ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - တိုက်ပြိုပြီး အချိန်မီမကယ်နိုင်၍ ဆယ်တန်းဖြေကျောင်းသူ သေဆုံး ကြားဖြတ်အစိုးရဖွဲ့ရန် အမ်ပီယူ တောင်းဆို ရွေးကောက်ပွဲဥပဒေထုတ်ပြီး ရန်ကုန်လုံခြုံရေးတိုးမြှင့် ကင်တားနား၏ မတ်လအစီရင်ခံစာ ဟတ်ကြီးရေကာတာ တည်ဆောက်မှု ရပ်တန့်ရေး ထိုင်း-မြန်မာဒေသခံများ ဆန္ဒပြ ပါတီနိုင်ငံရေးကိစ္စ အဆုံးဖြတ်ပေးရန် လာမည့် (၂၉) ရက်တွင် အန်အယ်လ်ဒီ ဆွေးနွေးမည် အင်္ကျီနီဝတ်များ၏ တောင်းဆိုမှုကို ထိုင်းအစိုးရ ငြင်းပယ် နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၁) (ဆောင်းပါး)
 


quote
 
 

ငွေကြေးပေါ်လစီ၊ ဘဏ္ဍာရေးပေါ်လစီဆိုတာဘာလဲ
မျိုးညွန့် / ၁၃ ဖေဖော်ဝါရီ ၂၀၀၉
line

 

လူပြိန်းစကားနဲ့ပြောရရင် နိုင်ငံစီးပွားရေးတခုအတွင်း လှည့်လည်သုံးစွဲနေတဲ့ ငွေကိုဖြစ်ပေါ်စေတဲ့ ငွေစက္ကူအသစ် ရိုက်ထုတ်ခြင်း၊ လုပ်ငန်းသုံးချေးငွေ အစိုးရဘတ်ဂျက်အတွက် ချေးငွေထုတ်ပေးခြင်းနဲ့ ဆက်ဆိုင်နေပြီး ဘဏ္ဍာရေး ပေါ်လစီကတော့ ရသုံးမှန်းခြေငွေစာရင်း၊ အခွန်ကောက်ခံခြင်းတို့နဲ့ ပတ်သက်ပါတယ်။ ငွေကြေးအာဏာပိုင်ဆိုတာ ဗဟိုဘဏ်ကိုခေါ်ပြီး ဘဏ္ဍာရေးအာဏာပိုင်ကတော့ ဘဏ္ဍာရေးဌာန ဘဏ္ဍာရေးဝန်ကြီးပဲ ဖြစ်ပါတယ်။

အခုကျနော်ပြောတဲ့ မှန်ကန်တဲ့ငွေကြေးပေါ်လစီဆိုတာ အခုလို အာဏာနဲ့ တရားဝင်ငွေတွေကို မတရားကြေညာဖျက်သိမ်းပစ်တာ မဟုတ်ဘဲ အဲဒီငွေတွေကို ဘဏ်ထဲပြန်ဝင်လာအောင် အပေါင်းလက္ခဏာပြ အတိုးကောင်းကောင်းပေးရမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ငွေတွေ အသစ်မရိုက်ထုတ်ရဘူး၊ အစိုးရဌာနနဲ့ အစိုးရစက်ရုံတွေက ချေးငွေကန့်သတ် ရပ်ဆိုင်းထားရမယ်။ ဒါက မှန်ကန်တဲ့ ငွေကြေးပေါ်လစီ။ အဲတဖက်ကလည်း အစိုးရအသုံးစရိတ်တွေ ကန့်သတ် ခြိုးခြံချွေတာရမယ်။ ရသင့်ရထိုက်တဲ့ အခွန်တွေ မယိုမဖိတ်ဘဲ အစိုးရဘဏ္ဍာအိပ်ထဲဝင်လာအောင် ကြပ်မတ်ကောက်ခံရမယ်။ ကျနော်ပြောတာ အခွန်တွေ တိုးမြှင့်ကောက်ခံခိုင်းတာ မဟုတ်ဘူး။ Tax Base ချဲ့ခိုင်းတာဖြစ်ပါတယ်။ အသုံးစရိတ်ကိုချွေတာပြီး ရသင့်ရထိုက်တာတွေ ရအောင်လုပ်ခြင်းဖြင့် ရသုံးမှန်းခြေ ငွေစာရင်းကို ခိုင်မာအားမျှနေအောင်လုပ်ရပါမယ်။ ဗမာပြည်ရဲ့ ငွေဖောင်းပွမှုဟာ Fiscal Deficit နဲ့ Monetary Growth ကြောင့်ဖြစ်တယ်ဆိုတာ
ကို ကမ္ဘာ့အစီရင်ခံစာမှာ စာရင်းဇယားအချက်အလက် ဂရပ်မျဉ်းဆွဲပြီး သက်သေထူခဲ့ပြီး ဖြစ်ပါတယ်။

