ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - -မော်လမြိုင်ဈေးသစ် မပြီးသေး၍ ဈေးသည်များ ရောင်းချမှုကျဆင်း လွှတ်တော်အမတ် ခန့်အပ်ပေးရန် ကချင်ပြည် ဒီမိုကရေစီသစ်တပ်မတော် တောင်းဆို အင်းစိန်ထောင်ပတ်ဝန်းကျင် လုံခြုံရေးထူထပ်စွာချထား စစ်အုပ်စု တူးနေသည့် မိုက်တွင်းများ (သတင်းသုံးသပ်ချက်) ဒေါ်အောင်ဆန်းစုကြည်အမှု ထပ်မံရုံးချိန်း
 


quote

ခေတ်ပြိုင်အကြောင်း

ခေတ်ပြိုင်သတင်းဂျာနယ်ကို ဇန်န၀ါရီလ (၁) ရက် ၁၉၉၃ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့ပါသည်။
“စစ်ကိုနိုင် ခေတ်ကိုပြိုင်မယ့် ခေတ်ပြိုင်” ဟု မှတ်တမ်းတင်ထားခဲ့သူ ရဟန်းပျိုသမဂ္ဂဥက္ကဋ္ဌကြီး
အရှင်ခေမာစာရ၏စကားအတိုင်း ၁၉၉၂ ခုနှစ် နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ဦးတင်မောင်ဝင်း (ကွယ်လွန်) က စာပေအနုပညာရှင်များလည်းဖြစ်၊ စာနယ်ဇင်းအတွေ့အကြုံများသူတွေ
လည်းဖြစ်သော ရှုဒေါင့်ဂျာနယ် အယ်ဒီတာဟောင်း ဦးဝင်းခက်၊ စာရေးဆရာ မြ၀တီရဲခေါင်၊ သတင်းစာပုံစံနဲ့ စာလုံးဒီဇိုင်းဘက်မှာ ကျွမ်းကျင်သူ မစ္စတာဘားမား (၀င်းထွန်း)၊ စာရေးဆရာ မောင်စင်ကြယ် (ဦးမန်းညွန့်မောင်) စသည့် ကလောင်စွမ်းအားကို ယုံကြည်သူ ပုဂ္ဂိုလ်တစု၏ အကူအညီကို တောင်းခံခဲ့ရာမှ မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရရှိရေးနှင့် ငြိမ်းချမ်းရေးအတွက် ထိန်းသိမ်းရပ်တည်ပေးမည့် “ခေတ်ပြိုင်” သန္ဓေတည်ခဲ့ရပါသည်။

သတင်းစာထွက်လာချိန်တွင် ဦးဝင်းခက်က အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းတွင် သတင်းစာဆရာကြီးဦးသောင်း (ကြေးမုံ) က အယ်ဒီတာချုပ်အဖြစ် ကွယ်လွန်ချိန်အထိ ဆက်လက်
တာဝန်ယူ လုပ်ဆောင်ခဲ့ပါသည်။

“သတင်းဂျာနယ်အမည်ဆိုသည်မှာ စာလုံးလည်းနည်းရမယ်၊ ကျစ်လည်းကျစ်ရမယ်၊ မှတ်မိလည်း လွယ်ရမယ်၊ ခေတ်ပြိုင်ဆိုတော့ သူတို့အုပ်စုနဲ့အပြိုင်ပေါ့” ဟု အမည်နဲ့ပတ်သက်လို့ အကြံပြုသူ တဦးဖြစ်သည့် ဦးဝင်းခက်က တင်ပြသည်ကို အများကလက်ခံကြသည့်အတွက် ခေတ်ပြိုင်၏ ရည်မှန်းချက်နှင့် မူဝါဒကို ခေတ်ပြိုင် ဦးစီးတည်ထောင်သူ ဦးတင်မောင်ဝင်းက အောက်ပါအတိုင်း ချမှတ်ခဲ့ပါသည်။

ခေတ်ပြိုင်၏ အခြေခံမူ (၄) ရပ်မှာ -

(၁) ခေတ်ပြိုင်ဂျာနယ်သည် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထုတ်ကြိုးပမ်းနေသော သတင်းဂျာနယ်ဖြစ်သည်။

(၂) စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်နေသော ဒီမိုကရေစီ တော်လှန်ရေး
သတင်းဂျာနယ်တစောင်ဖြစ်သည်။

(၃) ပြည်သူ့ဘက်မှ ခိုင်မာစွာရပ်တည်၍ အမှန်တရားကို ဖော်ထုတ်ရေးသားမြှင့်တင်အားပေးနေသော သတင်းဂျာနယ်ဖြစ်သည်။

(၄) မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ တပ်ပေါင်းစုအလံကို ကိုင်စွဲပြီး တိုင်းရင်းသားလူမျိုးစု
ပေါင်းစုံ၏ ဆန္ဒနှင့် ခံစားချက်များကိုဖော်ပြသော သတင်းဂျာနယ်ဖြစ်သည်။

သို့သော် ခေတ်ပြိုင်သည် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း၏ သြဇာခံမှမဟုတ်ဘဲ လွတ်လပ်စွာရေးသားထုတ်ဝေသော သတင်းစာကျင့်ဝတ် သိက္ခာခံယူချက်ကို ထာဝစဉ်
ဆုပ်ကိုင်သွားမည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသား လူမျိုးစုများနှင့် နအဖတို့ ဆွေးနွေးအဖြေရှာမှသာ နိုင်ငံသူ နိုင်ငံသားအပေါင်းတို့ စည်ပင်အေးငြိမ်းသော ဒီမိုကရေစီလူ့ဘောင်တွင် စိုးရိမ်ကြောင့်ကြမှုကင်းရှင်းစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်မည်ဟု ယတိပြတ် ယုံကြည်သော ခေတ်ပြိုင်က ဒီမိုကရေစီမဏ္ဍိုင်ပီသစွာ အမှန်တရားများကို စွမ်းအားရှိသရွေ့ ဆက်လက်တင်ပြသွားပါမည်။

ခေတ်ပြိုင်ဂျာနယ်သို့ တုံ့ပြန်ပေးပို့လာသော စာဖတ်ပရိသတ်များ၏ ပေးစာများကြောင့် ခေတ်ပြိုင်
အနေဖြင့် အားရကျေနပ်ရပါသည်။

ပြောင်းလဲနေသည့် ခေတ်အခါ ပတ်ဝန်းကျင်နှင့်အညီ ခေတ်ပြိုင်သည် ပုံနှိပ်ထုတ်ဝေသော သတင်း ဂျာနယ်အဖြစ်သာမက အင်တာနက်မီဒီယာ သတင်းစာတစောင်အဖြစ်နှင့်ပါ မြန်မာပြည်သူလူထုနှင့် စာဖတ်ပရိသတ်အတွက် သတင်းနှင့်ဆက်သွယ်ရေးနည်းပညာ (Information and Communication Technology-ICT) နယ်ပယ်တွင် ၀င်ရောက်၍ တာဝန်ထမ်းဆောင်သည့်အခါတွင်လည်း ဒီမိုကရေစီ၏ စတုတ္ထမဏ္ဍိုင်အဖြစ် ဆက်လက်ပြီး မားမားမတ်မတ် ရပ်တည်ဆောင်ရွက်သွားမည်ကို ကတိပြုရင်း ခေတ်ပြိုင်အင်တာနက်စာမျက်နှာ (http://www.khitpyaingnews.org) သို့ တက်ရောက် ဖတ်ရှုကြမည့် ပရိသတ်များကို ခေတ်ပြိုင်မှ ကြိုဆိုအပ်ပါသည်။

ခေတ်ပြိုင်သို့ စာမူများ ရေးသားပေးပို့ကြသည့် ပင်တိုင်ဆောင်းပါးရှင်ကြီးများနှင့်တကွ ခေတ်ပြိုင်အား
ဝိုင်းဝန်းကူညီအားပေးကြသည့် စာပေပညာရှင်များအား အထူးကျေးဇူးတင်ရှိပါသည်။

ခင်မျိုးအေး
(ထုတ်ဝေသူ)


job
job
job
job
job
job
News Photo
sayartinmoe
KPP_ads