ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - တိုက်ပြိုပြီး အချိန်မီမကယ်နိုင်၍ ဆယ်တန်းဖြေကျောင်းသူ သေဆုံး ကြားဖြတ်အစိုးရဖွဲ့ရန် အမ်ပီယူ တောင်းဆို ရွေးကောက်ပွဲဥပဒေထုတ်ပြီး ရန်ကုန်လုံခြုံရေးတိုးမြှင့် ကင်တားနား၏ မတ်လအစီရင်ခံစာ ဟတ်ကြီးရေကာတာ တည်ဆောက်မှု ရပ်တန့်ရေး ထိုင်း-မြန်မာဒေသခံများ ဆန္ဒပြ ပါတီနိုင်ငံရေးကိစ္စ အဆုံးဖြတ်ပေးရန် လာမည့် (၂၉) ရက်တွင် အန်အယ်လ်ဒီ ဆွေးနွေးမည် အင်္ကျီနီဝတ်များ၏ တောင်းဆိုမှုကို ထိုင်းအစိုးရ ငြင်းပယ် နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၁) (ဆောင်းပါး)
 


quote
တွေ့ဆုံမေးမြန်းခန်း (၂၀၀၈ ခုနှစ်)

ရွှေကျင်သာသနာပိုင်ချုပ် ဆရာတော်ဘုရားကြီး ဦးအဂ္ဂိယ၏ ၂၀၀၉ ခုနှစ် နှစ်ဆန်း သြ၀ါဒကထာ
ဦးစိန်ကျော်လှိုင် / ၃၁ ဒီဇင်ဘာ ၂၀၀၈

သက်တော် ၉၀ ကျော်ရှိပြီဖြစ်သည့် မန္တလေးမြို့ ၀ိသုဒ္ဓါရုံကျောင်းတိုက် ဆရာတော်ဘုရားကြီး ဦးအဂ္ဂိယသည် မြန်မာနိုင်ငံ ရွှေကျင်ဂိုဏ်း၏ သာသနာပိုင်ချုပ် ဆရာတော်ကြီးလည်း ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် အလေးထားရသည့် ဆရာတော်ကြီးလည်း ဖြစ်သည်။ နိုင်ငံရေးအကျပ်အတည်း၊ စီးပွားရေးအကျပ်အတည်း များဖြင့် ရင်ဆိုင်နေရသည့် မြန်မာပြည်သူများအတွက် ၂၀၀၉ ခုနှစ် နှစ်ဆန်း သြ၀ါဒကထာ ပေးပါရန် ခေတ်ပြိုင် အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင်က လျှောက်ထားခဲ့ရာ ဆရာတော်ဘုရားကြီး ဦးအဂ္ဂိယက ယခုကဲ့သို့ စတင် မိန့်ကြားတော်မူသည်.....

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေနှင့် ခေတ်ပြိုင်သတင်းထောက် ကိုဝိုင်း ဆက်သွယ်မေးမြန်းချက် (၁၀ ဒီဇင်ဘာ ၂၀၀၈)
ဦးခင်မောင်ဆွေသည် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် စီအာပီပီ အဖွဲ့ဝင်လည်း ဖြစ်သည်။၁၉၆၆ ခုတွင် ရန်ကုန်တက္ကသိုလ်မှ ဘူမိဗေဒဘွဲ့ရရှိခဲ့ပြီး ၁၉၆၆-၈၈ အထိ ဘူမိဗေဒအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။၁၉၈၈ ခု ဒီမိုကရေစီအရေးတော်ပုံကာလတွင် မြန်မာ့ရေနံကော်ပိုရေးရှင်းအလုပ်သမားသမဂ္ဂ၌ အတွင်းရေးမှူး တာဝန်ယူခဲ့ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ).....

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ၏ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်နှင့်
ခေတ်ပြိုင် တွေ့ဆုံမေးမြန်းခန်း (၁၁ နိုဝင်ဘာ ၂၀၀၈)

မေး။ ။ အမျိုးသမီး အထွေထွေအတွင်းရေးမှူးတဦး ဖြစ်လာတဲ့အချိန်ဟာ နိုင်ငံရေးအရ အတော့ကို နအဖ ဘက်က တင်းကျပ်နေတဲ့အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ နိုင်ငံရေးကို နိုင်ငံရေးအရ ဖြေရှင်းမယ်လို့ ကေအန်ယူက ပြောတဲ့အတွက် ဆရာမအနေနဲ့ ကရင်တမျိုးသားလုံးကို ကိုယ်စားပြုပြီးတော့ ဘယ်လိုကြိုးစားဆောင်ရွက်ဖို့ ရှိပါသလဲခင်ဗျ။

ဖြေ။ ။ အမျိုးသမီး အထွေထွေအတွင်းရေးမှူးတဦးအနေနဲ့ ပြောလိုတာက ကရင်တမျိုးသား လုံးရဲ့ စစ်မှန် တဲ့ ငြိမ်းချမ်းရေးရဖို့အတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင့်မယ့် ...

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (အမ်ပီယူ) ဒု ဥက္ကဌ ဒေါ်စန်းစန်းနှင့် ခေတ်ပြိုင်သတင်းထောက်ကိုဝိုင်း မေးမြန်းခန်း (၅ နိုဝင်ဘာ ၂၀၀၈)
(မေး) ဒေါ်စန်းစန်းတို့ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များအဖွဲ့ (အမ်ပီယူ) ကဦးဆောင်ပြီး နအဖစစ်အစိုးရရဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ် တရားမ၀င်ဘူးဆိုတဲ့ Credentials Challenge ကို ပြီးခဲ့တဲ့ စက်တင်ဘာလက ကုလသမဂ္ဂကို တင်သွင်းခဲ့ ပေးမယ့် မအောင်မြင်တဲ့အတွက် မကြာမီ နောက်တကြိမ် ထပ်လုပ်ဖို့ အစီအစဉ်ရှိနေတယ်လို့ သိရပါတယ်။ အဲဒီကိစ္စ ဘယ်တော့ လုပ်ဖြစ်မယ်။ ဘယ်လိုအခြေအနေပေါ်မူတည်ပြီး ထပ်လုပ်မယ်ဆိုတာ ပြောပြပေးစေချင်ပါတယ်ခင်ဗျ။

အမေရိကန်သမ္မတကတော် လော်ရာဘုရှ်နှင့် စီအန်အန်သတင်းထောက် မစ္စဇိန်းဗားဂျီး တွေ့ဆုံမေးမြန်းခန်းမှ မြန်မာနိုင်ငံဆိုင်ရာကောက်နုတ်ချက်
(၁၉ အောက်တိုဘာ ၂၀၀၈)
မေး။ ။ မြန်မာနိုင်ငံကိစ္စကို စပြီ်းပြောကြပါစို့။ မြန်မာနိုင်ငံအပေါ်ကို နိုင်ငံတကာကနေ ဘယ်လိုဖိအားမျိုးတွေ ချမှတ်ကျင့်သုံး တာကို တွေ့မြင်လိုပါသလဲ။မစ္စဘုရှ်။ ။ ကျမအနေနဲ့ နိုင်ငံအားလုံးက ဖိအားပေးတာကို မြင်တွေ့လိုပါတယ်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေက ဗိုလ်ချုပ်သန်းရွှေနဲ့ တခြားဗိုလ်ချုပ်တွေအပေါ်မှာ ဖိအားပေးမှုမျိုးကို တကယ်အားထုတ်ကြိုးစားတာကို မြင်လိုပါတယ်။

စက်မှု (၁) ၀န်ကြီးဌာနနှင့် ဖြစ်ခဲ့သည့်အမှုကိစ္စနှင့် ပတ်သက်၍ ရောင်ခြည်ဦးကုမ္ပဏီပိုင်ရှင် ဒေါ်ဝင်းဝင်းနုနှင့် ခေတ်ပြိုင် အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင် မေးမြန်းချက်
(၉ အောက်တိုဘာ ၂၀၀၈)
ဒေါ်ဝင်းဝင်းနုပိုင် စင်ကာပူအခြေစိုက် ရောင်ခြည်ဦးကုမ္ပဏီနှင့် စက်မှု (၁) ၀န်ကြီးဌာနတို့ ၁၉၉၂ ခုမှစပြီး မန္တလေး ဘီယာလုပ်ငန်းကို ဖက်စပ်လုပ်ကိုင်လာရာ ၁၉၉၈ ခု နိုဝင်ဘာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမိန့်အရဆိုပြီး မြန်မာ့ ရောင်ခြည်ဦး ဘီယာဖက်စပ်လုပ်ငန်းကို စစ်အစိုးရက လက်နက်ကိုင်စစ်သားများဖြင့် အဓမ္မ ပြည်သူပိုင်သိမ်းခဲ့သည်။ အစိုးရနှင့် ဖက်စပ်လုပ်ကိုင်နေသည့် ကုမ္ပဏီတခုအား ပြည်သူပိုင်သိမ်းခြင်းသည် မြန်မာစစ်အစိုးရလက်ထက် ပထမဆုံး အကြိမ်ဖြစ်ပြီး အဆိုပါသတင်းအား နိုင်ငံတကာသတင်းဌာနများက ရေးသားခဲ့ကြသည်။