ငွေကြေးပေါ်လစီကိုထိန်းပြီး ဘဏ္ဍာရေးပေါ်လစီကို တင်းတင်းကျပ်ကျပ် မကိုင်နိုင်ရင် ငွေကြေးပေါ်လစီ ပြန်လျော့ရဲလာတတ်ပါတယ်။ ဥပမာ ဗမာပြည်မှာ ငွေကြေးပေါ်လစီ ထိန်းလိုက်နိုင်ပေမယ့် ဘဏ္ဍာရေး ပေါ်လစီမတင်းကျပ်နိုင်တဲ့အတွက် ၁၉၉၅ ခုမှာ ငွေကြေးပေါ်လစီ ပြန်လျော့ရဲသွားပြီး ငွေဖောင်းပွမှု ပြန်ထောင်သွားပါတယ်။

အခွန်အတုတ်မှရသော ငွေဟာ စုစုပေါင်းရငွေရဲ့ (၆၀) ရာခိုင်နှုန်း ဖြစ်ပေမယ့် တဖြည်းဖြည်း ကျဆင်းလာပါတယ်။ ၁၉၉၁-၉၅ ခုနှစ်အတွင်း ရငွေဘက်က ခုသာခံသာအောင် လုပ်ပေးတာကလည်း ပြည်ပရောက် ဗမာများမိသားစု လွှဲအပ်ငွေ ပေးပို့ ငွေကြောင့်ပါပဲ။ ဒါကသာမန်စာရင်း C/A ပါ။ ငွေလုံးငွေရင်း စာရင်းမှာလည်း စမ်းသပ်ဝင်လာတဲ့ နိုင်ငံခြားအရင်းအနှီးတွေပါပဲ။ ၁၉၉၁-၉၅ ခုအတွင်း တနှစ်ပျမ်းမျှ ဒေါ်လာသန်း (၁၉၀) ဖြစ်ပါတယ်။

၁၉၉၁-၉၅ ခုအတွင်း အသုံးစရိတ်တွေ လျှော့ချပေမယ့် စစ်တပ်အသုံးစရိတ်ကိုတော့ လုံးဝမထိခဲ့ပါဘူး။ အဲဒီကာလအတွင်း အထူးသဖြင့် Monetary Growth ကို ထိန်းထိန်းသိမ်းသိမ်း လုပ်ကြည့်ပါတယ်။ ဒါဟာလည်း ပုဂ္ဂလိကနဲ့ သမ၀ါယမချေးငွေကို လျှော့ချလိုက်တာပါ။ အစိုးရချေးငွေတော့ မထိပါဘူး။ တဖက်မှာ ရငွေလျှော့ကျလာ အသုံးစရိတ်ကလည်း စစ်တပ်ဘတ်ဂျက်ကို သွားမထိရဲတော့ ရသုံးမှန်းခြေငွေစာရင်း လို ငွေဟာ ဆည်ကျိုးသလို ထိုးပေါက်သွားပြီး ဒီအသုံးစရိတ် လိုငွေကိုကာမိဖို့ Monetary Expansion ပြန်လုပ်ပြီး ကြီးထွားလာပြန်ပါတယ်။ ဘဏ်တိုးနှုန်းအနည်းငယ် တိုးမြှင့်ပေးသော်လည်း Real Term မှာ အနုတ်လက္ခဏာ ဖြစ်မြဲဖြစ်နေဆဲပါပဲ။ အဲဒီတော့ ငွေဖောင်းပွနှုန်းဟာ (၂၂.၅) ရာခိုင်နှုန်း လောက် အားပျော့သွားပေမယ့် ၁၉၈၀ နှစ်များထက်တော့ အဆမတန် များပြားနေဆဲပါ။

