ဝါဆိုလပြည့်နေ့တွင် မြန်မာအလုပ်သမားများ မြန်မာနိုင်ငံလာခွင့် ပိတ်ပင်ခံရ

ရဲရင့်   /   ၂၆ ဇူလိုင် ၂၀၁၀


ယနေ့ကျရောက်သည့် ၀ါဆိုလပြည့် (ဓမ္မစကြာ) နေ့တွင် မြ၀တီမြို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ၀ါဆိုသင်္ကန်း သွားရောက်ဆက်ကပ်ကြမည့် ထိုင်းဘက်ခြမ်းမှ မြန်မာအလုပ်သမား (၂,၅၀၀) ခန့်ကို ကာဖျူးထုတ်ထားသည်ဟုဆိုကာ မြန်မာအာဏာပိုင်များက ကမ်းတက်ခွင့်ပိတ်ပင်ခဲ့သည်။

အဆိုပါအလုပ်သမားများမှာ ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် ထိုင်းဘက်ခြမ်း ကမ်းနဖူးတလျှောက်ရှိ ထိုင်းအလုပ်ရုံစက်ရုံများတွင် အလုပ်လုပ်ကိုင်နေကြသူများဖြစ်သည်။

နှစ်နိုင်ငံနယ်စပ်ကို နယ်ခြားသောင်ရင်းမြစ်ခြားကာ တဘက်ကမ်းတွင် မြန်မာနိုင်ငံ မြ၀တီမြို့ရှိပြီး ထိုင်းနိုင်ငံဘက်တွင် မဲဆောက်မြို့တည်ရှိသည်။

မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့်ချိန်ရွယ်ခြင်းခံရသည့် အထည်ချုပ်စက်ရုံမှ အလုပ်သမ မနွယ်နွယ်က “ကျမတို့ အမှတ် (၂) ဂိတ်ကနေ ကူးပြီး မြ၀တီဘက်ခြမ်း ကမ်းနဖူးအတက်မှာ ရဲနဲ့စစ်သားတွေ သေနတ်တွေနဲ့ချိန်ပြီး အမိန့်ထုတ်ထားတာ မသိကြဘူးလား၊ သေချင်လို့လားဆိုပြီး ထိုင်းဘက်ခြမ်းကို အတင်းပြန်မောင်းထုတ်တယ်” ဟု ပြောသည်။

မြန်မာအလုပ်သမားများက နှစ်စဉ် အခါကြီးရက်ကြီးများတွင် မြ၀တီရှိ ဘုန်းကြီးကျောင်းများသို့ သွားရောက်ကာ အလှူအတန်းပြုလုပ်လေ့ရှိသည်။

ထိုင်းနိုင်ငံဘက်တွင် အလုပ်သမားများသည် ဖမ်းဆီးခံရ၊ နှင်ထုတ်ခံရပါက မြ၀တီရှိ ကျောင်းတိုက်များက လက်ခံကျွေးမွေး အကာအကွယ်ပေးသည့်အတွက် ကျေးဇူးဆပ်သည့်အနေဖြင့် မိမိတို့ချွေးနှဲစာဖြင့် ရရှိသည့် လုပ်အားခကို ယခုကဲ့သို့ အခါကြီးရက်ကြီးနေ့မျိုးတွင် သွားရောက်လှူဒါန်းကြခြင်းဖြစ်သည်ဟု သိရသည်။

အမှတ် (၁၇) လှေဆိပ်မှ မြ၀တီဘက်ကူးသည့် အလုပ်သမား ကိုကုလားကြီးကလည်း “မြန်မာဘက်ခြမ်းဂိတ်က စစ်သားတွေက ဘယ်သူ့ကိုမှ ကမ်းတက်ခွင့်မပြုဘူး၊ လူကြီးတွေ အမိန့်ပေးထားတယ်၊ ပြောမရရင် ပစ်သာပစ်၊ ငါတို့ရှင်းမယ်ဆိုတဲ့အကြောင်း သူတို့ပြောတယ်။ အခု ဂိတ်တွေမှာ လာစောင့်တဲ့စစ်သားတွေဟာ လူသစ်တွေများတယ်၊ ပိုက်ဆံပေးလို့လည်း မရဘူး၊ အလုပ်သမားတွေကလည်း တနှစ်မှတခါဆိုတော့ လှူချင်တန်းချင်ကြတာပါ။ နောက်ပြီး ဒီကျောင်းတွေကလည်း အလုပ်သမားတွေအပေါ်မှာ ကျေးဇူးရှိတယ်” ဟု ပြောသည်။