အင်းစိန်ထောင်တွင် (၁၉)နှစ်ကျော် အကျဉ်းကျခံခဲ့ရပြီး ၂၃-၉-၂၀၀၈ က လွတ်မြောက်လာသည့် သတင်း စာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်နှင့် ခေတ်ပြိုင်သတင်းထောက် ပီတာအောင် ဆက်သွယ်မေးမြန်းချက်
(၂၄ စက်တင်ဘာ ၂၀၀၈)
သတင်း စာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်သည် ၁၉၅၃ ခုနှစ် (၂၃) နှစ်အရွယ်တွင် အင်္ဂလိပ်စာပေ၊ ခေတ်သစ်ရာဇ၀င်နှင့် နိုင်ငံရေးသိပ္ပံ ဘာသာတွဲဖြင့် ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ရခဲ့သည်။ အသက် (၁၃) နှစ်အရွယ် ၁၉၄၃ ခုနှစ်တွင် “အကျိုးဆောင်” ဂျာနယ်တွင် ၀င်ရောက်လုပ်ကိုင်ခဲ့ဖူးသည်။ စာပေဗိမာန်၌လည်း လက်ထောက် အယ်ဒီတာအဖြစ် ၁၉၅၀ မှ ၁၉၅၄ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သေးသည်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇) ဌာနချုပ်မှ တပ်မှူးများနှင့် ခေတ်ပြိုင် အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင် ဆွေးနွေးခန်း
(၁၉ စက်တင်ဘာ ၂၀၀၈)
ထိုင်း-မြန်မာနယ်စပ် မြန်မာနိုင်ငံဘက်ခြမ်းရှိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇) ဌာနချုပ်မှ တပ်မှူးအချို့နှင့် ခေတ်ပြိုင်အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင်တို့ မကြာခင်က တပ်မဟာ (၇) ဌာနချုပ်မှာ ဒူးတိုက်ဆွေးနွေးခွင့်ရခဲ့သည်။ အဆိုပါ ဆွေးနွေးဝိုင်းတွင် ဘားအံခရိုင် ကေအန်ယူအတွင်းရေးမှူး ပဒိုအောင်မော်အေး၊ တပ်မဟာ (၇) တပ်မှူး ဗိုလ်ကြီးစောလင်းနှင့် တပ်မဟာ (၇) ရုံးထိုင်မှူး ဗိုလ်ကြီး အဲဆေးဆေးတို့ ပါဝင်ဆွေးနွေး ခဲ့သည်။

နိုင်ငံရေးလောကမှ အနားယူပြီဆိုသည့် ရန်ကုန်မြို့မှ ၀ါရင့်နိုင်ငံရေးသမားကြီး အမျိုးသားရေးဦးဝင်းနိုင်နှင့် ခေတ်ပြိုင်သတင်းထောက် မင်းနိုင်သူ တွေ့ဆုံမေးမြန်းခန်း
(၁၅ စက်တင်ဘာ ၂၀၀၈)
အသက် (၇၁) ရှိပြီဖြစ်သည့် အမျိုးသားရေး ဦးဝင်းနိုင်သည် နိုင်ငံရေးမှ အနားမယူခင်ထိ ဒီမိုကရေ စီရေးအတွက် တတ်စွမ်းသမျှ ဆောင်ရွက်ခဲ့သည့် ၀ါရင့်နိုင်ငံရေးသမားကြီးများအနက် တဦးအပါ အ၀င်ဖြစ်သည်။ ပါတီတခုခုကို ကိုယ်စားမပြုဘဲ တသီးပုဂ္ဂလိက နိုင်ငံရေးသမားအသွင်ဖြင့် နိုင်ငံရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည်။ ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် Bangkok Post သတင်းစာတွင် အင်္ဂလိပ်ဘာသာဖြင့် ဆောင်းပါးများရေးခဲ့သည်။

ထိုင်းနိုင်ငံရေး အရှုပ်အထွေး အမေးအဖြေ (၁၁ စက်တင်ဘာ ၂၀၀၈)
မေး။ ။ ထိုင်းဝန်ကြီးချုပ် စမတ် ရာထူးက နုတ်ထွက်ရတော့မလား။
ဖြေ။ ။ ထိုင်းဝန်ကြီးချုပ် စမတ်ဟာ ပြင်ပ ရုပ်မြင်သံကြားချက်ပြုတ်ခန်းမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာကျတယ်လို့ ထိုင်းနိုင်ငံ စည်းမျဉ်းခံ တရားရုံးကနေ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒါကြောင့် ၀န်ကြီးချုပ် စမတ်နဲ့ သူ့ရဲ့ ၀န်ကြီးအဖွဲ့ တဖွဲ့လုံး ရက်ပေါင်း (၃၀) အတွင်း နုတ်ထွက်ရမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုရှေ့နေ ဦးကြည်ဝင်းနှင့် ခေတ်ပြိုင်ဆက်သွယ်မေးမြန်းချက် (၁၉ သြဂုတ်လ ၂၀၀၈)
မြန်မာစစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးကြည်ဝင်းအား သြဂုတ်လ (၈) ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးခဲ့သည်။ ၂၀၀၃ ခု ဒီပဲယင်း အရေးအခင်းနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် မိသားစုရှေ့နေ ဦးကြည်ဝင်းတို့ ပထမဆုံးအကြိမ် တွေ့ခွင့်ရခြင်းဖြစ်သည်။ သြဂုတ်လ (၁၇) ရက်တွင် အာဏာပိုင်များ က ရှေ့နေ ဦးကြည်ဝင်းကို ဒုတိယအကြိမ် ဒေါ်အောင်ဆန်းကြည်နှင့် တွေ့ခွင့်ပေးခဲ့ သည်။

ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ
ရဲဘော် ဖိုးသံချောင်းနှင့်တွေ့ဆုံမေးမြန်းချက်
(၁၉-၂-၀၈)
အများသိကြတဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း ပြည်သူလူထုကြီးဟာ မဲစနစ်နဲ့ အင်အား ပြခဲ့တယ်။ စစ်အာဏာရှင်စနစ်ကို ဒုက္ခရောက်အောင် လုပ်ခဲ့တာပဲ။ အခုလည်း အဲဒါမျိုးလုပ်ဖို့ ပြည်သူလူထုရဲ့ ခေါင်းပေါ်မှာ ဒီတာဝန်ကြီး ကျလာပြီလို့ ကျနော်တို့ထင်တယ်။ ဒီနေရာမှာ
ကျနော်တို့ တိုက်တွန်းချင်တာတခုက ဒီလိုတိုင်းပြည်ရဲ့ အကွေ့အချိုးကြီးမှာ ပြည်သူလူထုကြီး ချီတက် တိုက်ပွဲဝင်တော့မယ့်အခါမှာ ပြည်သူလူထုကြီးရဲ့ ရှေ့ကနေပြီးတော့ ပြည်သူလူထုကြီးနဲ့ လူထုရဲ့ ရှေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရဲရဲရင့်ရင့် ခေါင်းဆောင်ပြီးတော့ အတူ ချီတက်ပါ။ လမ်းညွှန်မှုပေးပါ။ ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုဟာ သူတို့ကို ရွေးထားပြီး ဖြစ်တယ်။