ဒီလို မှန်ကန်တဲ့ ငွေကြေးပေါ်လစီ၊ ဘဏ္ဍာရေးပေါ်လစီတွေနဲ့ ကိုင်တွယ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်လာတာကို မဖြေရှင်းဘဲနဲ့ အာဏာနဲ့ လည်ပတ်နေတဲ့ ငွေကြေးတွေကို ပယ်ဖျက်တာတို့ ကုန်ဈေးနှုန်းကန့်သတ်ဖို့ ကြိုးစားတာတွေဟာ ဒီရေတက်လာတာကို ဘုရင်ဘုန်းအာဏာ ကြိမ်စင်္ကြာ နဲ့ ရိုက်ပြီး ဒီရေကျအောင် လုပ်သလိုဖြစ်နေတယ်။

စီးပွားရေး ဖရိုဖရဲဖြစ်နေတာကို လူမှုရေးတရားမျှတမှုအတွက်နဲ့ လူမှုရေးတည်ငြိမ်မှုအတွက်ဆိုပြီး ရည်ရွယ်ရင်းကောင်းနဲ့ လုပ်ပစေဦး၊ စီးပွားရေးစွမ်းအားစု Economic Force တွေကို ထိန်းချုပ်ကိုင်တွယ်ပြီး လုပ်ရင်တော့ နည်းပညာ Technically အရကော နိုင်ငံရေးအရကောအခက်အခဲနဲ့ ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ ကိန်း Keynes က သတိပေးခဲ့ဖူးပါတယ်။

ကျနော် မှတ်မိပါသေးတယ်။ မဆလလက်ထက် ကုန်ဈေးနှုန်းထိန်းသိမ်းရေးကော်မတီဖွဲ့ပြီး ကုန်ဈေးနှုန်းကျဆင်းရေးလုပ်ကြတာ။ အဲဒီတုန်းက တိုင်နဲ့ပြည်နယ်ပြည်သူ့ကောင်စီဝင်တွေက
ဘာပြောသလဲဆိုတော့ “ဆရာရယ်တဲ့ ကုန်ဈေးနှုန်းဆိုတဲ့ဟာကြီးက ကိုင်လေကြီးလေပါလား” တဲ့။ ဒါဟာ တကယ်ပဲ ဒီလိုဖြစ်ခဲ့တာပါ။ စီးပွားရေးပြဿနာကို အုပ်ချုပ်ရေးနည်းနဲ့ ချုပ်ကိုင်ဖြေရှင်းလို့ မရပါဘူး။ အခုလည်း လုပ်ပြန်ပြီ။ FEC ကျပ် (၃၇၀) ပေါက်နေတာကို (၃၅၀) ထက်ပိုမရောင်းရ၊ ရွှေဈေးအရင်လထဲက (၆၀,၀၀၀) ထိတက်သွားတာကို ကျပ် (၅၁,၀၀၀) ထက်ပိုမရောင်းရ၊ စားအုန်းဆီ (၄၅၀) ပေါက်နေတာကို ကျပ် (၃၇၀) ထက်ပိုမရောင်းရ ပိုပြီး အရောင်းအ၀ယ်လုပ်ရင် ဖမ်းမယ်တဲ့။

ကုန်ဈေးနှုန်းက မတရားကြီးလာပြီး အစိုးရဌာန စက်ရုံတွေမှာရှိတဲ့ ၀န်ထမ်းအလုပ်သမား လစာကို တိုးပေးရမှာပဲ။ ကုလသမဂ္ဂက ၀န်ထမ်းတွေဆိုရင် သူတို့ရဲ့လစာကို (၆) လ တနှစ်တခါ Inflation နဲ့ adjust လုပ်ညှိပြီးသတ်မှတ်ပေးရတယ်။ စင်ကာပူမှာ အစိုးရနဲ့ ပုဂ္ဂလိက လစာကွာလို့ အစိုးရ၀န်ထမ်းကို ပုဂ္ဂလိကထဲ ဦးနှောက်ယိုစီးမထွက်သွားအောင် လစာကောင်းကောင်ပေးထားတယ်။ ဟိုမှာက အစိုးရဌာနမှာ လူကို နည်းနည်းနဲ့ကျဲကျဲ ၀ိုင်းထားတာ၊ Efficiency ဖြစ်အောင် လုပ်ထားတာ။ ဥပမာ တချို့အစိုးရဌာနဆိုရင် ဗမာပြည်မှာ ၀န်ထမ်းအင်အား (၄,၀၀၀) နဲ့ သွားနေတဲ့ အချိန် အာဖရိက က နိုင်ငံတခုရဲ့ ဒီလိုဌာနမှာပဲ လူ (၄၀-၅၀) ပဲ ရှိတာတွေ့ကြုံဖူးပါတယ်။

စစ်တပ်လိုဟာမျိုးမှာ မလိုဘဲ မခန့်ထားသင့်ဘူး။ အခုဆိုရင် စစ်တပ်အင်အားဟာ (၅) သိန်း ရှိပြီလို့ ဆိုတယ်။ ဒုတိယကမ္ဘာစစ်တုန်းက ဗမာ့စစ်မြေပြင်တခုလုံးမှာတောင် စစ်အင်အား (၃) သိန်းကျော်နဲ့ ထိုးစစ်ဆင်တယ်လို့ ဖတ်ဖူးပါတယ်။ အခု ဗမာပြည်မှာက လူမျိုးစုတောတွင်း အဖွဲ့ (၁၆) ဖွဲ့နဲ့လည်း ငြိမ်းချမ်းရေးယူထားပြီးပြီ ပြောတယ်။ ဗကပ အလံနီကွန်မြူနစ်အင်အားကလည်း မူးလို့ရှူစရာမလိုသလောက်ဖြစ်နေပြီ။ ဒီအခြေနေမှာ တပ်အင်အား (၅) သိန်းကို ဘယ်လိုကျွေးထားမလဲ။ မစားလောက် မသောက်လောက်ဆိုတော့ နယ်မှာ ဘာတွေဖြစ်ကုန်တယ် ဆိုတာ အများသိပါပဲ။ တပ်ပြေးသတင်းပါ ကြားနေရတယ်။ သူ့တပ်သူ ပြန်ထိန်းဖို့ လုပ်ရတော့မယ်။ လခတွေ တိုးပေးလိုက်တယ်။ ဧပြီလ တရက်ကစပြီး အာဏာတည်မယ်။ ရဲဘော်တယောက်လစာဟာ ကျပ် (၃,၀၀၀) နဲ့ ကြံ့ဖွံ့အဖွဲ့ဝင်ဆို ကျပ် (၁,၀၀၀) ထပ်ဆောင်းပြီး ရှာရင် ရိက္ခာစားရမယ်။ အရပ်သားအစိုးရ၀န်ထမ်းကတော့ ဧပြီကုန်မှစရမယ် ပြောတယ်။ ဒီသတင်းမထွက်မီ မတ်လ (၂၄) ရက်ကတည်းက (၁၀၀) တန်၊ (၅၀) တန်၊ (၂၅) တန်၊ (၁၀) တန်၊ (၅) ကျပ်တန်၊ (၁) ကျပ်တန် ကြွေတွေရိုက်ထုတ်လိုက်ပြီးနေပြီ။ လခတွေတိုးပေးလို့ ဘတ်ဂျတ်လိုငွေပြရင် Monetary Growth က အဆမတန်ကြီးထွားလာအုံးမယ်။ လူတွေလက်ထဲ ပိုက်ဆံပိုရှိလာလို့ အသား (၁၀) သားစားနေရာက (၅၀) သားစားလာရပြီး အ၀ယ်လိုက် အနုတ်အသိမ်းများလို့ ကုန်ဈေးနှုန်းထပ်ကြီးလာတာမဟုတ်ဘဲ။ လှည့်လည်သုံးစွဲငွေများလာလို့ Monetary Growth ကြောင့်နဲ့ Fiscal Deficit ဘတ်ဂျတ်လိုငွေ ကြီးထွားလာလို့ ဖြစ်ပါတယ်။

တိုးပေးလိုက်တဲ့လစာကရောလောက်ရဲ့လား၊ ကြည့်ရအောင်။ အခုတိုးပေးတဲ့လစာအရ တနေ့အနည်းဆုံးကျပ် (၁၀၀) ၀င်ငွေရှိရမယ်။ မတ်လကြွေတွေ ရိုက်ထုတ်လိုက်တဲ့အရှိန်ကြောင့် ဆင်းရဲသားစားတဲ့ ငစိန်ဟာ တပြည် (၂၀၀) ကျပ်ကနေ့ ကျပ် (၂၄၀) တက်သွားပြီး ငါးကြင်း တဆယ်သား (၅၅) ကျပ်က (၆၅) ကျပ် ဖြစ်သွားပြီ၊ အဲဒီတော့ ရှင်းနေတာပဲ။ လောက်ငစရာမရှိဘူး။ ၁၈၀၀ ခုနှစ်များက လက်သမားတယောက်၏ တနေ့ ပျမ်းမျှ လုပ်ခသည် ရှစ်ပဲဖြစ်သည်။ ၁၈၄၅ ခုက စပါးတင်းတရာဈေးသည် ရှစ်ကျပ် (Rupees 8)
ဖြစ်သည်။

နိုင်ငံပိုင်စက်ရုံလုပ်သားများအပါအ၀င်၊ အထူးသဖြင့် ပို့ဆောင်ရေးကဏ္ဍရှိလုပ်သားများ၏ ၁၉၅၁ ခု ဇန်န၀ါရီမှ ဖေဖော်ဝါရီလအတွင်း ပျမ်းမျှလစာသည် ကျပ် (၁၆၆.၆၈) ရှိပြီး တဖက်တွင် ရန်ကုန်မိသားစု သုံးဦးပေါ် အခြေခံ သည့် တလပျမ်းမျှ အိမ်ထောင်စုကုန်ကျစရိတ်မှာ ၁၉၅၁ ခုမှာ ကျပ် (၁၀၁.၇) ဖြစ်ကြောင်း တွေ့ရှိရပါသည်။ အဲဒီတုန်းက ရွှေတကျပ်သား အနိမ့်ဆုံးဈေးက (၁၇၈.၈၃) အမြင့်ဆုံးဈေးက ကျပ် (၁၈၆.၇၅)၊
၁၉၅၅ ခု စတုတ္ထ သုံးလပတ် ရန်ကုန်ပေါက်ဈေးကိုကြည့်ဦး။

ပျမ်းမျှတလလုပ်ခ ကျပ် (၂၅၀) ၀င်သော မိသားစုသည် ရွှေရှစ်ဆယ်သား ၀ယ်စုနိုင်ကြသည်။ ယနေ့ ရွှေဈေး ကျပ် (၆၀,၀၀၀) နဲ့ လစာကျပ် (၃,၀၀၀) လစာတိုးလို့ ကုန်ဈေးနှုန်းဟာ မေလမှာ ထပ်တက်အုံးမှာပဲ။ အနည်းဆုံး အသက်ရှင်နေထိုင် စရိတ်ကို အနိမ့်ဆုံးလစာက မကာမိရင် ဆင်းတွင်းထဲ Absolute Poverty ထဲက ထွက်နိုင်အုံးမှာ မဟုတ်ဘူး။

စီးပွားရေးအရ ငွေဖောင်းပွနှုန်း (၄၀) ရာခိုင်နှုန်း ကျော်ရင် စီးပွားရေး ကပ်ဆိုက်နေပြီ၊ Economic Crisis ဖြစ်နေပြီလို့ သတ်မှတ်ကြပါတယ်။ ဗမာပြည်ရဲ့ ငွေဖောင်းပွနှုန်း ၁၉၉၈ ထဲက (၅၀) ထဲဝင်နေပါပြီ။

ငွေဖောင်ပွတဲ့အကြောင်းပြောရင် ငွေလဲလှယ်နှုန်းဟာလည်း အရေးပါလာပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo