုံစံကို ဖော်ပြနိုင်ခဲ့မယ်လို့ ထင်ပါတယ်။ အလားတူပဲ အဖွဲ့စုံလို့ခေါ်တဲ့ LLC, TLC စတဲ့ ထိုင်းအကျိုးဆောင်အဖွဲ့နှစ်ဖွဲ့ရယ်၊ FTUB, BLSO, BLC စတဲ့ မြန်မာအကျိုးဆောင်အဖွဲ့ (၃) ဖွဲ့ရယ်၊ BWU, NDD, SAW, ABSDF, MAETAO CLINICS စတဲ့ အဖွဲ့အစည်းတွေရဲ့ အကူအညီ တွေလည်း ပါဝင်ပါတယ်လို့ ကျေးဇူးတင်စကားပြောလိုပါတယ်။

ခေတ် - အဲဒီလို အလုပ်ပြုတ်လာကြတဲ့ အလုပ်သမားတွေကို ဦးမိုးကြိုးတို့အဖွဲ့က ခေါ်ယူစောင့်ရှောက် ထားရတာမျိုးတွေ ရှိသလား။ ရှိရင် သူတို့တွေအတွက် ဘယ်လိုအကူအညီမျိုးတွေပေးပါသလဲဆိုတာ သိပါရစေ။

မိုး - ရှိပါတယ်။ ဘယ်လိုဖြေရှင်းပေးသလဲဆိုတာ အထက်မှာလည်း ရှင်းပြခဲ့ပြီးပါပြီ။ အခုခင်ဗျားကို ပြောပြနေတဲ့အချိန်မှာ ကျနော်တို့အဖွဲ့ရဲ့ “တိုက်ရဲသူရိပ်သာ” မှာ ဖုပိုသိုးမွေးစက်ရုံက အလုပ်သမား (၃၄) ယောက်ရယ်၊ အထည်ချုပ်စက်ရုံတခုက အလုပ်သမား (၃) ယောက်ရယ်ကို စောင့်ရှောက်ထားတာ မျက်မြင်ပါပဲ။ စာရေးဆရာတချို့နဲ့ အတိုက်အခံခေါင်းဆောင်တချို့လည်း အဲဒီအလုပ်သမားတွေကို ဗဟုသုတဝေမျှရင်း စားစရာတွေ ဝေငှသွားတာရှိပါတယ်။ ရှေ့မှာလည်း ဒီလိုပဲ ကျနော်တို့လုပ်ခဲ့ပါတယ်။ မြန်မာဘုန်းတော်ကြီးကျောင်းအချို့ဆီက စားရေရိက္ခာတွေဟာ အဲဒီလို ဒုက္ခရောက်လာသူတွေအတွက် အာဟာရဖြစ်တယ်ဆိုတာ ဒီနေရာမှာ မှတ်တမ်းတင်ချင်ပါတယ်။ စာနာထောက်ထားမှုရှိတဲ့ မြန်မာ အကျိုးဆောင်အဖွဲ့တွေ၊ ထိုင်းအဖွဲ့တွေနဲ့ အန်ဂျီအိုအဖွဲ့အချို့၊ သတင်းဌာနအချို့ကိုလည်း ကျေးဇူးတင် ကြောင်း ဒီနေရာမှာ ထပ်မံပြောကြားချင်ပါတယ်။

ခေတ် - ဦးမိုးကြိုးတို့အဖွဲ့အနေနဲ့ “မြန်မာပြည်သား” ဆိုတဲ့ စာစောင်လေးထုတ်ဝေတယ်လို့ သိရပါတယ်။ အဲဒီစာစောင်ကို ဘယ်လိုပုံစံနဲ့ထုတ်ဝေပြီး ဘယ်လိုပရိသတ်မျိုးအတွက် ရည်ရွယ်ထုတ်ဝေတာပါလဲ။

မိုး - ဟုတ်ပါတယ်။ ကျနော်တို့အဖွဲ့မှာ မြန်မာပြည်သားစာစောင် ထုတ်ဝေလာတာ ၂၀၀၅ ခုနှစ် သြဂုတ်လ ကတည်းကဆိုတော့ တနှစ်ခွဲလောက်ရှိပါပြီ။ လစဉ်မပျက် မရှိရှိတဲ့ကြားက မိတ္တူကူးပြီး အကြွေးခံပြီး ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ အဝေးရောက်မြန်မာပြည်သားတွေဟာ ကျနော်တို့ပေးဝေချင်တဲ့ ပရိသတ်တွေပါပဲ။ မြန်မာပြည်သားစာစောင်မှာ အလှူငွေထည့်ဝင်သူများဆိုတဲ့ စာမျက်နှာကို လစဉ်ဖော်ပြပေးပါတယ်။ “ဂျေအေစီဘီအေဆိုတာ သင်အပါအ၀င် မြန်မာပြည်သား ညီအစ်ကိုမောင်နှမတွေရဲ့ မိသားစုပုံစံ အဖွဲ့အစည်းဖြစ်ပါတယ်။ အဲဒါကြောင့် သင်တတ်နိုင်တဲ့အချိန်၊ လုပ်အားနဲ့ အလှူငွေတွေကို ပံ့ပိုးကူညီကြဖို့ ဖိတ်ခေါ်ပါတယ်” လို့ ကျနော်တို့ဖော်ပြခဲ့ပါတယ်။

ခေတ် - ဂျေအေစီဘီအေကို စတင်ထူထောင်လုပ်ကိုင်ဖို့ ဘယ်လိုအကြောင်းတရားတွေက ဦးမိုးကြိုးကို စေ့ဆော်ပါသလဲ။

မိုး - ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ် စက်တင်ဘာလလောက်တုန်းက မဲဆောက်မြို့ သစ္စာပန်းရုံး (မြူနီစီပယ်ရုံး) အနီးက ဆင်နှစ်ကောင် ငွေပန်းတိမ်စက်ရုံမှာရှိတဲ့ အလုပ်သမား (၉၄) ယောက်ရဲ့ ဆန္ဒပြပွဲကနေ ဂျေအေစီဘီအေဖြစ်လာဖို့ အကြောင်းဖန်ခဲ့တာပါ။ အဲဒီဆန္ဒပြပွဲမှာ အရင်လုပ်အားခ (၅၅) ဘတ်ကနေ (၈၀) ဘတ်ရရှိပြီး အရင်အိုတီကြေး (၅) ဘတ်ကနေ (၁၅) ဘတ်အထိရရှိအောင် မြန်မာဆရာတော်ကြီး တပါးနဲ့တွဲပြီး အနီးကပ် အကျိုးဆောင်ကူညီခဲ့ပါတယ်။ အဲဒီမှာပဲ တို့မြန်မာပြည်သားတွေ တို့အလုပ်သမား တွေအနေနဲ့ အလုပ်သမားအခွင့်အရေးကိုနားလည်ပြီး စုပေါင်းညီညာရင် အောင်ကြောင်းဖြာနိုင်တယ်လို့ ယုံကြည်စိတ်နဲ့ ဒီအဖွဲ့ကို ဖွဲ့ခဲ့တာဖြစ်ပါတယ်။

ခေတ် - အဖွဲ့မှာ အဖွဲ့ဝင်အနေနဲ့ လက်ခံတာမျိုးကော ရှိပါသလား။ ရှိရင်ဘယ်လိုပုံစံနဲ့ လက်ခံပါသလဲ။

မိုး - ရှိပါတယ်။ အဖွဲ့ဝင်ပုံစံဖောင်ထဲမှာ ဖော်ပြထားတဲ့ အချက်အလက်တွေကို ဖြည့်ရပါတယ်။ အဖွဲ့ဝင်ပုံစံ တွေလျှောက်ဝေပြီး လူအင်အားစုဆောင်းတာမျိုးတော့ လုံးဝမရှိပါဘူး။ စေတနာ့ဝန်ထမ်းစိတ်နဲ့ ရိုးရိုးသားသား ထမ်းဆောင်ချင်သူတိုင်းကို အချိန်ပိုင်း၊ အချိန်ပြည့်၊ မိမိရှိရာနေရာမှာ တာဝန်ပေးပါတယ်။

ခေတ် - စတင်ဖွဲ့စည်းလုပ်ကိုင်စဉ်က ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတချို့နဲ့ အဖွဲ့ထူထောင်ပြီးနောက်ပိုင်း တိုးတက်မှုရှိလာတဲ့ အနေအထားလေးတွေကို အကျဉ်းရုံးပြောပြပေးပါဦး။

မိုး - စောစောကပြောခဲ့သလို ၂၀၀၄ ခုနှစ် စက်တင်ဘာလ ဆန္ဒပြပွဲဆီကနေ အဖွဲ့အစည်းထူထောင်ဖို့ ဆန္ဒရှိခဲ့ပေမယ့် ဘုန်းကြီးကျောင်းမှာလိုလို၊ အသိအိမ်တအိမ်မှာလိုလို၊ လက်ဖက်ရည်ဆိုင်မှာလိုလိုနဲ့ စတင်ရပ်တည်ခဲ့ရပါတယ်။ ၂၀၀၅ ခုနှစ် ဇွန်လကျမှ မင်းလည်းထည့် ငါလည်းထည့် နာယကဆရာတော် တွေလည်းထည့်ဆိုတဲ့ပုံစံနဲ့ ရုံးခန်းလေးဘာလေးဖွင့်နိုင်ခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာတောင် မြန်မာပြည်သားတွေရဲ့ တတပ်တအားစိတ်ထားကို ယုံကြည်ကိုးစားစွာနဲ့ “မြန်မာပြည်သား” စာစောင်ကို လစဉ်ထုတ်ဝေနိုင်ခဲ့ပါတယ်။ အခုနောက်ဆုံး ကျနော်တို့ရဲ့ လှုပ်ရှားနိုင်စွမ်းကို အသိအမှတ်ပြုတဲ့ ရဲဘော် မိတ်ဆွေတွေကနေပြီးတော့ ၂၀၀၆ ခုနှစ် စက်တင်ဘာလကစပြီး အခုခင်ဗျားမြင်ရတဲ့ “တိုက်ရဲသူရိပ်သာ” ကို ဖွင့်လှစ်စေခဲ့တာဟာ တိုးတက်မှုပါပဲ။ ဒီရိပ်သာကိုအမာခံပြုပြီးတော့ ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ညီအစ်ကိုမောင်နှမတွေ မိသားစုတွေလိုပုံစံနဲ့ နွေးထွေးစွာစုစည်းခွင့် ရရှိနေတာဟာ တိုးတက်မှုပါပဲ။

ခေတ် - ရှေ့ဆက်လုပ်ကိုင်သွားမယ့်အထဲမှာ ဘယ်လောက်အတိုင်းအတာအထိ အလုပ်သမားတွေရဲ့ အကျိုးကို ကူညီသွားဖို့ စဉ်းစားထားပါသလဲ။

မိုး - အလုပ်သမားအခွင့်အရေးဟာ လူ့အခွင့်အရေးဖြစ်တယ်။ အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ပညာပေး လုပ်ငန်းတွေဟာ လူထုနဲ့ပိုပြီး နီးစပ်သင့်တယ်။ ကလေးစာစောင်သင်တန်းကျောင်းကလေးတကျောင်း ရှိခြင်းဟာ ကလေးမိဘများဖြစ်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ပညာပေးဆွေးနွေးပွဲတွေကို သူတို့ဘ၀နဲ့နီးစပ်စေတယ်။ ဆိုလိုတာက အလုပ်သမားအခွင့်အရေး ဆွေးနွေးပွဲတွေနဲ့ အေအိုင်ဒီအက်စ် ပညာပေးဆွေးနွေးပွဲတွေကို မဲဆောက်မှာသာမက မယ်ရမတ်၊ ဖုတ်ဖ၊ အုန်းဖန်စတဲ့ တပ်ခ်ခရိုင်တွင်းမှာ ရှိတဲ့ မြန်မာလူထုကို ဆွေးနွေးဟောပြောမယ်၊ ရွှေ့ပြောင်းအလုပ်သမား စာသင်ကျောင်းတကျောင်းကို အကူအညီရရင် ထူထောင်ချင်တယ်။ အကူအညီမရရင်လည်း ထူထောင်ပြီးသား စာသင်ကျောင်းတွေကို တတ်နိုင်သလောက် ကူညီသွားမယ်။ လူထုကို ပညာပေးတယ်ဆိုတာထက် လူထုဆီက ဘာပညာတွေ ဘာအတွေ့အကြုံတွေကို ရနိုင်မလဲဆိုတဲ့အပေါ်မှာ ပိုမိုထိတွေ့ဆက်စပ်သွားချင်ပါတယ်။

ခေတ် - နောက်ဆုံးမေးချင်တာကတော့ မြန်မာအလုပ်သမားတွေအနေနဲ့ အခုလို သူများတိုင်းပြည်မှာ အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်ပြီး အလုပ်လာလုပ်ကြရတဲ့ ဘ၀တွေကနေ လွတ်မြောက်ပြီး ကိုယ့်နိုင်ငံမှာပဲ အေးအေးချမ်းချမ်းနဲ့ လုပ်ကိုင်နိုင်မယ့် အနေအထားမျိုးကို အမြန်ဆုံးရောက်ရှိအောင် ကျနော်တို့အားလုံး ဘာတွေလုပ်ကြရင်ကောင်းမလဲလို့ ဦးမိုးကြိုးစဉ်းစားထားတာများရှိရင် သိပါရစေ။

မိုး - အဓိကကတော့ဗျာ၊ အနှစ်ချုပ်ဘာလဲဆိုတော့ ခြုံငုံသိရှိစေချင်တာပါပဲ။ အခုလို ကျနော်တို့တမျိုးသား လုံး တတိုင်းတပြည်လုံး ဆင်းရဲကျပ်တည်းပြီး အောက်ကျနောက်ကျနိုင်ရတာဟာ မိသားစုတစုတည်းမှာ လျှောက်စဉ်းစားရင် ဥပမာဗျာ - အဖေက အရက်သောက်လို့ အမေက နှစ်လုံးသုံးလုံးကစားလို့ အစ်ကိုကြီးက ဖဲရိုက်လို့ စသဖြင့် အဖြေရှာ အပြစ်တင်နေတာများပါတယ်။ တကယ်က အရင်းစစ်တော့ အမြစ်မြေကဆိုသလို စနစ်မကောင်းလို့ အစိုးရမကောင်းလို့ မြန်မာပြည်တွင်းမှာလည်း ပြည်တွင်းမို့လို့ မြန်မာပြည်ပမှာလည်း ပြည်ပမို့လို့ အနည်းနဲ့အများဆိုသလို မတရားအလုပ်ခံနေကြရတာပါပဲ။ အဲဒါကြောင့် အနှစ်ချုပ်ကိုသိ၊ အပြစ်တကယ်ရှိသူကို သိကြပြီး တယောက်တလက်တအားဆိုတာ သွက်လက်တဲ့မြား၊ ထက်မြက်တဲ့ဓားပဲလို့ နှိုးဆော်တိုက်တွန်းချင်ပါတယ်။ မတရားတဲ့အစိုးရ အစုတ်ပလုတ်ကို တကယ်ဖြုတ်ချင်ရင် တကယ်လုပ် အဟုတ်ပြုတ်မှာပါ။ ကယ်တင်ရှင်မရှိပါဘူး။ မြန်မာပြည်ကိုချစ်တဲ့ အဝေးရောက်မြန်မာနဲ့ အနီးကပ်မြန်မာတွေက စစ်ဖိနပ်အောက်က မြန်မာပြည်ကို ပူးပေါင်းကယ်တင်သွားကြဖို့ လိုတယ်လို့ ပြောချင်ပါတယ်ဗျာ။ ကျေးဇူးတင်ပါတယ်။     ။

myanmar phone card academic writing at newerajournal.com

Welcome to newerajournal.com

Related Searches
  • Short Story Magazine
  • Writing Publications
  • Nonfiction Magazine
  • Magazine Writing Contests
  • Magazines Publish
  • Submission Magazine
myanmar phone card classifieds news at newerajournal.com

Welcome to newerajournal.com

Related Searches
  • Wall Street Journal Online
  • New Journal
  • Wall Street Journal Home Page
  • Newspaper Local
  • Obiturary
myanmar phone card academic writing at newerajournal.com

Welcome to newerajournal.com

Related Searches
  • Short Story Magazine
  • Writing Publications
  • Nonfiction Magazine
  • Magazine Writing Contests
  • Magazines Publish
  • Submission Magazine