ဗုဒ္ဓဘာသာအများစု ကိုးကွယ်သည့် မြန်မာနိုင်ငံတွင် ယခုကဲ့သို့ အလှူအတန်းပြုခွင့်ကို ခြွင်းချက်အနေဖြင့် ခွင့်ပြုသင့်သည်ဟု အမှတ် (၂) ဂိတ်သို့သွားရောက်ခဲ့သည့် အလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသည့် JACBA အဖွဲ့၏ ဥက္ကဋ္ဌ ဦးမိုးကြိုးက ခေတ်ပြိုင်သို့ပြောသည်။

၎င်းက “ဒီနယ်စပ်မျဉ်း အနီးအနား စက်ရုံတွေမှာ မြန်မာအလုပ်သမား (၂) သောင်းလောက်ရှိတယ်။ အဲဒီထဲက (၂) ထောင်ကျော်က နှစ်တိုင်းသွားနေကြတာ။ အခုတော့ ဆိုးဆိုးရွားရွားနဲ့ကို မောင်းထုတ်ပြီး သေနတ်တွေနဲ့ ပစ်မယ်ခတ်မယ်ဆိုတာမျိုး မလုပ်သင့်ပါဘူး။ ဒီနေ့ဆိုရင် တယောက်မှ သွားလို့မရဘူး။ မနေ့ကဆိုရင် မြ၀တီကို ခိုးကူးတဲ့ ကုလားလေးတယောက် သူတို့သေနတ်နဲ့ပစ်တာ သေသွားတယ်” ဟု ပြောသည်။

မြ၀တီမြို့သို့ ကရင်ပြည်နယ်ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဇော်မင်း ပြီးခဲ့သည့်သောကြာနေ့က ရောက်ရှိလာပြီး နယ်စပ်ဂိတ်များကို အတိအကျပိတ်ထားရန်နှင့် နယ်စပ်လုံခြုံရေးအတွက် ပစ်မိန့်ပါ ပေးထားသည်ဟု မြန်မာလက်နက်ကိုင် တပ်ဖွဲ့ဝင်တဦးက ပြောသည်။

၎င်းက “ပြည်နယ်ဥက္ကဋ္ဌ အတော့်ကို စိတ်ဆိုးနေတယ်။ ကရင်ငြိမ်းအဖွဲ့တွေကိုလည်း စကားအပြတ်ပြောသွားတယ်။ အထူးသဖြင့် ဒီကေဘီအေကို သူပြောတာက နယ်စပ်ဂိတ်ကိုပိတ်တာ နေ့ပိတ်ပြီး ညဘက် မင်းတို့ကို ဖွင့်ခိုင်းတာမဟုတ်ဘူးလို့ ပြောသွားတယ်။ အခြေအနေက တင်းမာနေတော့ ဒီကေဘီအေလည်း သူ့ဂိတ်ကနေ လူတွေမပေးကူးတော့ဘူး” ဟု ပြောသည်။

ယခုလ (၁၈) ရက်မှစတင်ကာ အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ်ရှိသည့်အတွက် လုံခြုံရေးအကြောင်းပြချက်ဖြင့် မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတားနှင့် တံတားဘေးဝဲယာရှိ လှေဂိတ်များကို မြန်မာဘက်မှ ပိတ်ပင်ထားခြင်းဖြစ်သည်။
X
Your Name
Your Email
Your Friend Email
Your Messages
Email to friends | Print | Bookmark Share

Related News

Comments (0)

Write your comment

စာဖတ်သူများ၏ မှတ်ချက် သဘောထားများကို လွတ်လပ်စွာတင်ပြရန် ဖိတ်ခေါ်ပါသည်။ သို့သော် ကဏ္ဍအသီးသီးနှင့် မသက်ဆိုင်သော ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများနှင့် ရုန့်ရင်းကြမ်းတမ်းသည့် မှတ်ချက်များကို ခေတ်ပြိုင်မှ ဖော်ပြပေးမည်မဟုတ်ပါ။
		
		Name	
		Email	
		Title	
		Comment	
			
		

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတိုက်ပွဲ

အုပ်စုအချင်းချင်း ဆင်းရဲချမ်းသာကွာခြားမှုနှင့် လူတဦးချင်း ဆင်းရဲချမ်းသာကွာခြားမှု များလာပါက ပဋိပက္ခဖြစ်ရန် အလားအလာ ပိုများလာ၏။ အုပ်စုလိုက် ဆင်းရဲနွမ်းပါးလာသောကြောင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရရှိရေး လက်နက်ကိုင်လှုပ်ရှားမှု ပေါ်လာတတ်သည်။ ဈေးကွက်စနစ်ကျင့်သုံး၍ လူတဦးချင်းအနေဖြင့်

::: Copyright © 1992-2010 The New Era Journal :::