ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူများ မျှော်လင့်
မျိုးချစ်သူ / ၂၃ ဇူလိုင် ၂၀၁၀
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲတွင် ပါဝင်လာစေရန် ရန်ကုန်ပြည်သူတို့က လိုလားမျှော်လင့်နေကြကြောင်း ရန်ကုန်သတင်းရပ်ကွက်မှ သိရသည်။
ပြီးခဲ့သည့်ဇူလိုင်လ (၂၁) ရက်၌ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် စတင်ကျင်းပသော အာဆီယံနိုင်ငံများအပါအ၀င် အာရှဒေသတွင်း လုံခြုံရေးညီလာခံတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခတ်ဆုယ အိုခါဒါက စစ်အစိုးရ ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်ရနိုင်ရေး ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းအား တောင်းဆိုခဲ့သည့်သတင်းကို ပြည်ပအသံလွှင့်ဌာနများမှ လွှင့်ထုတ်ကြေညာခဲ့ပြီးနောက် ယင်းသို့ မျှော်လင့်ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံ စာနယ်ဇင်းအဖွဲ့ဝင်တဦးက “ဒေါ်စုက ပြည်သူတွေလိုလားတဲ့သူ ဖြစ်တယ်။ သူ့ကို လိုလားတာက သူ့အဖေ ဗိုလ်ချုပ်ကြောင့်မဟုတ်ဘူး။ သူရဲ့ ခေါင်းဆောင်ပီသမှုကြောင့် ဖြစ်တယ်။ သူက ကမ္ဘာက အသိအမှတ်ပြုတာခံရတဲ့ ဒီမိုကရေစီ ခေါင်းဆောင်တယောက်ပါ။ မြန်မာနိုင်ငံမှာ စစ်အစိုးရကို ဘယ်သူမှ မလိုလားဘူးလို့ ကျနော်တို့ခံယူတယ်။ ကျနော်အပါအ၀င် ပြည်သူတွေက ဒေါ်စု ရွေးကောက်ပွဲမှာ ပါဝင်လာမှာကို မျှော်နေမိပါတယ်” ဟု ပြောကြားသည်။
ရန်ကုန်မှ ကျောင်းဆရာမတဦးကလည်း “ကျမတို့ ဒေါ်စုသာ ရွေးကောက်ပွဲမှာ ပါဝင်မယ်ဆိုရင်တော့ ကျမတို့မဲပေးရမယ့်သူ ပေါ်လာပြီပေါ့။ အခုတော့ ဘယ်သူ့ကို မဲပေးဖို့ဆိုတာ မတွေးရသေးပါဘူး” ဟု ပြောသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးအား ဦးဉာဏ်ဝင်းက ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တွင် တားမြစ်မထားပါဟု ပြန်လည်ပြောဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်သည်နှင့် ရွေးကောက်ပွဲတွင် ပါဝင်နိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သတင်းများတွင် ဖော်ပြသည်။
မြန်မာနိုင်ငံတွင် ယခုနှစ်ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ကြမည့်ပါတီပေါင်း (၄၂) ပါတီက ရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ထားပြီး ပါတီ (၃၉) ခုကို ပါတီထောင်ခွင့် ချပေးခဲ့ပြီးဖြစ်သည်။
လတ်တလော ရန်ကုန်တွင် ရေပန်းစားနေသည့်ပါတီများမှာ အန်အယ်လ်ဒီမှ ခွဲထွက်သော ဒေါက်တာသန်းငြိမ်း ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဦးသုဝေနှင့် မြန်မာနိုင်ငံမှ ၀န်ကြီးဟောင်းများ၏သမီးများ ပါဝင်သော ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ဦးရွှေအုန်းနှင့် ဦးဖြိုးမင်းသိမ်းခေါင်းဆောင်သော ပြည်ထောင်စုဒီမိုကရေစီပါတီတို့ဖြစ်သည်။
“တစညက အရင်ကပဲ အစိုးရလူတွေနဲ့ဖွဲ့ထားတာ ပြည်သူသိပြီးသား။ ကြံ့ဖွံ့ပါတီကလည်း ကြံ့ဖွံ့ဆိုတော့ ပြည်သူတွေက သိနေကြပြီးသားလေ။ ဘာပဲဖြစ်ဖြစ် အံ့ကျော်တွေချည်းပဲ မဖြစ်ဘူး၊ ဇော်ဝမ်းလည်းလိုတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲမှာ ဒေါ်စု လိုကိုလိုတယ်။ သူ့ပါတီက ရွေးကောက်ပွဲဥပဒေအရ ကန့်သတ်မှုတွေ ပါတယ်ဆိုပေမယ့် အခု ဦးဉာဏ်ဝင်းက ပြောပြီလေ၊ ကန့်သတ်မထားဘူးတဲ့။ ဒီတော့ ဒေါ်စုအနေနဲ့ တသီးပုဂ္ဂလပဲဖြစ်ဖြစ် ပါဝင်သင့်တယ်လို့ မြင်တယ်။ ကျနော်တို့လည်း မျှော်လင့်နေတာ” ဟု မြန်မာ့အရေးလေ့လာရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံနိုင်ကြောင်း၊ တရားမျှတမှုမရှိ၊ တဖက်သတ်ရေးဆွဲထားသည့် ဥပဒေအရ ပါတီမှတ်ပုံတင်ခြင်းကိုလည်း လုံးဝလက်မခံကြောင်း ပြောဆိုထားသည်။
Related News
- ရွေးကောက်ပွဲ မှတ်ပုံမတင်သေးသည့် ကြံ့ဖွံ့ အကြီးအကျယ် စည်းရုံးရေးလုပ်
- ရွေးကောက်ပွဲ ကြီးကြပ်ရန် သင်တန်းများ စတင်
- အမျိုးသားပြန်လည်သင့်မြတ်ရေး တောင်းဆိုချက်များ မရပါက ယူအန်အေ ရွေးကောက်ပွဲမ၀င်
- နိုင်ငံရေးပြဿနာကို ရွေးကောက်ပွဲဖြင့် ဖြေရှင်းမရဟု ဇိုမီးအမျိုးသားကွန်ဂရက် ပြောကြား
- ၂၀၁၀ ရွေးကောက်ပွဲကို တိုက်ဖျက်ရန် လူထုတိုက်ပွဲကော်မတီ ဖွဲ့စည်း
Comments (17)
ုkkfighter
စစ်မှန်တဲ ရွေကောက်ပွဲ မဟုတ်လို ဒေါ်ဆု မပါဝင်သင့်ပါဘူး ဒီကစားပွဲက သန်းရွှေသေမှ ပြီးမယ်ထင်တာပါပဲ
လူအေး
အခြေခံဥပဒေထဲတွင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောင်ပွဲမ၀င်ရ လို့မရေးထားပေမဲ့ ၊ ဒေါ်စု ရွေးကောက်ပွဲ ၀င်လို့မရအောင် ကန့်သတ်ချက်တွေထုတ်ထားတော့ ဘာထူးမှာလဲ၊ နားလည်ပါးရိုက် လုပ်ချလိုက်ပြန်ပြီပေါ့...ဗျာ ။
thiri aung
ဦးဥာက်ဝင်း ကျမ်းမာရေးကြောင့်အနားပေးလိုက်လို.ရွေးကောက်ပွဲးမ၀င်နိုင်ဖြစ်သွားအုန်းမယ်၊အာဆီယံတွေကိုလှိမ့်လိုက်ပြန်ပြီ-လက်တလုံးခြာလေး ပြောလည်းပြောတတ်တယ် ယုံသွားပြန်ပြီအာဆီယံ ၊အာဆီယံဆိုတဲ့အတိုင်းအာဘဲရှိတာပါ။နောက်ဆုံးတော့ကိုယ့်နိုင်ငံရေးကကိုယ့်အရေးပါဘဲ
kokhai
ဟုတ်သားပဲ မောင်ဥာဏ်ဝင်းပြောတာ အခြေခံဥပဒေသစ်မှာဒေါ်အောင်ဆန်းစု ကြည်ပါဝင်ခွင့် မရှိဘူးလို့ မရေးထားဘူးလေ.ထောင်ထွက်မဖြစ်စေရ.အချုပ်အ နှောင်ခံသူမဖြစ်စေရလို့ ဘဲ ရေးထားတာဘဲ ဟာကို ဟာကို
han
သူလဲစိတ်ချရတဲ့ နိုင်ငံခြာရေဝန်ကြီမဟုတ်ဘူး အဲဒီလိုပြောတာကိုက အဖမ်းခန်ရနိုင်တယ် ပြုတ်နိုင်တယ် ။
စိုင်းဝဏ
ဒေါ်စုက ပြည်သူတွေလိုလားတဲ့သူ ဖြစ်တယ ဒေါ်စုကိုမြတ်နိုးတယ် လေးစားတယ် အားကျတယ်
တူမောင်ညို
--- ပုဏ္ဍားယုံ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း က “ဒေါ်အောင်ဆန်းစုကြည် ကို ရွေးကောက်ပွဲဝင်ခွင့်ပြုမှာပါ” လို့ ဗီယက်နမ်ကလာတဲ့သတင်းတွေမှာဖေါ်ပြပါတယ်လို့ ဒီဗွီဘီ သတင်းမှာ ဖတ်ရသည်။ ဘာမျှမဆန်းပါ။ “ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမဝင်ရ” ဆိုပြီးအမည်တပ်ကာ တိုက်ရိုက်တားမြစ်ထားတဲ့ဥပဒေမှမရှိဘဲ။ ဒါပေမယ့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ/ အခန်း(၂)/ပုဒ်မ (၄)(င) မှာ ထောင်ဒဏ်ကျခံနေရသူမဟုတ်ခြင်း ဆိုပြီး နိုင်ငံရေးပါတီတည်ထောင်လိုသူများနှင့်ပတ်သက်ပြီး တားမြစ်ထားသည်။ ထောင်ဒဏ်ကျခံနေရသူ ဆိုတဲ့စကားရပ်ကိုလည်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ/ အခန်း(၁) အမည်နှင့်အဓိပ္ပါယ်ဖေါ်ပြချက်/ ပုဒ်မ (၂)/ (ဌ) တွင် ယခုလိုဖေါ်ပြထားသည်။ “ထောင်ဒဏ်ကျခံနေရသူ ဆိုသည်မှာ တရားရုံးတစ်ခုခု၏ စီရင်ချက်အရ ထောင်ဒဏ်ကျခံနေရသူကို ဆိုသည်။ ယင်းစကားရပ်တွင် တရားရုံး၏ ထောင်ဒဏ်စီရင်ချက်ကို မကျေနပ်၍ အယူခံမှုသို့မဟုတ် ပြင်ဆင်မှုလျှောက်ထားသော ထောင်ဒဏ်ကျခံနေရဆဲ ဖြစ်သူလည်းပါဝင်သည်” ဒီအချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီးရေးထားမှန်း (ပြည်တွင်း/ပြည်ပ) အားလုံးကသိပါသည်။ (နအဖ) စစ်အစိုးရ က ဒီအချက်နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်တာမဟုတ်ပါဘူးဆိုပြီးဗြောင်ငြင်းဆိုလေ့ရှိပါသည်။ တရားဥပဒေချိုးဖောက်သူမည်သူ့မဆိုတားမြစ်တဲ့ပြဌာန်းချက်ပါ ဟု ဆင်ခြေကန်လေ့ရှိပါသည်။ ထောင်ဒဏ်ကျခံနေရခြင်းကလွတ်လာလျှင်ပါဝင်နိုင်သည်ဟုလည်းပြောပါသည်။ (နအဖ) နိုင်ငံခြားရေးဝန်ကြီးစကားသည် ယင်းထက်ပိုပြီးပြောလိမ့်မည်မဟုတ်ပါ။ ယခုလိုပင်စဉ်းစားကြည့်ပါ။ (မျှော်လင့်တာမဟုတ်ပါ/ ပြဿနာရှင်းလင်ကြည်လင်လာစေဖို့ အချက်အလက်တစ်အနေဖြင့် စဉ်းစားကြည့်တာပါ) (နအဖ) စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့သော် ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲဝင်လိမ့်မည်မဟုတ်ပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မတ်လ (၂၉) ရက်ဆုံးဖြတ်ချက်ကိုချမှတ်ထားပြီးဖြစ်ပါသည်။ ယင်းဆုံးဖြတ်ချက်သည် ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းထား၍ ဒီချုပ်ကထိုသို့ ဆုံးဖြတ်ခဲ့ကြခြင်းမဟုတ်ပါ။ ထို့အပြင် (နအဖ) စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားများအားလုံးလွှတ်ပေးလည်း/ အခြေခံဥပဒေ (၂၀၀၈) ကို သုံးသပ်ပြုပြင်ခြင်းမရှိလျှင် ဒီချုပ်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ ရွေးကောက်ပွဲဝင်နိုင်စရာအကြောင်းမရှိပါ။ ဝင်လိမ့်မည်မဟုတ်။ ဟနွိုင်းအစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဦးဉာဏ်ဝင်းသည် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်ကိုတော့ မပြောနိုင်ဘဲ/ကော်မရှင်အလုပ်ပါဟု ထမင်းရေပူလာလျှာလွှဲပြောခဲ့သူပါ။ ဒီလိုလူကနေပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဝင်ခွင့်ပြုမည်/ပြုမှာပါ စသဖြင့်ပြောဆိုနေတာကို သိပ်စိတ်ဝင်စားနေကြမယ်/အကြီးအကျယ်တွက်ချက်နေကြမယ်ဆိုရင်တော့ ------- ခွေးစကား ပုဏ္ဍားယုံ ဆိုတဲ့ ဇာတ်တော်လာစကားလိုဖြစ်လိမ့်မည်။ တူမောင်ညို ၂၃ ဇူလိုင်
moe
“ရွေးကောက်ပွဲသို့်ဒေါ်စုအား”် ဖျောဖျောတန်းတန်းလျောက်လှမ်းနိုင်ု ကောက်ကျစ်ရုတ်မာနအဖဒေါ်စုဖြိုခွင်းရန်မလို “နေပြည်တော်မှာငလျှင်လှိုင်းနအဖကိုစောင့်နေဆဲ”စစ်အုပ်စုကြီးပြိုသွားဖို့ပြည်သူတရပ်လူံးကြွေးကြော်စို့“လွန်လေပြီသောနှစ်ကာလ
နအဖ၏ကြမ်းကြုတ်မှူ” ပြည်သူမကဘုရားသံဃာသတ်ဖြတ် နေသောစစ်စိုးရ” ငရဲအိုးသို့ဇောက်ထိုးကျ “ဧကန်မှန်ပေဖြစ်ရပ်တည်ျးွှ်ရွေးကောက်ပွဲသို့(နအဖ)နှစ်ဝါတနီရှုံးနှိမ့်မှာ ရွေးကောက်ပွဲသို့ဒေါ်စုသည်မျှော်မှန်းပန်းတိုင်
(ဒီမိုကရေစီ)ရစေသတည်း။ ရလေသတည်း။ ထိုက်တန်လှပေသတည်း။။။။။။။။။။
စပ်စု
ဒေါ်အောင်ဆန်းစုကြည် ကို ရွေးကောက်ပွဲမပါဝင်နှိုင်အောင် ဥပဒေနှင့်အသေအချာ ထုတ်ပြန်တားမြစ်ထားပြီးမှ ယခုမှု ဦးဥာဏ်ဝင်းကနှုတ်ဖြင့် ၀င်ခွင့်ရှိပါတယ် ဆိုဒါကတော့ ဟာသပျက်လုံးတလုံးထုတ်လိုက်သလိုပါဘဲ တအားရယ်ရပါတယ် ---့ 
Free Lance
ို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုရွေးကောက်ပွဲမှာ မ၀င်ဘို့ ကန့်သတ်မထားပါဘူး ဆိုဘဲ….၊ ဟုတ်ပါ့မလား.. န၀တ ကဒီလိုဘဲ ရှေ့တမျိုး နောက်တမျိုးနဲ့ အရူးချီးပန်း ပြောနေကြဘဲ… ဒေါ်အောင်ဆန်းစုကြည်ကရော ၀င်မှာတဲ့လား…ဒီမတရားတဲ့ ရွေးကောက်ပွဲ စစ်အာဏာ သက်ဆိုးရှည်မဲ့ ၂၀၀၈ အခြေခံဥပဒေ တွေနဲ့..တို့တွေကတော့ လုံးဝ မဲသွားမထည့်ဘူး..
thihanlin
ကိုယ်အိမ်မှာကိုယ်ကွန့်မန်းပေးတောင်နောက်ကျောတွန့်နေမိတယ်။အကြောက်
တရားကပြည်သူတွေရဲ့ စိတ်ထဲမှာကြီးဆိုးနေသည်။ဒါပေမယ့်...ဟိ...
မဲလာကောက်တုန်းကပြောလိုက်သား၊ ငါအိမ်ကလူတွေအများကြီး သူတို့ဆီမှာ
ကောက်၊ငါတော့ထည့်ဘူး။အခုဒေါ်အောင်ဆန်းစုကြည်တစ်ကယ်ရွေးကောက်ပွဲဝင်ရမှာလားဟင်?
တစ်ကယ်လား?0ကိုမနောက်ရဘူးနော် အားကြီးစိတ်ဆိုးတယ်
တိမ်တိုက်
ဒေါ်အောင်ဆန်းစုကြည် တသီးပုဂ္ဂလ ၀င်ပြိုင်ခွင့်ရရုံနဲ့တော့ ကျေနပ်စရာမကောင်းလှပါ။ ပါတီတစ်ခုကိုဦးဆောင်ပြီး ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရမှသာ လက်ခံနိုင်စရာရှိပါတယ်။
ဒါပေမယ့်ရွေးကောက်ပွဲဥပဒေနဲ့ အခြခံဥပဒေပေါ်ပြည်သူအများလက်မခံနိုင်တာကလည်းပြဿနာတစ်ခုပါ။
ဒေါ်အောင်ဆန်းစုကြည်ပါတီတစ်ခုကို
ဦးဆောင်ပြီးရွေးကောက်ပွဲဝင် အနိုင်ရရင် အခြေခံဥပဒေကို ပြင်ဆင်။
အဲဒါမြန်မာပြည်သူတစ်ရပ်လုံး(စစ်အစိုးရအုပ်စုမှအပ)ရဲ့ မျှော်လင့်ချက်ပါ။
Wn Tint
Nyan Win might go to the jail when he comes back.
သာအေး
ပြည်သူတွေကိုအချဉ်မှတ်နေလို့ ဒီဆောင်းပါးရေးတာလား။ လူတွေက ဒီအခြေံဥပဒေနဲ့ဆိုဘာမှမပြောင်းလဲနိုင်ဘူးဆိုတာ နားလည်ပြီးသား။ ဒေါ်အောင်ဆန်းစုကြည်လွတ်လာတဲ့အချိန်မှာ ပြည်သူနဲ့ပိုပြီးထိတွေ့နိုင်မယ့် နိုင်ငံရေါ်လုပ်ငန်းစဉ်တွေချမှတ်နိုင်ဖို့သာလိုတာ။
Thazin Pyu
ဒီလို မလိမ့်တပတ် လုပ်တာ--မတင်မကျ ပြောတာ က စစ်အစိုးရဲ့ အကျင့်ဆိုးတစ်ခုပါဘဲ--ဒေါ်အောင်ဆန်းစုကြည် လွတ်လာရင် ရွေးကောက်ပွဲ ၀င်နိုင်တယ်--ဒါပေမယ့် ရွေးကောက်ပွဲပြီးမှို့မဟုတ် အလွန့်အလွန်နီးမှ သူ့ကိုလွှတ်မယ်ဆိုရင်ကော--
Aung Moe
ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံနိုင်ကြောင်း၊ တရားမျှတမှုမရှိ၊ တဖက်သတ်ရေးဆွဲထားသည့် ဥပဒေအရ ပါတီမှတ်ပုံတင်ခြင်းကိုလည်း လုံးဝလက်မခံကြောင်း ပြောဆိုထားသည်။ Even thought, they allow to participate in the Election, she should consider what she said.
yazar
ဦးဥာဏ်ဝင်းက သူ့စကားသူ တာဝန်ခံနိုင်လို့လား ပြောမိပြောရာပြောခဲ့တာပါ မကြာခင်သူပါထောင်ထဲရောက် ခြင်ရောက် နိုင်တာသတိထားအုံး