ပြည်ထောင်စုအရေးနှင့် တွေ့ဆုံဆွေးနွေးရေးတို့အပေါ်
ပြည်ထောင်စုသားများ၏ သဘောထားအမြင်များ
(၁၁-၂-၀၈)
ပြည်ထောင်စုသားတိုင်းသည် လွတ်လပ်စွာကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ခွင့်ရရမှာပေါ့ကွာ။ ဘာသာရေးတင်မကဘူး နိုင်ငံရေးပါ ယုံကြည်ခွင့်ရှိရမယ်။ တိုင်းရင်းသားတွေအနေနဲ့ ဘယ်သူမဆို ဘယ်လူမျိုးစုမဆို လွတ်လပ်စွာယုံကြည်နိုင်ရမယ်၊ လွတ်လပ်စွာ ကိုးကွယ်နိုင်ရမယ်။ လူတိုင်း အခွင့်အရေး အရေးအတူရှိရမှာပေါ့။ ဗမာမို့ ဒါမှမဟုတ် လူမျိုးမတူလို့ အဲသလိုမရှိရဘူးလေ။ အားလုံး အတူတူ လွတ်လပ်စွာ ယုံကြည်ခွင့် လွတ်လပ်စွာကိုးကွယ်ခွင့် အဲ့ဒါရရမယ်။

ဘန်ကောက်တွင်လာရောက်ဖျော်ဖြေသွားသည့် သီးလေးသီးအငြိမ့် အဖွဲ့သားများနှင့် ခေတ်ပြိုင်တွေ့ဆုံမေးမြန်းချက (၁၄-၁-၀၈)
ကျနော်တို့က ပြည်တွင်းမှာ ဖျော်ဖြေရင်လည်း လွတ်လွတ်လပ်လပ်ပဲဖျော်ဖြေတာပဲ။ ကျနော်တို့ လွတ်လွတ်လပ်လပ်ဖျော်ဖြေတယ် ကျန်တဲ့ဟာတွေသိပ်ပြီးတော့မစဉ်းစားဘူး။ ကျနော်တို့ အဓိကကတော့ ပြည်သူတွေရဲ့ ရင်ထဲမှာရှိတဲ့ ခံစားချက်လေးတွေ တင်ပြချက်လေး
တွေကို ပြည်သူ့ကိုယ်စား ဟာသလေးတွေနှောပြီး တင်ပြတယ်။ အဲဒီအတွက် ဟိုမှာလည်း လွတ်လပ်တယ်လို့ ကျနော်တို့ထင်တယ် ဒီမှာလည်းလွတ်လပ်တယ် အတူတူပါပဲဗျာ။
ကလေးစစ်သားဟောင်းများ၏ ဘ၀အခြေအနေနှင့်ပတ်သက်၍ လူ့အခွင့်အရေးပညာပေးဌာန-မြန်မာနိုင်ငံ (HREIB) ဒါရိုက်တာ ဦးအောင်မျိုးမင်းနှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက်
aungmyomin_home အခုလောလောဆယ် တချို့ကလေးတွေကို လုံခြုံတဲ့နေရာမှာ တခြားကလေးတွေနဲ့ အတူတူထားကြည့်တယ်။ အဲဒီကလေးတွေမှာ ဘာဖြစ်လာလဲဆိုတော့ ခုနတုန်းက အတိတ်ကအကြမ်းဖက်မှုတွေကြောင့်  သူတို့မှာ အခြားကလေးနဲ့လည်း ရောရောဝင်ဝင်နေလို့မရဘူး။
သူတို့ကိုယ်သူတို့ သိမ်ငယ်နေတယ်။ တချို့ကျရင်တော့ အရမ်းကြီးကို အကြမ်းဖက်လိုတဲ့စိတ်နဲ့ပဲ ...
ဦးကျော်ကို (အေဘီအက်စ်ဒီအက်ဖ် အထွေထွေအတွင်းရေးမှူး) နှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက်
kokyawko_home အရင်တုန်းကတော့ ပုဂ္ဂိုလ်ရေးဘက်ကို တိမ်းညွတ်မှုရှိတဲ့ ဂိုဏ်းဂဏဆန်တဲ့ စည်းလုံးညီညွတ်မှုမျိုးတွေ များခဲ့တာပေါ့။ ဒါပေမယ့် အခုတော့ ဒီမိုကရေစီ အပြောင်းအလဲနဲ့ လိုက်လျောညီထွေရှိမယ့် အဖွဲ့အစည်းပုံသဏ္ဌာန် ဆန်တဲ့ကိစ္စတွေ လုပ်လာရင်းနဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေ၊ ဂိုဏ်းဂဏကိစ္စတွေ နောက်ရောက်လာတယ်။ ဒါပေမယ့် တကယ်ပြီးပြည့်စုံတဲ့ အဖွဲ့အစည်း ပုံသဏ္ဌာန်တော့ မဆန်သေးပါဘူး...

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo