ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့် လိုင်စင်အတုများကြောင့် လေဆာသုံး ကတ်သစ်ထုတ် ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း (လေအိုးနှင့် ရွှေဂျိုး ဆွေးနွေးခန်း)
 


quote
 
 

ဒေါက်တာစိန်ဝင်း စင်ပြိုင်အစိုးရကို လူထုမထောက်ခံ
စင်ပြိုင်အစိုးရတဖွဲ့လုံးနဲ့ အမတ်တွေပြည်တွင်းဝင်ပြီး အစိုးရဖွဲ့ဖို့လို

NEJ/ ၆ ဖေဖော်ဝါရီ ၂၀၀၉
line

 

ဒေါက်တာစိန်ဝင်းခေါင်းဆောင်သည့် စင်ပြိုင်အစိုးရအနေဖြင့် ထိရောက်သည့် ခေါင်းဆောင်မှု မပေးနိုင်ဟု ယူဆသည့်အတွက် ပြည်ပတွင် စင်ပြိုင်အစိုးရဖွဲ့မည့်အစား ပြည်တွင်း၌သွားပြီး စင်ပြိုင်အစိုးရဖွဲ့ရန်လိုသည်ဟု သံဃာ့တပ်ပေါင်းစု ခေါင်းဆောင်တဦးက အကြံပေးမိန့်ကြားသည်။

စင်ပြိုင်အစိုးရခေါင်းဆောင် ဒေါက်တာစိန်ဝင်းဆိုသည့် အမည်ကိုပင် ပြည်ပမီဒီယာများက မကြာခဏပြောနေ၍ သဲ့သဲ့ကြားဖူးရုံရှိသော်လည်း အဝေးရောက် စင်ပြိုင်အစိုးရ၏လုပ်ရပ်ကို မြန်မာပြည်တွင်းက ပြည်သူများ မသိသည့်အတွက် လူထုထောက်ခံမှုမရှိဟု ယုံကြည်ကြောင်း အမေရိကန်နိုင်ငံရောက် ရခိုင်ပြည်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ရှင်ပညာသာမိက ခေတ်ပြိုင်နှင့် သီးခြားဆက်သွယ်မေးမြန်း ခန်းတွင် မိန့်ကြားလိုက်ခြင်းဖြစ်သည်။

ဒေါက်တာစိန်ဝင်း စင်ပြိုင်အစိုးရအပါအ၀င် ပြည်ပရောက် အမတ်များအားလုံး ပြည်တွင်းဝင်ပြီး အစိုးရဖွဲ့၍ အဖမ်းခံရပါက ပြည်သူများ၏ စာနာမှု၊ ထောက်ထားမှု အပြည့်ရနိုင်ပြီး သံဃာထု၏ ထောက်ခံမှုပါ တခဲနက် ရနိုင်မည်ဟုလည်း ဆရာတော် ရှင်ပညာသာမိက ယူဆသည်။

ဒေါက်တာစိန်ဝင်း စင်ပြိုင်အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် အမတ်များ ပြည်တွင်းဝင်မည်ဆိုလျှင် ပြည်ပရောက် သံဃာများပါ လိုက်ဝင်မည်ဖြစ်ကြောင်း ရှင်ပညာသာမိက အာမခံသည်။

voice (ရခိုင်ပြည်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ရှင်ပညာသာမိနှင့် ခေတ်ပြိုင်အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင် ဆက်သွယ်မေးမြန်းချက် အပြည့်အစုံနားဆင်ရန်)

 

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo